Skip to main content

ဘဝတစ်ခု အောင်မြင်ကောင်းမွန်ဖို့အတွက်

 ဘဝတစ်ခု အောင်မြင်ကောင်းမွန်ဖို့အတွက် အများစုဟာ

အသင်ကြမ်းတဲ့ ဆရာ ၄ ဦးနဲ့ တွေ့ခဲ့ရပါတယ်တဲ့။


1️⃣

ဆရာ 1️⃣ Failure (ကျရှုံးမှု)


အောင်မြင်နေတဲ့သူ 90% ဟာ ကျရှုံးဖူးပါတယ်။

ကျရှုံးမှုဆိုတာ size အမျိုးမျိုးရှိတယ်။ 

ဘဝနဲ့ချီ ကြီးမားတဲ့ ကျရှုံးမှုမျိုးရှိသလို

မဖြစ်စလောက် သေးငယ်တဲ့ ကျရှုံးမှုလည်း ရှိပါတယ်။


ဘယ်လိုကျရှုံးမှုမျိုးနဲ့ ကြုံလိုက်ပြီး လဲကျသွားပါစေ၊

ပြန်ပြီး မတ်တပ်ထနိုင်ဖို့ လိုအပ်ပါတယ်။

ကျရှုံးမှုတစ်ခုစီကနေ သင်ခန်းစာယူပြီး

ကျရှုံးမှုအပိုင်းအစတွေကို

အောင်မြင်မှုတည်ဆောက်တဲ့နေရာမှာ

အသုံးပြုနိုင်ရပါမယ်။


Failure ဟာ ဆရာ ဖြစ်ပါတယ်။ 


2️⃣

ဆရာ 2️⃣ Betrayal (သစ္စာဖောက်ခံရမှု)


လူတွေဆီကနေ သစ္စာဖောက်ခံရသူတစ်ဦးဟာ

လူတွေအကြောင်း ပိုနားလည်နိုင်ပါတယ်။

လူတွေနဲ့ ပတ်သက်လာရင် ပိုသတိရှိလာမယ်။

အဲ.. သတိမလွန်ကဲဖို့တော့ လိုတာပေါ့။


လူတစ်ယောက်သစ္စာဖောက်လိုက်လို့  

လူတိုင်းကို သစ္စာဖောက်မယ်လို့တော့ မမြင်ပါနဲ့။

ထားသင့်တဲ့ သတိ ရှိရမှာဖြစ်သလို

ထားသင့်တဲ့ ယုံကြည်မှုလည်း ရှိရပါမယ်။ 

ဒီလို သတိရှိခြင်းနဲ့ ယုံကြည်နိုင်ခြင်း မျှတလာတာဟာ

အောင်မြင်ခြင်းရဲ့ အထောက်အပံ့ပါပဲ။


Betrayal ဟာ ဆရာ ဖြစ်ပါတယ်။ 


3️⃣

ဆရာ 3️⃣ Heartbreak (အသည်းကွဲမှု)


သူက Betrayal နဲ့ တစ်သင်းထဲ ရှိတတ်ပါတယ်။

Betrayal နောက် Heartbreak ပါလာတတ်သလို

တခြားကိစ္စနဲ့လည်း Heartbreak ဖြစ်တတ်ပါတယ်။

အသည်းကွဲတာပေါ့။

Heartbreak ဟာ သူငယ်ချင်းကလည်း ပေးနိုင်တယ်။

မိသားစုကလည်း ပေးနိုင်တယ်။

ခွေးလေး၊ ကြောင်လေးကလည်း ပေးနိုင်တယ်။

ချစ်သူကလည်း ပေးနိုင်တယ်။


အသည်းကွဲရတာဟာ ဖော်ပြမရတဲ့ နာကျင်မှုမျိုးပါ။

ဒီနာကျင်မှုကို ခံနိုင်ရည်အားရှိထားပြီဆိုရင်

ဘဝရဲ့ ခွဲခွါရခြင်းတွေအပေါ် 

အများကြီး ခံစားရတော့မှာ မဟုတ်ပါဘူး။


Heartbreak ဟာ ဆရာ ဖြစ်ပါတယ်။ 


4️⃣

ဆရာ 4️⃣ Rejection (ငြင်းပယ်ခံရမှု)


အလုပ်ကနေ ငြင်းပယ်ခံရတယ်။

ချစ်သူဆီကနေ ငြင်းပယ်ခံရတယ်။

အသင်းအဖွဲ့ကနေ ငြင်းပယ်ခံရတယ်။

လူတွေဟာ ငြင်းပယ်ခံရမှုတွေနဲ့ ကြုံနေမှာပါပဲ။

ငြင်းပယ်လိုက်တာကို feel သက်သက်နဲ့

ငုတ်တုတ်ထိုင် ဝမ်းနည်းနေလို့မရပါဘူး။


ပြန်ကြိုးစားသင့်တာ ပြန်ကြိုးစားရမယ်။

၁၀ ခါငြင်းခံရရင် ၁၁ ခါ ကြိုးစားရမယ်။

ကြိုးစားရင်း အားကုန်ပြီး အရာမထင်တဲ့အခါ

လက်လွှတ်သင့်တာကို လက်လွှတ်တတ်ရပါမယ်။

ပြီးရင် နောက်တစ်နေရာကနေ ကြိုးစားရပါမယ်။

ဒါမှသာ အောင်မြင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။


Rejection ဟာလည်း ဆရာ ဖြစ်ပါတယ်။


1️⃣2️⃣3️⃣4️⃣

ဒီလို အသင်ကြမ်းတဲ့ ဆရာ ၄ ဦးနဲ့ ထိတွေ့ရပြီး

သူတို့စစ်ဆေးသမျှ

သူတို့မေးမြန်းသမျှ

ကိုယ်ဟာ အောင်နိုင်တယ်၊

ကျော်ဖြတ်နိုင်တယ်ဆိုရင်

ကိုယ့်ဘဝဟာ အောင်မြင်မှုတွေ ပြည့်လာပါလိမ့်မယ်။


ကြိုးစားရုန်းကန်တဲ့ နေ့ရက်တွေတိုင်းမှာ

ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့၊

ကိုယ့်ရင်ထဲကအသံကို နားထောင်နိုင်ဖို့၊

ကိုယ့်မှာရှိတဲ့ ခွန်အားကို နားလည်ဖို့၊

ကိုယ့်ဖြစ်တည်မှုကို လက်ခံဖို့နဲ့

ကိုယ့်လက်ရှိပိုင်ဆိုင်မှုကို ကျေနပ်ဖို့လည်း

မမေ့ပါနဲ့နော်။


အောင်မြင်ကောင်းမွန်သလို

ပျော်ရွှင်အေးချမ်းရတဲ့ ဘဝများ

ပိုင်ဆိုင်နိုင်ကြပါစေ။ 


Comments

Popular posts from this blog

Window Key

 💠 Windows 10 Pro : BV8N7-V3VC2-8XPYW-JXFVB-7MH26 BV8VH-C2NC8-22VKB-RPQB2-76DGT BV9QH-NPM67-KTV6B-7MPP7-B7V26 BVB9G-HVNPC-JR3MR-2MQBC-9QBP6 BVBFC-DDNT8-984W2-HRQRD-BG9TT BVCNV-Q4PW4-6KP67-6DD3V-3J3GT ♻️ Windows 7 Family Premium 32/64 bits : BMVCC-X6JRF-CJCTW-GXMQ7-BXC6R BMVF6-BD832-VWPH2-QP24T-6PVD9 BMWY3-799P4-8VTYR-BCWV4-J6CR7 BMXQM-BC2FP-HM7TV-8Q8KH-4QX4Y BP234-QHM6C-847XR-JY4HX-HQWHB BP837-Y3YXX-RQBYJ-JW8GB-JRTJB 📡 Windows Server 2012 R2 RDS - 1 Device CAL : N6PFK-3J2H6-DY2QJ-D2P89-DYFKK NBTXP-FK8D7-2Q7DQ-VRHFD-YBFKK NXRY9-6MBBP-2F3PK-M67TQ-4F929 PNF3W-39GG2-MB76F-FG283-H2W6X 🖥 Office 2019 Pro : PW3CY-JN3K6-7FCKD-DV4PM-PR6TG Q38N8-9DXFD-9KWVR-4CJHB-HVB86 Q4CRY-F2NMR-HQ8XY-YF7B8-33YCY Q6PMN-9GK6X-WPG4M-7C7VQ-DV8J6 Q7NHJ-JMDPY-VCRKJ-RQJ8Q-WQM86 🖥 Office 2016 ProPlus : 3F9RX-NTDB6-XHFXC-DYT7G-6F6TG 3G6BJ-9HNYH-TW4MG-8F6P9-BKM3P 3J2GN-83FJX-8TGTD-RJMMB-BBH7H 3KNWJ-B36PK-TP32P-TGRMH-FJTTG 3MN9H-RH2G4-HD3PQ-VYMH6-3V7HC Access 2013 :  7DDH3-N3JVK-9M94P-23BPP-GQ4M9 7GGJN-B7JQV...

1. What Is an Information System?

သတင်းအချက်အလက်စနစ်သည်  နည်းပညာ၊ လူများနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ် ထားသော  ပေါင်းစပ်မှုဖြစ်ပြီး၊ ဤပေါင်းစပ်မှုသည် အသုံးဝင်သော အချက်အလက်များကို စုဆောင်း၊ ဖန်တီး၊ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်း ဖြစ်သည်။  စိတ်ဝင်စားစရာမှာ သတင်းအချက်အလက်စနစ်တစ်ခုကို သတ်မှတ်ရန် သို့မဟုတ် ဖော်ပြရန် တောင်းဆိုသောအခါတွင် လူအများစုသည် နေရာအနှံ့ရှိ “ကွန်ပျူတာများ” သို့မဟုတ် “ဒေတာဘေ့စ်များ” ဖြင့် စတင်ကြမည်ဖြစ်သည်။  သို့သော်၊ ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာစစ်ဆေးခြင်းသည် သတင်းအချက်အလက်စနစ်တစ်ခုသည် သတင်းအချက်အလက်စနစ်တစ်ခုဖွဲ့စည်းသည့် အစိတ်အပိုင်းများနှင့် အဖွဲ့အစည်းတစ်ခုအတွင်း ယင်းအစိတ်အပိုင်းများပါဝင်သည့် အခန်းကဏ္ဍနှစ်ခုလုံးကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်။


Hotel တွင် IT တစ်ယောက်လုပ်တော့မည်ဆိုလျှင် ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ ယခုမှ Hotel Field ထဲသို့ Hotel IT များအဖြစ် ဝင်ရောက်လုပ်ကိုင်မည့်သူများအတွက်ရည်ရွယ်ပါသည်။ တစ်စုံတစ်ရာ လိုအပ်ပါက စာရေးသူ၏ လိုအပ်ချက်သာဖြစ်ပါသည်။ လိုအပ်သည်များနှင့် ထပ်မံထည့်သွင်းသင့်သည်များကို Comment တွင် အကြံအဉာဏ်များ ပေးခ့ဲပါက နောက်ပိုင်း Hotel IT Field သို့ ဝင်ရောက်မည့်သူများအတွက် အဆင်ပြေနိုင်ပါသည်။ Part - I ➖➖➖ (၁) Hardware Knowledge ➡ Hardware ပိုင်းတွင် Computer Hardware သာမက Printer, Copier တို့နှင့် ပတ်သက်သည်များကို မပြုပြင်နိုင်လျှင်တောင် ပျက်စီးလျှင် မည်သည့်အစိတ်အပိုင်းများ လှဲလှယ်သင့်သည်ကို သိထားရမည်။ (၂) Network Knowledge ➡ Network နှင့်ပတ်သက်သည်များတွင် Hotel ၏အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်သည်။ အချို့သော Hotel များတွင် Data Sharing နှင့် ပုံမှန် Wieless Network Management အထိအသုံးပြုနိုင်လျှင် အဆင်ပြေနိုင်သော်လည်း 3 Star အထက်ရှိသော Hotel များတွင် Routing & Switching သာမက Firewall Rule များအထိ ကျွမ်းကျင်စွာ အသုံးချနိုင်ရန်လိုအပ်ပါသည်။ ➡ Wireless Network နှင့်ပတ်သက်ပြီး Hotspot Ser...