၁။ မိဘရဲ့ ချမ်းသာသောစည်းစိမ်ဥစ္စာတွေကို ခဏမေ့ထားပါ။ တစ်ကယ်လို့များ သင့်မိဘက သင်ကိုငွေကြေးထောက်ပံ့ပေးနိုင်တဲ့အင်အားတစ်ခုရှိတယ်ဆိုရင် မိဘအကူအညီမပါဘဲနဲ့ ဘယ်အရာတွေကိုသင်လုပ်နိုင်ပြီလဲဆိုတာကို စူးစမ်းကြည့်ပါ။ နိုင်ငံခြားမှာ အသက် ၁၈ နှစ်ပြည့်ရင် Adult ဖြစ်ပြီလို့ယူဆကြပြီး မိဘဆီကအထောက်အပံ့ကိုမယူတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နို်င်အောင်ကြိုးစားကြပါတယ်။ သင်ရော မိဘအကူအညီမပါဘဲနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုရပ်နိုင်ပြီလား? ၂။ သမာအာဇီဝကျတဲ့ ဘယ်အလုပ်မျိုးမဆို လုပ်နိုင်အောင်ကြိုးစားပါ။ ဒုတိယတစ်ချက်အနေနဲ့ သင်ဟာဘယ်အောက်ခြေသိမ်းဘယ်အလုပ်မဆို လုပ်တတ်အောင်ကြိုးစားပါ။ ဒါမှလည်း မိမိက ထိပ်တစ်နေရာရောက်တဲ့အခါ သင့်လက်အောက်ငယ်သားက သင့်ကိုလိမ်နေတာလား၊ သူအမှန်ပြောနေတာလား ဆိုတာကို သင်ဆုံးဖြတ်နိုင်မှာပါ။ ၃။ ဘွဲ့လက်မှတ်နဲ့သင်တန်းဆင်းလက်မှတ်များအား အကျိုးရှိရှိအသုံးချပါ။ ယနေ့ခေတ်လူငယ်အများစုဟာ ဘွဲ့ရတာကတခြား၊ အလုပ်လုပ်နေတဲ့အပိုင်းကတခြားဖြစ်တတ်ပါတယ်။ မိမိတို့သုံးလေးနှစ်တက်ထားတဲ့လက်မှတ်ကြီးဟာ အလကားဖြစ်နေတတ်ပါတယ်။ အကယ်၍ မိမိတက်ခဲ့တာနဲ့ အလုပ်လုပ်နေတာနဲ့မတူရင်တောင် မိမိတတ်တဲ့ပညာရပ်ကို မေ့မသွားအောင်တစ်ဖက်နည်းလမ်းကနေလေ့လာနေပ...
Sharing Blog