ဘဝတစ်ခု အောင်မြင်ကောင်းမွန်ဖို့အတွက် အများစုဟာ
အသင်ကြမ်းတဲ့ ဆရာ ၄ ဦးနဲ့ တွေ့ခဲ့ရပါတယ်တဲ့။
1️⃣
ဆရာ 1️⃣ Failure (ကျရှုံးမှု)
အောင်မြင်နေတဲ့သူ 90% ဟာ ကျရှုံးဖူးပါတယ်။
ကျရှုံးမှုဆိုတာ size အမျိုးမျိုးရှိတယ်။
ဘဝနဲ့ချီ ကြီးမားတဲ့ ကျရှုံးမှုမျိုးရှိသလို
မဖြစ်စလောက် သေးငယ်တဲ့ ကျရှုံးမှုလည်း ရှိပါတယ်။
ဘယ်လိုကျရှုံးမှုမျိုးနဲ့ ကြုံလိုက်ပြီး လဲကျသွားပါစေ၊
ပြန်ပြီး မတ်တပ်ထနိုင်ဖို့ လိုအပ်ပါတယ်။
ကျရှုံးမှုတစ်ခုစီကနေ သင်ခန်းစာယူပြီး
ကျရှုံးမှုအပိုင်းအစတွေကို
အောင်မြင်မှုတည်ဆောက်တဲ့နေရာမှာ
အသုံးပြုနိုင်ရပါမယ်။
Failure ဟာ ဆရာ ဖြစ်ပါတယ်။
2️⃣
ဆရာ 2️⃣ Betrayal (သစ္စာဖောက်ခံရမှု)
လူတွေဆီကနေ သစ္စာဖောက်ခံရသူတစ်ဦးဟာ
လူတွေအကြောင်း ပိုနားလည်နိုင်ပါတယ်။
လူတွေနဲ့ ပတ်သက်လာရင် ပိုသတိရှိလာမယ်။
အဲ.. သတိမလွန်ကဲဖို့တော့ လိုတာပေါ့။
လူတစ်ယောက်သစ္စာဖောက်လိုက်လို့
လူတိုင်းကို သစ္စာဖောက်မယ်လို့တော့ မမြင်ပါနဲ့။
ထားသင့်တဲ့ သတိ ရှိရမှာဖြစ်သလို
ထားသင့်တဲ့ ယုံကြည်မှုလည်း ရှိရပါမယ်။
ဒီလို သတိရှိခြင်းနဲ့ ယုံကြည်နိုင်ခြင်း မျှတလာတာဟာ
အောင်မြင်ခြင်းရဲ့ အထောက်အပံ့ပါပဲ။
Betrayal ဟာ ဆရာ ဖြစ်ပါတယ်။
3️⃣
ဆရာ 3️⃣ Heartbreak (အသည်းကွဲမှု)
သူက Betrayal နဲ့ တစ်သင်းထဲ ရှိတတ်ပါတယ်။
Betrayal နောက် Heartbreak ပါလာတတ်သလို
တခြားကိစ္စနဲ့လည်း Heartbreak ဖြစ်တတ်ပါတယ်။
အသည်းကွဲတာပေါ့။
Heartbreak ဟာ သူငယ်ချင်းကလည်း ပေးနိုင်တယ်။
မိသားစုကလည်း ပေးနိုင်တယ်။
ခွေးလေး၊ ကြောင်လေးကလည်း ပေးနိုင်တယ်။
ချစ်သူကလည်း ပေးနိုင်တယ်။
အသည်းကွဲရတာဟာ ဖော်ပြမရတဲ့ နာကျင်မှုမျိုးပါ။
ဒီနာကျင်မှုကို ခံနိုင်ရည်အားရှိထားပြီဆိုရင်
ဘဝရဲ့ ခွဲခွါရခြင်းတွေအပေါ်
အများကြီး ခံစားရတော့မှာ မဟုတ်ပါဘူး။
Heartbreak ဟာ ဆရာ ဖြစ်ပါတယ်။
4️⃣
ဆရာ 4️⃣ Rejection (ငြင်းပယ်ခံရမှု)
အလုပ်ကနေ ငြင်းပယ်ခံရတယ်။
ချစ်သူဆီကနေ ငြင်းပယ်ခံရတယ်။
အသင်းအဖွဲ့ကနေ ငြင်းပယ်ခံရတယ်။
လူတွေဟာ ငြင်းပယ်ခံရမှုတွေနဲ့ ကြုံနေမှာပါပဲ။
ငြင်းပယ်လိုက်တာကို feel သက်သက်နဲ့
ငုတ်တုတ်ထိုင် ဝမ်းနည်းနေလို့မရပါဘူး။
ပြန်ကြိုးစားသင့်တာ ပြန်ကြိုးစားရမယ်။
၁၀ ခါငြင်းခံရရင် ၁၁ ခါ ကြိုးစားရမယ်။
ကြိုးစားရင်း အားကုန်ပြီး အရာမထင်တဲ့အခါ
လက်လွှတ်သင့်တာကို လက်လွှတ်တတ်ရပါမယ်။
ပြီးရင် နောက်တစ်နေရာကနေ ကြိုးစားရပါမယ်။
ဒါမှသာ အောင်မြင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။
Rejection ဟာလည်း ဆရာ ဖြစ်ပါတယ်။
1️⃣2️⃣3️⃣4️⃣
ဒီလို အသင်ကြမ်းတဲ့ ဆရာ ၄ ဦးနဲ့ ထိတွေ့ရပြီး
သူတို့စစ်ဆေးသမျှ
သူတို့မေးမြန်းသမျှ
ကိုယ်ဟာ အောင်နိုင်တယ်၊
ကျော်ဖြတ်နိုင်တယ်ဆိုရင်
ကိုယ့်ဘဝဟာ အောင်မြင်မှုတွေ ပြည့်လာပါလိမ့်မယ်။
ကြိုးစားရုန်းကန်တဲ့ နေ့ရက်တွေတိုင်းမှာ
ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့၊
ကိုယ့်ရင်ထဲကအသံကို နားထောင်နိုင်ဖို့၊
ကိုယ့်မှာရှိတဲ့ ခွန်အားကို နားလည်ဖို့၊
ကိုယ့်ဖြစ်တည်မှုကို လက်ခံဖို့နဲ့
ကိုယ့်လက်ရှိပိုင်ဆိုင်မှုကို ကျေနပ်ဖို့လည်း
မမေ့ပါနဲ့နော်။
အောင်မြင်ကောင်းမွန်သလို
ပျော်ရွှင်အေးချမ်းရတဲ့ ဘဝများ
ပိုင်ဆိုင်နိုင်ကြပါစေ။
Comments
Post a Comment