Skip to main content

Posts

Showing posts from April, 2021

Ping ( Packet Internet Grouper )

 ကျွန်တော်တို့တတွေ network ချိတ်ကြတဲ့အခါမှာ မသုံးမဖြစ်သုံးကြရတဲ့ networking tool တစ္ခုကေတာ့ Ping ပါပဲ။ ping ဆိုတာ network ချိတ်ဆက်မှုထဲမှာ ပြသနာရှိမရှိကို ရှာဖွေပေးတဲ့ utility tool လေးတစ်ခုပါ။ network တစ်ခုချိတ်ဆက်ပြီးတဲ့နောက် အဲဒီ network ထဲမွာရွိတဲ့ host တွေတစ်လုံးနဲ့ တစ်လုံး ကောင်းမွန်စွာချိတ်ဆက်မိရဲ့လားဆိုတာကို စစ်ဆေးဖို့အတွက်သုံးတာပေါ့။ ဒီတော့ ဘယ်လိုစစ်ဆေးမလဲ၊ လွယ်ပါတယ်။ network ချိတ်ဆက်ပြီဆိုမှတော့ IP ပေးကြရတယ်လေ၊ ဒီတော့ IP ပေးထားတဲ့ host တစ်လုံးကနေ နောက် IP ပေးထားတဲ့ host တစ်လုံးကို ping ကြည့် reply ပြန်ရင် network က ကောင်းကောင်းအလုပ်လုပ်တယ်ပေါ့ဗျာ။ ဒါကေတာ့ layer 3 test လုပ်ကြည့်တယ်လို့ပြောရမှာပေါ့။ network engineer တစ်ယောက်အနေနဲ့ အခြေခံအကျဆုံးနဲက အရေးအကြီးဆုံး testing တစ်ခုလို့ပြောလို့ရတယ်။ ဒီတော့ ping ဆိုတာကို ကျွန်တော်တို့တွေ မသိမဖြစ်သိနေရမှာပေါ့။ ပြီးတော့ ping သည် ICMP လို့ခေါ်တဲ့ Internetwork Control Message Protocol ကိုအသုံးပြုပြီး connection ပြသနာကိုရှာဖွေပေးတာဖြစ်ပါတယ်။ အောက်က topology ကိုကြည်ပါ၊ အဲဒီမွာ PC 0 နဲ့ PC 1 ကို switch တစ်လုံးကြားခံပြီးတော့ ချိတ်ဆက်ထားမယ်...