Level မတူလို့ Staff/ Admin/ Executive/Manager/ Director ကွဲထွက်နေတာ။ Staff Level တွေကို Executive/ Manager Level ကိုမှန်းပြီး Train ပေးရင် Train ခံရတဲ့သူတွေ မခံနိုင်ဘူး။ ဒါမျိုးတွေ ကိုယ်လည်း တစ်ချိန်က ရူးပြီး Train ပေးခဲ့ဖူးတယ်။ သူတို့ရှိတဲ့ Level မှာပဲ နေချင်ကြတာများတယ်။
တစ်ချို့တလေလောက်သာ Level မြင့်ကိုလာချင်တဲ့သူတွေရှိတာတွေ့ရတယ်။ ဒီလိုလူမျိုးတွေက သိသာတယ်။ အဲ့လိုလူမျိုးကိုပဲ ရွေးပြီး Train ပေးဖို့သင့်တော်တယ်။
အခုက လူတိုင်းကို အမြင့်တစ်နေရာရောက်ဖို့ Train ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ကိုယ်တိုင်ကမှ မမြင့်ချင်တာ train ပေးတော့ သူတို့လည်း စိတ်ညစ်တယ်။
ဒါကြောင့်လည်း လုပ်ငန်းခွင်မှာ Level တွေကွဲနေတာပါ။
လွန်ခဲ့တဲ့နှစ်တွေကအထိ ကိုယ်တွေလည်းရူးခဲ့ဖူးတယ်။ လုပ်ငန်းခွင်မှာ လူတိုင်းကို level up လုပ်ပေးချင်တာ။ သို့သော် ဒါတွေက ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ အခုလက်ခံသွားတယ်။
Comments
Post a Comment