အသက်မွေးဝမ်း ကျောင်း
ဝန်ထမ်းများအတွက် အလုပ်တွင်မသိမဖြစ်သိသင့်သော လုပ်ငန်းခွင် ကျင့်ဝတ်များ"
profile_pic
Myanmar Human Resources Institute
24 Mar, 2019
50 Saves
186 Love
28 Shares
လူတစ်ဦးခြင်းစီအတွက်မိမိ၏ လူမှုပတ်ဝန်းကျင်တွင်အခြားတစ်ဦး၏ လေးစားမှု၊ အသိအမှတ်ပြုမှု တို့ိကို ရရှိလိုပါက မိမိအနေဖြင့်ကျင့်ဝတ်များ ကို နားလည်လိုက်နာမှုရှိရန်လိုအပ်ပါသည်။ ကျင့်ဝတ်ဆို သည်မှာ ထိုလူ၏ အပြုအမူ၊ နေထိုင်ပုံ၊ ပြောဆိုပုံ၊ ဝတ်ပုံ၊ စားပုံ ကိုဆိုလိုပါသည်။
လူတစ်ဦးခြင်းစီအလိုက် မိမိဘဝအတွက် အခြေခံလိုအပ်ချက်များကိုပြည့်စုံနိုင်ရန်၊ မိမိဘဝ တက်လမ်းတွင် ကောင်းမွန်ပြည့်စုံမှုများ ရနိုင်ရန်အတွက် လုပ်ငန်းအဖွဲ့အစည်းများတွင် ဝင်ရောက် ၍အလုပ် လုပ်ကိုင်ရပါသည်။ ထိုကဲ့သို့သောလူများကို ဝန်ထမ်းဟုဆိုကြပါသည်။
ဝန်ထမ်းများအနေဖြင့် အလုပ်လုပ်သည့်အခါ အလုပ်ခွင်တွင် ရင့်ကျက်မှု၊ အသိဉာဏ် ရှိမှု တို့ဖြင့် လုပ်ကိုင်ရမည်ဖြစ်ပါသည်။ လေးနက်မှုမရှိသော၊ ဂရုတစိုက်မရှိသော၊ သာမန်ကာလျှံကာ ဖစ်သော ပုံစံမျိုးကို ရှောင်ကြဉ်ရမည်။
တစ်ဦးတစ်ယောက်ချင်းစီ အလုပ်လုပ်သည့်အခါ လိုက်နာရမည့် စနစ်များသည် ဝန်းထမ်းများ အတွက် လိုက်နာရမည့် ကျင့်ဝတ်များဖြစ်ပါသည်။
အဖွဲ့အစည်းကနေကိုယ့်အတွက် ရနိုင်မည့် အကျိုးကျေး ဇူးကို လိုချင်လျှင်ကိုယ်အလုပ် လုပ်သည့် အဖွဲ့အစည်းကို လေးစားရန်လိုအပ်ပါသည်။ မိမိအလုပ်လုပ်ကိုင်သည့် အဖွဲ့အစည်းအပေါ် မိမိ အတွက် ငွေရရှိနိုင်သည့် အရင်းအမြစ်တစ်ခုအဖြစ်သာ သဘောထားပြီး အလုပ်ကို မလုပ်မိပါစေ နှင့်။ အဖွဲ့အစည်းကသင့်ကို အလုပ်ကြိုးစားလုပ်ဖို့ အတွက် လစာပေးထားသည်ကို အမြဲသတိရပါ။ သင့်ကိုအတင်းပြောဖို့နှင့် အလဟဿအချိန် ဖြုန်းဖို့ အတွက် လစာပေးထားခြင်း မဟုတ်ဘူးဆိုတာ အမြဲသတိရနေဖို့လိုအပ်ပါသည်။
ရုံးကို အချိန်မှီရောက်ရှိရန် လိုအပ်ပါသည်။ သင်၏အလုပ်ချိန်သည် မနက် ၀၉း၀၀ နာရီဆိုလျှင် သင်သည် မနက် ၀၈း၅၀ နာရီ နာက်ဆုံးထားပြီးရုံးသို့ရောက်ရှိနေသင့်ပါသည်။ ၎င်းအချက်သည် အလုပ်လုပ်နေသူ အတွက်အလုပ်တွင် မဖြစ်မနေလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းဖြစ်ပါသည်။
သင်ရုံးသို့ရောက်ပြီး အလုပ်စတင်လုပ်ပြီဆိုကတည်းကသင်၏ပုဂ္ဂိုလ်ရေး ပြသာနာများကို ချန်ထားခဲ့ရန်လိုအပ်ပါသည်။ အလုပ်လုပ်သည့်အခါ unprofessional ဖြစ်ေ သာသူများသည် ကိုယ်၏ professional life နှင့် personal lift ကို ရောထားတတ်ပါသည်။ ထို နှစ်ခုကို သီးသန့် ခွဲခြားထားရန် လိုအပ်ပါသည်။
ကိုယ့်၏လုပ်ဖော်ကိုင်ဖက် အားလုံးအပေါ်ကိုလည်း ကောင်းမွန်သောအပြုအမူ၊ ချိုသာသော အပြုံးဖြင့်သာပြောဆိုဆက်ဆံရမည်ဖြစ်ပါသည်။
ဝန်းထမ်းတစ်ယောက်အနေဖြင့် အလုပ်နှင့်သင့်တော်သည့် အဝတ်အစားကို ဝတ်ဆင်ရန် လိုအပ် ပါသည်။ မိမိအလုပ် လုပ်ကိုင်သောအဖွဲ့အစည်းကသတ်မှတ်ထားသော uniform ရှိလျှင် လေးစား တန်းဖိုးထားမှု အပြည်ဖြင့်ဝတ်ဆင်ရမည်ဖြစ်ပါသည်။ uniform မရှိခဲ့လျှင်လည်း ဝတ်ဆင်သည့် အခါသင်၏ မမြင်သင့်သော အသားစိုင်များကို အလွန်အမင်းသည့် ပုံစံ ရှိသည့် အဝတ်အစား မျိုးကို မဝတ်သင့်ပါ။ ဥပမာ- လည်ပင်အလွန်ဟိုက်သော အကျီ၊ၤ အလွန်ပါးသော အင်္ကျီ၊ အလွန် တိုသောဘောင်းဘီ၊ စကတ်များကို လုံးဝမဝတ်သင့်ပါ။ အလုပ်လာလျှင် ဂျင်းနှင့်ပက်သ က်သည့် ဘီ ၊ အင်္ကျီ ၊ အရမ်းကျပ်သော အင်္ကျီ ၊ ဘောင်းဘီ ၊ တီရှပ်အစရှိသည် တို့ကို အလုပ်သို့မဝတ်သင့်ပါ။ အမျိုးသမီးများအနေဖြင့်လည်ပင်းအလွန်ဟိုက်သော အင်္ကျီ နှင့် မိမိကိုယ် ကလက်စေသော အင်္ကျီ မျိုးကို အလုပ်သို့ မဝတ်လာသင့်ပါ။
ရုံးချိန်အတွင်း ရုံးသို့ အရက်သောက်ပြီး လုံးဝလာခြင်းမပြုလုပ်ရပါ။ ထိုကဲ့သို့ပြုလုပ်ပါက ကြီးလေးသောပြစ်မှုမြောက်ပါသည်။
မည်သည့်အခြေအနေမျိုးမဆို ရုံး၏ လျှိုဝှက် သတင်းများကိုတာဝန်ရှိသော ဝန်ထမ်းအနေဖြင့် တခြားအဖွဲ့အစည်းကိုပြောဆိုခွင့်မရှိပါ။ အဖွဲ့အစည်းအတွင်းမှာပင် မိမိနှင့် ဘယ်လောက်ရင်းနှီးသည့် ခင်မင်မှုမျိူးရှိရှိ မည့်သည့် သတင်းအချက်အလက်များကိုမျှ မသက်ဆိုင်သူများသို့ ပြောကြားခွင့်မရှိပါ။
မိမိ၏လက်ကိုင်ဖုန်းကို အလုပ်ချိန်တွင် silent mode ကိုပြုလုပ်ထားရပါမည်။ မိမိ၏ဖုန်းအသံကြောင့် မိမိအနီးအနားကလူများ ကို အနှောင့်အယှက်မဖြစ်စေရန်လိုအပ်ပါသည်။ အလုပ်ချိန်တွင် ဖုန်းမှ Ring Tones အသံအရမ်းကျယ်လောင်အောင်မထားသင့်ပါ။ အလုပ်ချိန်အတွင်း အလွန်အရေးကြီးသောကိစ္စများမှလွှဲ၍ ကိုယ်ရေးကိုယ်တာ ဖုန်းမပြောသင့်ပါ။
မိမိအလုပ်လုပ်သည့်စားပွဲ၊ ပတ်ဝန်းကျင်ကို သန့်ရှင်း ရှင်းလင်းရန်လိုအပ်ပါသည်။ မလိုအပ်သော စာရွက်များကို ဖိုင်တွင်သိမ်းထားရမည်ဖြစ်ပါသည်။ နေ့လည်စာကို မိမိ၏အလုပ်စားပွဲပေါ်တွင် စားခြင်းမျိုးမပြုလုပ်သင့်ပါ။ ညစ်ပတ်ခြင်းများ နှင့် အနံ့အသက်မကောင်းခြင်းများကို ဖြစ်စေနိုင်ပါသည်။
မိမိ၏ အမှားကို ပြန်လည် သုံးသပ် ပြီးပြင်ဆင်ရန်လိုအပ်ပါသည်။ မှားခဲ့ဖူးသော အမှားမျိုးကို နောက်တစ်ကြိမ်ထပ်မမှားအောင် အမြဲတမ်း သတိပြုရမည်။ လုပ်ငန်းခွင်တွင် သူများကိုအမြဲအပြစ်တင်ပြောဆိုခြင်းနှင့် သူတစ်ပါးမနှစ်လိုဖွယ်ပုံစံများ ပြုလုပ်ခြင်းကိုရှောင်ကြဉ်ရမည်။ မည်သည့်နေရာတွင်မဆို ပဋိပက္ခများနှင့် နားလည်မှုလွဲမှားခြင်းများရှိနိုင်သည်ကို သတိပြုပါ။ ပြသာနာတစ်ခုဖြစ်လာလျှင်လည်း တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်လေးစားစွာဖြင့် မျက်နှာချင်းဆိုင် ဆွေးနွေးပြီးလက်ခံနိုင်လောက်သည့် ဖြေရှင်းချက် ထွက်လာသည်အထိဆွေးနွေးပါ။
Email မှတစ်ဆင့်ဆက်သွယ်မှုများပြုလုပ်သည့်အခါ မိမိ၏အထက်အရာရှိကို အမြဲတမ်း Cc list တွင်ထည့်သွင်းပေးရမည်ဖြစ်ပါသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းမှာ မိမိသည်အလုပ်ကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာအားလုံးကို မိမိ၏အထက်အရာရှိထံသို့ အသိပေးခြင်းဖြစ်သည်။ Emails ရေးသားသည့်အခါတွင်လည်း ကျွမ်းကျင်လိမ္မာပါးနပ်စွာ ရေးသားနိုင်ရန်လိုအပ်ပါသည်။ Emails ရေးသားသည့်အခါ မိမိသဘောပေါက်နားလည်ရှင်းလင်းဖို့ထက် တစ်ဖက်လူ၏ အမြင်မှာနားလည်သဘောပေါက်ရှင်းလင်းနေအောင် ရေးသားနိုင်ရမည်။
ကိုယ်နဲ့အလုပ်တွဲလုပ်သည့်လုပ်ဖော်ကိုင်ဖက်များကိုလည်း လေးစားမှုရှိရမည်။ သူတို့လိုအပ်၍ အကူအညီတောင်းလျှင်လည်း အပြည့်အဝကူညီနိုင်သည့် စိတ်ထားမျိုးထားရမည်။ သူများကိုအမှားဖြစ်စေမည့် အကြံပြုချက်များကို မပေးသင့်ပါ။
အဖွဲ့အစည်းအတွင်း မိမိ၏ လုပ်ဖော်ကိုင်ဖက်များကို ပညာအရည်အချင်း၊ ရာထူးအဆင့်အတန်းပေါ် မူတည်ပြီးခွဲခြားဆက်ဆံခြင်း၊ မလေးမစားပြုလုပ်ခြင်းများမပြုလုပ်သင့်ပါ။ အမျိုးသမီးဝန်ထမ်းများကိုလည်း ဆက်ဆံသည့်အခါလေးစားမှုအပြည့်ဖြင့် ဂုဏ်သိက္ခာ ရှိစွာဖြင့်ဆက်ဆံသင့်သည်။
သင့်ရဲ့ရာထူးအာဏာကို အသုံးချပြီး တခြားသူများကို ချိုးနိမ့်စွာမဆက်ဆံသင့်ပါ။ မိမိလက်အောက်ဝန်ထမ်းအားလုံးကို တူညီမျှတစွာဆက်ဆံပါ။ အလုပ်ခွင်တွင်တစ်ဦးတစ်ယောက်ကို အရမ်းမျက်နှာသာပေးပြီး ရင်နှီးသည့်ပုံစံမျိုးမပြုလုပ်သင့်ပါ။
တစ်ဦးချင်းစီ၏ Privacy ကိုလေးစားပါ။ ကိုယ်နှင့်မဆိုင်လျှင် သူတစ်ပါး၏ နာမည်နှင့်လာသော စာကိုဖတ်ခြင်း၊ ဖောက်ခြင်းမျိုးမပြုလုပ်သင့်ပါ။ ကိုယ့်လုပ်ဖော်ကိုင်ဖက်၏ email, message များကို ဖတ်ခြင်းသည် အလွန်ဆိုးရွားသောအပြုအမူဖြစ်သည်။
အငြင်းပွားစရာဖြစ်နိုင်သည့်ကိစ္စမျိုး မပြုလုပ်မိအောင်ရှောင်ကြဉ်သင့်ပါသည်။ ကောလဟလများ ဖြန့်ဝေခြင်းမပြုလုပ်သင့်ပါ။ မိမိအလုပ်ကို Professional ကျကျလုပ်ကိုင်နေသူအတွက် လုံးဝမပြုလုပ်သင့်သည့်အပြုအမူဖြစ်ပါသည်။
အထက်ဖော်ပြပါအချက်များသည် အလုပ်တွင် မိမိကိုယ်ကို Professional တစ်ယောက်အဖြစ် အလုပ်လုပ်မည်ဆိုလျှင် ရှောင်ကြဉ်သင့်သည့်အချက်များဖြစ်ပါသည်။ မိမိသည် မိမိအလုပ်အပေါ် တန်ဖိုးထားလေးစားစွာဖြင့် လုပ်ကိုင်မည်ဆိုလျှင် ဝန်ထမ်းကောင်းတစ်ဦးအနေဖြင့် လုပ်ငန်းခွင်ကျင့်ဝတ်များကို လိုက်နာရန်လိုအပ်ပါသည်။ လူငယ်များအားလုံး မိမိလုပ်သော အလုပ်တွင် အဖိုးမဖြတ်နိုင်သော ဝန်ထမ်းကောင်းများဖြစ်လာနိုင်ရန်အတွက် ရည်ရွယ်၍ လုပ်ငန်းခွင်ကျင့်ဝတ်များကို မျှဝေလိုက်ခြင်းဖြစ်ပါသည်။
သတင်းအချက်အလက်စနစ်သည် နည်းပညာ၊ လူများနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ် ထားသော ပေါင်းစပ်မှုဖြစ်ပြီး၊ ဤပေါင်းစပ်မှုသည် အသုံးဝင်သော အချက်အလက်များကို စုဆောင်း၊ ဖန်တီး၊ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်း ဖြစ်သည်။ စိတ်ဝင်စားစရာမှာ သတင်းအချက်အလက်စနစ်တစ်ခုကို သတ်မှတ်ရန် သို့မဟုတ် ဖော်ပြရန် တောင်းဆိုသောအခါတွင် လူအများစုသည် နေရာအနှံ့ရှိ “ကွန်ပျူတာများ” သို့မဟုတ် “ဒေတာဘေ့စ်များ” ဖြင့် စတင်ကြမည်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာစစ်ဆေးခြင်းသည် သတင်းအချက်အလက်စနစ်တစ်ခုသည် သတင်းအချက်အလက်စနစ်တစ်ခုဖွဲ့စည်းသည့် အစိတ်အပိုင်းများနှင့် အဖွဲ့အစည်းတစ်ခုအတွင်း ယင်းအစိတ်အပိုင်းများပါဝင်သည့် အခန်းကဏ္ဍနှစ်ခုလုံးကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်။
Comments
Post a Comment