ကျွန်တော်တို့တတွေ network ချိတ်ကြတဲ့အခါမှာ မသုံးမဖြစ်သုံးကြရတဲ့ networking tool တစ္ခုကေတာ့ Ping ပါပဲ။ ping ဆိုတာ network ချိတ်ဆက်မှုထဲမှာ ပြသနာရှိမရှိကို ရှာဖွေပေးတဲ့ utility tool လေးတစ်ခုပါ။ network တစ်ခုချိတ်ဆက်ပြီးတဲ့နောက် အဲဒီ network ထဲမွာရွိတဲ့ host တွေတစ်လုံးနဲ့ တစ်လုံး ကောင်းမွန်စွာချိတ်ဆက်မိရဲ့လားဆိုတာကို စစ်ဆေးဖို့အတွက်သုံးတာပေါ့။ ဒီတော့ ဘယ်လိုစစ်ဆေးမလဲ၊ လွယ်ပါတယ်။ network ချိတ်ဆက်ပြီဆိုမှတော့ IP ပေးကြရတယ်လေ၊ ဒီတော့ IP ပေးထားတဲ့ host တစ်လုံးကနေ နောက် IP ပေးထားတဲ့ host တစ်လုံးကို ping ကြည့် reply ပြန်ရင် network က ကောင်းကောင်းအလုပ်လုပ်တယ်ပေါ့ဗျာ။ ဒါကေတာ့ layer 3 test လုပ်ကြည့်တယ်လို့ပြောရမှာပေါ့။ network engineer တစ်ယောက်အနေနဲ့ အခြေခံအကျဆုံးနဲက အရေးအကြီးဆုံး testing တစ်ခုလို့ပြောလို့ရတယ်။ ဒီတော့ ping ဆိုတာကို ကျွန်တော်တို့တွေ မသိမဖြစ်သိနေရမှာပေါ့။ ပြီးတော့ ping သည် ICMP လို့ခေါ်တဲ့ Internetwork Control Message Protocol ကိုအသုံးပြုပြီး connection ပြသနာကိုရှာဖွေပေးတာဖြစ်ပါတယ်။ အောက်က topology ကိုကြည်ပါ၊
အဲဒီမွာ PC 0 နဲ့ PC 1 ကို switch တစ်လုံးကြားခံပြီးတော့ ချိတ်ဆက်ထားမယ်။ ဒီတော့ အဲဒီ ကွန်ပျူတာနှစ်လုံး အဆင်ပြေပြေချိတ်ဆက်မိရဲ့လားဆိုတာကို ping command သုံးပြီး စစ်ဆေးကြည့်ကြတာပေါ့။ ဒီတော့ ကျွန်တော်က pc 0 ကနေပြီးတော့ comman
d promp ကိုခေါ်ပြီး ping 192.168.1.2 လို့ရိုက်ပြီး PC1 ရဲဲ့ IP ကို ping ကြည့်လိုက်မယ်။ အကယ်လို့များ PC 0 နဲ့ PC 1 ဟာ ကောင်းမွန်စွာချိတ်ဆက်မိတယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။
အကယ်လို့များ အောက်ပါပုံအတိုင်း PC 1 နဲ့ switch အကြား connection ဟာ အကြောင်တစ်ခုခုကြောင့် အလုပ်မလုပ်ဘူးဆိုပါတော့။ ဥပမာ ကြိုးပြတ်နေတာဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် network cable က လွတ်နေတာပဲဖြစ်ဖြစ်ပေါ့။
ဒီလိုအချိန်မှာ PC 0 ကေန PC 1 ကို ping ကြည့်လိုက်ရင်တော့ အောက်ပါအတိုင်း request time out ဖြစ်နေပြီး reply မပြန်တာကိုတွေ့ရမှာဖြစ်ပါတယ်။
ဒီလိုဆိုရင်တော့ cable ကြိုးညှပ်ထားတာမှန်မမှန်ပြန်စစ်ကြည့်မယ်။ cable ထိုးထားတာ lose ဖြစ်နေသလားဆိုတာကို စစ်ကြည့်မယ်တို့ပေါ့ဗျာ၊ ဒါတွေကို ပြန်စစ်ကြည့်ပြီး မှားနေရင် ပြန်ညှပ် လွတ်နေရင် သေသေချာချာမိအောင် switch မှာပြန်ထိုးလိုက်၊ ပြီးရင် ping ကြည့် reply ပြန်ရင် အိုခေ ပြီပေါ့ဗျာ။ ဒီတော့ ping ဟာ အရိုးရှင်းဆုံးနဲ့ အသုံး၀င်ဆုံးသော network tool တစ်ခုဖြစ်လို့ သူ့ကိုတော့ ပြစ်ထားလို့မဖြစ်ဘူးလေ။ ဒါ့ကြောင့် ping ကြည့်ကြပါစို့လို့. J
Comments
Post a Comment