Hotel တွင် IT တစ်ယောက်လုပ်တော့မည်ဆိုလျှင်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ယခုမှ Hotel Field ထဲသို့ Hotel IT များအဖြစ် ဝင်ရောက်လုပ်ကိုင်မည့်သူများအတွက်ရည်ရွယ်ပါသည်။ တစ်စုံတစ်ရာ လိုအပ်ပါက စာရေးသူ၏ လိုအပ်ချက်သာဖြစ်ပါသည်။ လိုအပ်သည်များနှင့် ထပ်မံထည့်သွင်းသင့်သည်များကို Comment တွင် အကြံအဉာဏ်များ ပေးခ့ဲပါက နောက်ပိုင်း Hotel IT Field သို့ ဝင်ရောက်မည့်သူများအတွက် အဆင်ပြေနိုင်ပါသည်။
Part - I
➖➖➖
(၁) Hardware Knowledge
➡ Hardware ပိုင်းတွင် Computer Hardware သာမက Printer, Copier တို့နှင့် ပတ်သက်သည်များကို မပြုပြင်နိုင်လျှင်တောင် ပျက်စီးလျှင် မည်သည့်အစိတ်အပိုင်းများ လှဲလှယ်သင့်သည်ကို သိထားရမည်။
(၂) Network Knowledge
➡ Network နှင့်ပတ်သက်သည်များတွင် Hotel ၏အခြေအနေပေါ်မူတည်ပြီး ကွာခြားနိုင်သည်။ အချို့သော Hotel များတွင် Data Sharing နှင့် ပုံမှန် Wieless Network Management အထိအသုံးပြုနိုင်လျှင် အဆင်ပြေနိုင်သော်လည်း 3 Star အထက်ရှိသော Hotel များတွင် Routing & Switching သာမက Firewall Rule များအထိ ကျွမ်းကျင်စွာ အသုံးချနိုင်ရန်လိုအပ်ပါသည်။
➡ Wireless Network နှင့်ပတ်သက်ပြီး Hotspot Server များအား Voucher Login ဖြင့် အသုံးပြုနိုင်ပုံများကိုသော်လည်းကောင်း Time Session Limit ဖြင့် အသုံးပြုပုံများကိုလည်းကောင်း သိရှိရမည်ဖြစ်ပါသည်။
(၃) Server Windows Knowledge
➡ Server Windows များနှင့် ပတ်သက်ပြီး နားလည်ရမည်ဟုဆိုရာတွင် ပုံမှန် 1 Star, 2 Star Hotel များတွင် Server Windows နှင့်ပတ်သက်ပြီး အသုံးပြုမှု့နည်းသော်လည်း 3 Star နှင့်အထက် Hotel များတွင် Domain User Management, Storage Server, Mail Server, Web Server အစရှိသည်များအား လို့အပ်သလိုအသုံးပြုနေကြသည်။ Server OS များနှင့်ပတ်သက်ပြီး Windows Server များတွင် ယခင်က Server 2003 သာအသုံးပြုကြသော်လည်း ယခုအခါတွင် Windows Server 2008 R2 အထက်အား အသုံးပြုနေပြီဖြစ်သဖြင့် Server OS များအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရန်လိုအပ်ပါသည်။
➡ Windows Server သာမက Linux Server များအကြောင်းလည်း အခြေခံ အသုံးပြုပုံများအား မသိမဖြစ် သိရှိထားရပါမည်။ အများအားဖြင့် Pfsense OS အား Firewall အတွက်သော်လည်းကောင်း Hotspot Server အဖြစ်သော်လည်းကောင်း၊ Media Server အဖြစ်သော်လည်းကောင်း အသုံးပြုကြသည်ကိုတွေ့ရှိရပါသည်။ အခြားအသုံးပြုကြသော Linux OS များလည်း အများကြီးရှိပါသေးသည်။
(၄) Database Knowledge
➡ ယခု ၂၀၀၅ ခုနှစ်နောက်ပိုင်းတွင် 2 Star နှင့်အထက်များတွင် Manual နှင့် Excel အား အသုံးပြုမှု့ မရှိသလောက်နည်းလာပြီး Hotel Management Software များသာအသုံးပြုလာကြသည်။ Hotel Management Software များသည် Microsoft SQL Database, Oracle , Sybase, MySQL, Microsoft Access ပေါ်တွင် အခြေခံပြီး Hotel Software များ ရေးဆွဲကြသဖြင့် Database နှင့် ပတ်သက်ပြီး သဘောတရားကို နားလည်သိရှိရမည်ဖြစ်ပါသည်။
(၅) Hotel Management Software (HMS) Knowledge (သို့) Property Management Syatem (PMS) Knowledge
* Hotel Field ထဲသို့ ယခုမှစတင်ဝင်ရောက်သော IT များအနေဖြင့် အစပိုင်းတွင် အနည်းငယ် အခက်အခဲတွေ့နိုင်ပါသည်*
➡ Hotel Management Software များတွင် မြန်မာနိုင်ငံတွင် အသုံးပြုသော Software အများစုမှာ Opera PMS, Room Master, EASYFO PMS, eZee Frontdesk PMS, Hotelogix PMS တို့ဖြစ်ပြီး အခြား PMS Software များစွာလည်း အသုံးပြုကြပါသည်။ PMS Software များသည် သဘောတရားအရ အတူတူပင် ဖြစ်ပြီး ထုတ်လုပ်သည့် ကုမ္ပဏီကွာခြားချက်အရ အခေါ်အပြော ကွာခြားပြီး Hotel Management ပေါ်တွင် အခြေခံသဖြင့် Software တစ်ခုသုံးတတ်ပါက အခြား Software များအား လွယ်ကူစွာ လေ့လာနိုင်ပါသည်။
(၆) CCTV & PABX Knowledge
➡ Closed-Circuit Television (CCTV) အား Hotel ကြီးများတွင် Security Department မှ တာဝန်ယူရသော်လည်း Installation နှင့် Maintenance မှာ IT နှင့် Engineering Department မှတာဝန်ယူ ပြုလုပ်ပေးရသဖြင့် Analog & Degital CCTV များအကြောင်း မသိမဖြစ်သိရမည်ဖြစ်သည်။ မြန်မာတွင် အသုံးအများဆုံးမှာ HIKVision ဖြစ်ပြီး အခြား Brand များလည်းအသုံးပြုကြပါသည်။
➡ Private Automatic Branch Exchange (PABX) အား Hotel ကြီးများတွင် Engineering Department မှတာဝန်ယူသော်လည် Hotel အများစုတွင် IT နှင့် M&E Department မှတာဝန်ယူပေးရသည်ဖြစ်သည်။ PABX တွင် Panasonic, NEC အစရှိသည်တို့ဖြစ်ပြီး အခြား PABX Brand များလည်း အသုံးပြုကြပါသည်။ ယခုနှစ်များတွင် IP PABX များအသုံးပြုလာပြီ ဖြစ်သဖြင့် IPBX နှင့်ပတ်သက်ပြီး လေ့လာထားသင့်ပါသည်။
* နောက်ပိုင်း လိုအပ်သည်များကို ဖြည့်ဆည်းကာ ထပ်မံဖော်ပြပေးပါ့မည်။*
*09799503946.09420760147*
အချိနိမရွေးမေးနိုင်ပါသည် အားရင်အားသလိုဖြေပေးပါမယ်ဗျာ ဆျာကြီးမဟုတ်ပေမယ့် သိသလောက်ပါဗျာ

Comments
Post a Comment