စစ်မှန်တဲ့ သူငယ်ချင်းကောင်းဆီမှာ တွေ့ရမယ့် လက္ခဏာ ၉ ချက်
လူတစ်ရာကို ခဏလေးအတွင်း သူငယ်ချင်းလုပ်ဖို့ လွယ်ကူပေမယ့် စစ်မှန်တဲ့ သူငယ်ချင်းတစ်ယောက်ကို ရရှိဖို့တော့ ခက်ခဲပါတယ်။ အတုအယောင် သူငယ်ချင်းတွေ အများကြီးရှိဖို့ထက် စစ်မှန်တဲ့ သူငယ်ချင်း တစ်ယောက်ရှိဖို့က ပိုအရေးကြီးပါတယ်။
ကိုယ့်သူငယ်ချင်းက ကိုယ့်အတွက် စစ်မှန်တဲ့သူငယ်ချင်း ဟုတ်၊ မဟုတ်ကို ဒီအချက် ၉ ချက်နဲ့ သုံးသပ်နိုင်ပါတယ်။ ၃ ချက်လောက် ကိုက်ညီရုံနဲ့ သူဟာ သူငယ်ချင်းကောင်းဆိုတာ သေချာပါတယ်။ ၅ ချက်နဲ့ အထက် ကိုက်ညီနေရင်တော့ သူ့ကို ဘယ်လိုနည်းနဲ့မှ အဆုံးရှုံးမခံပါနဲ့။
1. ကောင်းတဲ့အချိန်မှာရော၊ ဆိုးတဲ့အချိန်မှာရော ကိုယ့်အနားမှာ သူရှိနေခဲ့တယ်။ အရာရာကို မျှဝေခံစားပေးပါတယ်။
2. ကိုယ့်အတွက်ဆို အချိန်ပေးနိုင်တယ်။ ဆက်သွယ်ရတာ လွယ်ကူပြီး အမြဲလိုလို အဆင်သင့်ရှိနေတတ်ပါတယ်။
3. ကိုယ့်ရဲ့ ရင်ဖွင့်သံတွေကို အမြဲတမ်းနားထောင်ပေးတယ်။ တိုင်ပင်ပေးတယ်။ အကြံပေးတယ်။ အားပေးဖေးမတယ်။
4. သူနဲ့ကိုယ့်ကြားမှာ လျှို့ဝှက်ချက်ဆိုတာ မရှိသလောက်ပါပဲ။ ကိုယ့်အကြောင်းကို ကိုယ့်ထက်တောင် သူက ပိုသိပါတယ်။
5. အလိုမလိုက်ပါဘူး။ လမ်းမှားမရောက်အောင် အမြဲ ဂရုစိုက်ပေးပါတယ်။ ကိုယ်ဒုက္ခရောက်မယ့်အရာတွေဆို အမုန်းခံပြီး တားဆီးပါတယ်။
6. သူနဲ့အတူရှိနေတဲ့အချိန်ဆို လွတ်လပ်ပြီး ပျော်ရွှင်ရပါတယ်။ အချိန်ပြည့် ဟာသတွေဖြစ်နေပြီး ရယ်မောနေရပါတယ်။
7. ကိုယ့်ရဲ့ဖြစ်တည်မှုမှန်သမျှကို သူက လက်ခံပြီးသားဖြစ်ပါတယ်။ ကိုယ့်အပေါ် နားလည်မှု အပေးနိုင်ဆုံးသူလည်း ဖြစ်ပါတယ်။
8. ကိုယ့်ရဲ့မကောင်းကြောင်းကို ဘယ်တော့မှ အတင်းတုပ်မယ့်သူ မဟုတ်ပါဘူး။ သူများသွေးထိုးရင်တောင် သူက ကိုယ့်ဘက်ကပဲ ရပ်တည်မယ့်သူဖြစ်ပါတယ်။
9. သစ္စာရှိပါတယ်။ ကိုယ့်အနောက်မှာ အမြဲရပ်တည်နေပြီး ကိုယ့်နောက်ကျောကို ဘယ်တော့မှ ဓားနဲ့ထိုးမယ့်သူ မဟုတ်ပါဘူး။
“ကမ္ဘာပေါ်မှာ သင့်အတွက် စစ်မှန်တဲ့သူငယ်ချင်းကောင်း တစ်ယောက်ရှိနေပြီဆိုရင် သင်အရမ်းချမ်းသာနေပါပြီ” လို့ Alistair Begg က ဆိုထားပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်းက ကိုယ့်အပေါ် စစ်မှန်တာသေချာရင် သူ့ကို တန်ဖိုးထားပါ။ ဂရုစိုက်ပါ။ ကိုယ့်ကလည်း သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းတစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ သူငယ်ချင်းဆိုတာ ဘဝအတွက် တန်ဖိုးအရှိဆုံးသူတွေ ဖြစ်ပါတယ်။ ချစ်သူ၊ ရည်းစားထက်တောင် အဖိုးတန်ပါတယ်။ #thankuEx
Long-Time Friend နဲ့ Lifelong Best Friend အကြောင်းသိချင်ရင် https://m.facebook.com/story.php?story_fbid=1333045110214627&id=879337482252061 မှာ ဖတ်ပါ။
ဘဝအတွက် အကောင်းဆုံး သူငယ်ချင်းပုံစံ ၁၀ မျိုးအကြောင်းကို https://m.facebook.com/story.php?story_fbid=1413886545463816&id=879337482252061 မှာ ဖတ်ပါ။
Fake Friend တွေကိုလည်း ဘဝထဲ အဝင်မခံပါနဲ့။ https://m.facebook.com/story.php?story_fbid=1354118314773973&id=879337482252061 မှာ ဖတ်ပါ။
အားလုံး သူငယ်ချင်းကောင်းတွေနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေ။ ကိုယ့်မှာ One True Friend ရှိရင်လည်း mention ခေါ်ပေးလိုက်ပါ။
AD
your secret friend
your smart guy
#AD #SecretDiary #ADSecretDiary #Blogger #Boy #Myanmar #LifeStyle #Friend #BestFriend #BFF #LongTimeFriend #LifelongBestFriend #FakeFriend #KalvinADBrend #MyoMyintThu #ADBrend #YourSecretFriend #YourSmartGuy
Comments
Post a Comment