Skip to main content

Posts

Showing posts from June, 2021

Professional တွေကိုစျေးမဆစ်ပါနဲ့...

ကောင်းမွန်တဲ့ service လိုချင်ရင် အရည်အသွေးမှီတဲ့ product ကိုလိုချင်ရင် တန်ရာတန်ကြေးပေးပါ။ #Professional တွေကိုအချောင်မနှိုက်ပါနှင့်... လိုချင်တာကကျွမ်းကျင်မှု ရချင်တာက အကောင်းစား standard  ပေးတာက သူခိုးစျေးဆိုရင် မျှတပါ့မလား? Professional တွေကိုအညွန့်မချိုးပါနှင့် သင်မတန်ဘူးလို့ယူဆရင် မပက်သက်ပါနှင့် မဝယ်ပါနှင့် မခေါ်ပါနှင့် တတ်နိုင်သောသူ  လုပ်အားကိုယုံကြည်သောသူကဝယ်ပါလိမ့်မည် တန်ဖိုးတစ်ခုကို သတ်မှတ်သူမှာ ထိုတန်ဖိုးကိုအမှန်တကယ်နားလည်သူသာဖြစ်သည် Professional တွေကို လူကြားထဲ လူပုံအလယ် အရှက်ခွဲတာ ပြောဆိုကျိန်းမောင်းတာမျိုးတွေ မလုပ်ပါနဲ့  သူတို့ဟာ သက်ဆိုင်ရာနယ်ပယ်မှာ တတ်ကျွမ်းကြသူတွေမို့ ပညာရှိအမျက်အပြင်မထွက်ပေမယ့် ခံစားရခက်တယ်ဆိုတာတော့ သိထားသင့်တယ်  သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့ပညာရှင်တွေ ကိုယ့်လုပ်အားကိုယ်ပြန်မရကြတဲ့အခါ... ကိုယ့်ပညာကို စျေးနှိမ်ခံရပါများတဲ့အခါ... လုပ်အားတန်ဖိုးကို နားမလည်သူတွေများလာတဲ့အခါ... Professional သမားတွေရဲ့မာနတွေ  ကြိမ်ဖန်များစွာထိပါးခံလာရတဲ့အခါ.... ဘာတွေဖြစ်လာကြသလဲ? ဟုတ်ကဲ့ ●ပေါချောင်ကောင်းတွေများလာပါတယ် ●တနှပ်စားသမားတွေများလာတယ် ●အကြံအဖန်သမားတ...