Skip to main content

Posts

Showing posts from December, 2022

စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆီမှာ တွေ့ရမယ့် လက္ခဏာ ၉ ချက်

 စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆီမှာ တွေ့ရမယ့် လက္ခဏာ ၉ ချက် လူတစ်ရာကို ခဏလေးအတွင်း သူငယ်ချင်းလုပ်ဖို့ လွယ်ကူပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရရှိဖို့တော့ ခက်ခဲပါတယ်။ အတုအယောင် သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်ရှိဖို့က ပိုအရေးကြီးပါတယ်။  ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် စစ်မှန်တဲ့သူငယ်ချင်း ဟုတ်၊ မဟုတ်ကို ဒီအချက် ၉ ချက်နဲ့ သုံးသပ်နိုင်ပါတယ်။ ၃ ချက်လောက် ကိုက်ညီရုံနဲ့ သူဟာ သူငယ်ချင်းကောင်းဆိုတာ သေချာပါတယ်။ ၅ ချက်နဲ့ အထက် ကိုက်ညီနေရင်တော့ သူ့ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံပါနဲ့။ 1. ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ကိုယ့်အနားမှာ သူရှိနေခဲ့တယ်။ အရာရာကို မျှဝေခံစားပေးပါတယ်။ 2. ကိုယ့်အတွက်ဆို အချိန်ပေးနိုင်တယ်။ ဆက်သွယ်ရတာ လွယ်ကူပြီး အမြဲလိုလို အဆင်သင့်ရှိနေတတ်ပါတယ်။  3. ကိုယ့်ရဲ့ ရင်ဖွင့်သံတွေကို အမြဲတမ်းနားထောင်ပေးတယ်။ တိုင်ပင်ပေးတယ်။ အကြံပေးတယ်။ အားပေးဖေးမတယ်။  4. သူနဲ့ကိုယ့်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်တောင် သူက ပိုသိပါတယ်။ 5. အလိုမလိုက်ပါဘူး။ လမ်းမှားမရောက်အောင် အမြဲ ဂရုစိုက်ပေးပါတယ်။...

ဘဝတစ်ခု အောင်မြင်ကောင်းမွန်ဖို့အတွက်

 ဘဝတစ်ခု အောင်မြင်ကောင်းမွန်ဖို့အတွက် အများစုဟာ အသင်ကြမ်းတဲ့ ဆရာ ၄ ဦးနဲ့ တွေ့ခဲ့ရပါတယ်တဲ့။ 1️⃣ ဆရာ 1️⃣ Failure (ကျရှုံးမှု) အောင်မြင်နေတဲ့သူ 90% ဟာ ကျရှုံးဖူးပါတယ်။ ကျရှုံးမှုဆိုတာ size အမျိုးမျိုးရှိတယ်။  ဘဝနဲ့ချီ ကြီးမားတဲ့ ကျရှုံးမှုမျိုးရှိသလို မဖြစ်စလောက် သေးငယ်တဲ့ ကျရှုံးမှုလည်း ရှိပါတယ်။ ဘယ်လိုကျရှုံးမှုမျိုးနဲ့ ကြုံလိုက်ပြီး လဲကျသွားပါစေ၊ ပြန်ပြီး မတ်တပ်ထနိုင်ဖို့ လိုအပ်ပါတယ်။ ကျရှုံးမှုတစ်ခုစီကနေ သင်ခန်းစာယူပြီး ကျရှုံးမှုအပိုင်းအစတွေကို အောင်မြင်မှုတည်ဆောက်တဲ့နေရာမှာ အသုံးပြုနိုင်ရပါမယ်။ Failure ဟာ ဆရာ ဖြစ်ပါတယ်။  2️⃣ ဆရာ 2️⃣ Betrayal (သစ္စာဖောက်ခံရမှု) လူတွေဆီကနေ သစ္စာဖောက်ခံရသူတစ်ဦးဟာ လူတွေအကြောင်း ပိုနားလည်နိုင်ပါတယ်။ လူတွေနဲ့ ပတ်သက်လာရင် ပိုသတိရှိလာမယ်။ အဲ.. သတိမလွန်ကဲဖို့တော့ လိုတာပေါ့။ လူတစ်ယောက်သစ္စာဖောက်လိုက်လို့   လူတိုင်းကို သစ္စာဖောက်မယ်လို့တော့ မမြင်ပါနဲ့။ ထားသင့်တဲ့ သတိ ရှိရမှာဖြစ်သလို ထားသင့်တဲ့ ယုံကြည်မှုလည်း ရှိရပါမယ်။  ဒီလို သတိရှိခြင်းနဲ့ ယုံကြည်နိုင်ခြင်း မျှတလာတာဟာ အောင်မြင်ခြင်းရဲ့ အထောက်အပံ့ပါပဲ။ Betrayal ဟာ ဆရာ ဖြစ်ပါတယ်။...

စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံးသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ

 * အိုင်ကျူ (IQ)   * အီးကျူ (EQ)   * အက်စ်ကျူ (SQ)   * အေကျူ (AQ) ဆိုပီး လေးမျိုးတောင် ရှိသတဲ့။   အရှည်ကတော့ ...  1) Intelligence Quotient (IQ)  2) Emotional Quotient (EQ)   3) Social Quotient (SQ)   4) Adversity Quotient (AQ)  တို့ပဲ.. ဖြစ်ပါတယ်။ အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။  1) Intelligence Quotient (IQ) ---------------------------- အိုင်ကျူလို့ အများသိတဲ့.. အသိဉာဏ် level က.. တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။ သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊ အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊ အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊ ဒါပါဘဲ.. အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။ 2) Emotional Quotient (EQ) ---------------------------- အီးကျူကျတော့.. လူအများနဲ့ မင်းရဲ့ဆက်သွယ်မှု level ကို.. တိုင်းတာတာ ဖြစ်တယ်။ လူအများနဲ့ ဆက်ဆံတဲ့အခါ.. မင်းဘယ်လောက် အဆင်ပြေလဲ? မင်း ဘယ်လောက် ရိုးသားမှုရှိလဲ? တာဝန်ယူမှု တာဝန်ခံမှု ရှိလား? လူသာ...