Skip to main content

Software Developer တစ်ယောက်ဖြစ်ချင်ရင်




ဘယ်လိုအခြေခံကစရမလဲ

         Software Developer ဆိုတဲ့လုပ်ငန်းမှာ လုပ်ငန်းအဆင့် နဲ့ လုပ်ငန်းခွဲအများအပြားရှိပါတယ်။ Computer Scientist  ၊ Software Engineer ၊ Programmer  စသဖြင့် Software  ရေးသားခြင်းလုပ်ငန်းကို အဓိကလုပ်ရတဲ့ လုပ် ငန်း တွေရှိသလို၊Web Design ၊ Engineer  ၊ Programmer  စသဖြင့်တဲ့ Software  ရေးသားခြင်းလုပ်ငန်းကို အဓိက လုပ်ရတဲ့ လုပ်ငန်းတွေရှိသလို၊ Web Design  ၊ Database ၊ Architect  ၊ System Administrator  ၊Software Project Manager  စတဲ့ Software  ရေးသားခြင်းလုပ်ငန်းနဲ့ ဆက် စပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။


       ဘယ်ကဏ္ဍကို သွားချင်သလဲဆိုတဲ့ပေါ်မူတည် ပြီး သွားသင့်တဲ့လမ်းကြောင်းကလည်း ကွဲပြားသွားနိုင်ပါ တယ်။ ယေဘုယျအားဖြင့် စသင့်တဲ့အခြေခံတော့ ကွန် ပျူတာတက္ကသိုလ်မှာ တက်ရောက်လေ့လာခြင်း၊ နည်း ပညာတက္ကသိုလ်မှာ IT ဘာသာရပ်နဲ့ တက်ရောက်လေ့ လာခြင်း၊ ဒါမှမဟုတ် ဘွဲ့ဒီဂရီတစ်ခုရတဲ့အထိ တက် ရောက်လို့ရတဲ့ ပြင်ပပုဂ္ဂလိက ကွန်ပျူတာသင်တန်းကျောင်း တစ်ခုမှာ တက်ရောက်ခြင်းအားဖြင့် စသင့်ပါတယ်။

 

        ဒီနေရာမှာ အချို့ကလည်း၊ တက္ကသိုလ်ကောလိပ် ကို သွားမနေတော့ဘဲ တခြားနည်း လက်တွေ့သင်တန်း တွေတန်းတက်ပြီး လုပ်ငန်းခွင် တန်း၀င်သွားကြတာတွေ လည်း ရှိပါတယ်။ ဒီလိုတက္ကသိုလ်ကောလိပ်ကို မသွားဘဲ လက်တွေ့ကိုတန်း၀င်ခြင်းဖြင့် သင်ယူမှုအချိန်တော့ နည်း သွားပါတယ်။ ဒါပေမဲ့ အကန့်အသတ်တော့ ရှိသွားနိုင် ပါတယ်။ ဥပမာ- Programmer  အဖြစ်နဲ့သာ ရပ်တည်ရ ပြီး သူ့ထက် အဆင့်မြင့်လာတဲ့ Software Engineer  လိုSystem Architecture  လို အဆင့်တွေကိုတော့ ရောက်ရှိ ဖို့ ခက်ခဲသွားနိုင်ပါတယ်။ လုံး၀မရောက်နိုင်တာတော့ မဟုတ်ပါဘူး။ ကနေ့ခေတ်မှာ ကိုယ်တိုင်ကသာ လေ့လာ နိုင်စွမ်းရှိမယ်ဆိုရင် သင်ယူလေ့လာလို့ရတဲ့ နည်းလမ်းနဲ့ Resource  တွေက သိပ်ပေါတဲ့အတွက် လေ့လာနိုင်စွမ်း အား အလွန်ကောင်းရင်တော့ ဖြစ်သွားနိုင်ပါတယ်။ ဖြစ် နိုင်မယ်ဆိုရင်တော့ ပထမလမ်းကြောင်းဖြစ်တဲ့ တက္ကသိုလ် ကောလိပ်မှာ အခြေခံခိုင်မာအောင် အရင်လေ့လာပြီးမှ လက်တွေ့ပိုင်းကို သွားဖို့ အကြုံပြုလိုပါတယ်။

 


ဘယ်လိုဘာသာရပ်တွေကို လေ့လာရမလဲ၊ ဘယ်လို Knowledge  တွေ ရှိသလဲ

         ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေအရ အလုပ် အခွင့်အလမ်း ပေါများသလို သင်ပေးနိုင်သူ ပေါများတာ ကတော့ Programmer  ၊  Software Engineer  နဲ့ Soft-ware Project Manager  တို့ ဖြစ်ပါတယ်။ အခြားကဏ္ဍတွေကတော့ နိုင်ငံတကာမှာ အလုပ်အကိုင်အခွင့်အလမ်း ကောင်းကြပေမဲ့ ဒီမှာ အခွင့်အလမ်းနည်းကြပါတယ်။


             Programmer  ဆိုတာကတော့ Software  တစ်ခု ဖြစ်မြောက်လာဖို့ လိုအပ်တဲ့ Code  တွေကို လက်တွေ့ရေး သားသူလို့ အလွယ်ပြောနိုင်ပါတယ်။ Software Engineer  ကတော့ လက်တွေ့ Code တွေ ရေးသားရုံသာမက အဲဒီ Software  ရဲ့ နောက်ကွယ်က လိုအပ်ချက်တွေဖြစ်တဲ့ စွမ်းဆောင်ရည်ကောင်းဖို့၊ လုံခြုံစိတ်ချရဖို့ စတဲ့ လုပ်ငန်း တွေအတွက် Plan  တွေ Architecture  တွေကိုပါ ဆုံးဖြတ် ဖန်တီးနိုင်စွမ်းရှိသူတွေ ဖြစ်ပါတယ်။Software Project Manager  ကတော့ Software  တစ်ခု ဖြစ်မြောက်လာဖို့ ဝိုင်း၀န်းဆောင်ရွက်ကြတဲ့ Programmer  တွေ Software Engineer  တွေကို စီမံခန့်ခွဲပြီး Director  အဖွဲ့၀င်တွေ၊  Customer  တွေနဲ့၊ အသုံးပြုသူ User  တွေနဲ့ဆက်ဆံဆောင် ရွက်နိုင်သူဖြစ်ပါတယ်။


        အခြေခံအားဖြင့် အစမှာ Programmer  အဖြစ်  စကြပြီး၊ လိုအပ်တဲ့အတွေ့အကြုံတွေရလာပြီဆိုတဲ့ အချို့ နည်းပညာအားသန်သူတွေက Software Engineer  အဆင့်ကို တက်လှမ်းကြပြီး၊ လုပ်ငန်းပိုင်းအားသန်သူက  Project Manager  ဖြစ်လာကြသူတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်  Programmer  ကနေတော့ စကြရပါ တယ်။ အချို့ခြွင်းချက်အနေနဲ့   Project Manager  အဖြစ် တိုက်ရိုက်၀င်ရောက်သူတွေ ရှိပါတယ်။ အောင်မြင်သူ အနည်းငယ်ရှိပေမယ့် ဒီလိုတိုက်ရိုက်တက်လှမ်းခြင်းဟာ လိုအပ်တဲ့လုပ်ငန်းသဘော အောက်သက်မကြေလို့ ရေ ရှည်အောင်မြင်ဖို့ ခက်တတ်ပါတယ်။


ရွေးချယ်နိုင်တဲ့ Career  လမ်းကြောင်းတွေ

          Programmer  အဖြစ် စတင်ကြတဲ့အခါ ကနေ့ခေတ်စား တဲ့ ရွေးချယ်စရာလမ်းကြောင်းတွေကတော့၊  Business Solution Develper  ၊  Mobile App Developer  နဲ့ Web Developer  တို့ပဲ ဖြစ်ပါတယ်။ Business Solution Developer  တွေအနေနဲ့ လုပ်ငန်းသုံး Software န တွေ ရေး သားခြင်းအပိုင်းကို အဓိကထားကြသူတွေဖြစ်ပါတယ်။  ဒီလမ်းကြောင်းကို လိုက်မယ်ဆိုရင်တော့ JavaEE ၊ Microsoft Net  တို့လို နည်းပညာတွေကို အသားပေး လေ့လာကြရပါတယ်။  Mobile App Developer  အနေနဲ့ ကတော့  Smart Phone  ၊ Tablet  စတဲ့ Mobile Device  တွေမှာ အလုပ်လုပ်တဲ့ App  တွေ ရေးသားခြင်းအပိုင်းကို အဓိကထားကြသူတွေ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို လိုက်လိုရင်တော့ Java Programming Language  ကို အခြေပြုလေ့လာရတဲ့ Android Platform  နဲ့ Objective -C ၊ Swift  စတဲ့ Programming Language  တွေကို အ ခြေပြုလေ့လာတဲ့  iOS Platform  တို့ကို အသားပေး လေ့ လာရပါတယ်။Web Developer တွေကတော့ Website  တွေနဲ့ Web Application တွေရေးသားတည် ဆောက်ခြင်း အပိုင်းကို အဓိကထားကြသူတွေဖြစ်ပါတယ်။ ဒီကဏ္ဍမှာတော့ HTML 5  ၊ PHP  ၊ Java Script  စတဲ့နည်း ပညာတွေကို အတွဲလိုက်လေ့လာရတဲ့သဘော ရှိပါတယ်။ လမ်းကြောင်းတစ်ခုထက်ပိုပြီး လုပ်မယ်ဆိုရင်လည်း ရနိုင်ပါတယ်။ လုပ်ကြသူတွေ ရှိပါတယ်။ဒါပေမဲ့ အစပိုင်း မှာတော့ တစ်ခုကိုသာ ရွေးချယ်အစပြုသင့်ပါတယ်။

 

Online Resources For Self-Study

          Online ကနေ Self-Study  လုပ်ဖို့အတွက်ဆိုရင် ပထမ ဆုံး အစပြုသင့်တာကတော့ MIT (Massachusetts Institue of Technology)  က ပေးထားတဲ့  Introduction to Computer Science and Programming  ဆိုတဲ့ Course  ကနေ အစပြုသင့်ပါတယ်။

http://ocw.mit.edu/courses/intro-programming/

 ပြီးတဲ့အခါ မိမိနှစ်သက်ရာ ဘာသာရပ်အလိုက် Udacity  နဲ့ Khan Academy  က ပေးထားတဲ့ Course  တွေကို ဆက်လက်လေ့လာသင့်ပါတယ်။ အခပေး Course  တွေ ရှိသလို အခမဲ့ပေးထားတဲ့ Course  တွေလည်း ဘာ သာရပ် စုံစုံလင်လင်အတွက် ရှိပါတယ်။


https://www.udacity.com/

https://www.khanacademy.org/

 ဆက်လက်ပြီး Ebook  စာအုပ်တွေကနေ လေ့လာသင့်ပါတယ်။


Java Scrpt: http://eloquentjavascript.net/

HTML5: http://fortuito.us/diveintohtml5/

PHP: http//www.tuxradar.com/practicalphp

Java:http//www.mindview.net/Books/TIJ/

C#http://www.techotopia.com/index.php/

C_Sharp_Essentials

Python: http://learnpythonthehardway.org/book/

Ruby:http:// www.ruby-doc.org/docs/

ProgrammingRuby/

Android:http://ofps.oreilly.com/titles/ 

9781449390501/ 


         ကျွန်တော်ရေးသားထားတဲ့ Professional Web Developer  စာအုပ်တစ်အုပ်လည်း ရှိပါတယ်။ PHP/MYSQL  နဲ့  Professional Web Developer  တစ်ဦးသိသင့် တဲ့ နည်းပညာတွေကို စုစည်းဖော်ပြထားခြင်း ဖြစ်ပါတယ်။ PDF Ebook အနေနဲ့ အခမဲ့ ရယူနိုင်ပါတယ်။


Professional Web Developer: http://pwdbook.com/

      

        ဆက်လက်ပြီး နေ့စဉ် ၊ ဒါမှမဟုတ် အပတ်စဉ် နည်းပညာ ဆောင်းပါးတွေ ဖော်ပြတဲ့ Online Magazine  တွေနဲ့ Blog တွေလည်းရှိပါတယ်။Web Development  နဲ့ပတ်သက်ရင် အမြဲစောင့်ဖတ်သင့်တာတွေကို ဖော်ပြ လိုက်ပါတယ်


Smashing Magazing: 

https://www.smashingmagazine.com/ 

Tutorial Plus: http://code.tutsplus.com/

SitePoint:http://www.sitepoint.com/

အခြားဘာသာရပ်တွေအတွက်လည်း အလားတူ အမြဲဖတ်သင့်တဲ့ Online Magazing   တွေနဲ့ Blog  တွေ ရှိပါတယ်။ မိမိစိတ်၀င်စားစရာ ဘာသာရပ်အလိုက် ရှာဖွေ လေ့လာသင့်ပါတယ်။


မြန်မာနိုင်ငံအတွင်း သယ်ယူလေ့လာသင့်တဲ့ သင်တန်း/ ကျောင်းတွေ

          ကျွန်တော်လေ့လာသင်ယူခဲ့တာက လွန်ခဲ့တဲ့ ဆယ်နှစ် ကျော်ကဆိုတော့ အဲဒီအချိန်က ထင်ရှားတဲ့ သင်တန်းတွေ အခု မရှိကြတော့ပါဘူး။ အခုချိန်မှာတာ့ ကျွန်တော်ကိုယ် တိုင် တက်ရောက်သင်ယူနေတာမဟုတ်တဲ့အတွက် ဘယ် သင်တန်းကျောင်း ကောင်းတယ် ၊ မကောင်းဘူးဆိုတာကို မသိတော့ပါဘူး။ ဒါကြောင့် သင်တန်းကျောင်းတွေကိုတော့ နာမည်တပ်ပြီး မပြောနိုင်ပါဘူး။


            ရန်ကုန်တက္ကသိုလ်ထဲမှာဖွင့်တဲ့ WBTS  ဆိုတဲ့ သင်တန်းကျောင်းမှာတော့ ဘွဲ့လွန်ဒီပလိုမာတက်ပြီး ကွန် ပျူတာပိုင်းဆိုင်ရာ Master  တန်းဆက်တက်လို့ ရပါတယ်။ ဘွဲ့ရပြီးသူတွေမှသာတက်လို့ ရပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် ကွန်ပျူတာတက္ကသိုလ်တို့ နည်းပညာတက္ကသိုလ် တို့ကနေ ကွန်ပျူတာဘွဲ့မရပေမယ့် ကွန်ပျူတာပိုင်းဆိုင်ရာ ဘွဲ့တစ်ခုကို လိုချင်နေသူတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။


            ကျွန်တော်ကိုယ်တိုင် သင်ကြားပေးနေတဲ့ Fair-way  လို့ ခေါ်တဲ့သင်တန်းတစ်ခုတော့ ရှိပါတယ်။ ဒါပေမဲ့ အခြေခံကနေစပြီး သင်တန်းအတန်းမဟုတ်သလို ဘာသာ ရပ်အစုံ သင်တဲ့သင်တန်းလည်း မဟုတ်ပါဘူး။Web  Development  တစ်ခုတည်းကိုသာ သီးသန့်သင်တဲ့ အတန်း ဖြစ်ပါတယ်။


                အထက်မှာ သွားသင့်တဲ့ အဆင့်တွေကို ပြောခဲ့ ပြီးဖြစ်လို့ သက်ဆိုင်ရာ အဆင့်အလိုက် သင်ပေးနိုင်တဲ့ သင်တန်းကျောင်းကို ရှာဖွေလေ့လာပြီး တက်ရောက်ပါလို့ ပဲအကြုံပြုနိုင်ပါတယ်။ သင်တန်းကျောင်းတစ်ခုထဲမှာ အစ ကနေအဆုံးတက်မှရယ် မဟုတ်ပါဘူး။ မိမိတက်ရောက် လိုတဲ့ ဘာသာရပ်အလိုက် သီးသန့်သင်ကြားပေးတဲ့သင် တန်းတွေ၊ နာမည်ကောင်းရှိတဲ့ သင်တန်းတွေရှာဖွေ လေ့လာတက်ရောက်နိုင်ပါတယ်။


နိုင်ငံခြားမှာ ကျောင်းဆက်တက်

            ပြည်တွင်းသင်တန်းအချို့က NCC  လို တက္ကသိုလ်တွေနဲ့ ချိတ်ဆက်သင်ကြားပေးကြတာတွေ ရှိတဲ့အတွက်  First Year  ၊ Second Year  လောက်ကို ပြည်တွင်းမှာတက်ပြီး နောက်ဆုံးနှစ်ကို ပြည်ပမှာ သွားတက်ကြတာတွေ ရှိပါ တယ်။ အရင်တုန်းကတော့ ဘွဲ့ရဖို့ဆိုရင် နောက်ဆုံးနှစ်ကို ပြည်ပမှာပဲ သွားတက်လို့ရပေမယ့် အခုတော့ ပြည်တွင်း မှာတင် ဘွဲ့ရသည်အထိ တက်လို့ရတယ်လို့ ဆိုပါတယ်။


               အဲဒီလို ပြည်ပတက္ကသိုလ်နဲ့ ချိတ်ဆက်ထားခြင်း မဟုတ်တဲ့ ကွန်ပျူတာတက္ကသိုလ်တို့ နည်းပညာတက္ကသိုလ် တို့ကနေ ဘွဲ့ရထားရင်လည်း လိုအပ်တဲ့ ၀င်ခွင့်စာမေးပွဲ တွေ ဖြေပြီး ပြည်ပမှာ ဆက်တက်လို့ရတဲ့ အခွင့်အရေးတွေ ရှိပါတယ်။ (ဥပမာ- စင်ကာပူ NUS  )။ ကွန်ပျူတာနဲ့ ပတ် သက်တဲ့ ဘွဲ့မဟုတ်ဘဲ ရိုးရိုးဘွဲ့ပဲရထားရင်လည်း လုပ်ငန်း အတွေ့အကြုံရှိရင် တက်ခွင့်ပြုတယ်လို့ သိရပါတယ်။ ကျွန်တော့်ဆီမှာ သင်တန်းလည်းတက်၊ လက်တွေ့လည်း နှစ်နှစ်ကျော် ၀င်လုပ်သွားတဲ့ တပည့်တစ်ယောက်တော့ တစ်လောကပဲ အဲဒီနည်းနဲ့ တက်ခွင့်ရသွားပါတယ်။


ပြည်တွင်းမှာလုပ်ငန်းခွင်၀င်ဖို့အတွက်ဆိုရင် ဘာတွေ ပြင်ဆင်သင့်သလဲ

           လုပ်ငန်းခွင်၀င်နိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အ လုပ်သင်ပါပဲ။ ဘယ်လိုကျောင်းမျိုးတွေပဲ တက်ထားပါစေ။ လက်တွေ့အတွေ့အကြုံမရှိဘဲနဲ့တော့ လုပ်ငန်းခွင်တန်း၀င် လို့ ရမှာမဟုတ်ပါဘူး။ အရင်တုန်းတော့ သင်တန်းဆင်းထား ကြောင်း၊ တတ်မြောက်ကြောင်း Certificate  တွေ များများ ရှိရင် အလုပ်အခွင့်အလမ်းကောင်းပါတယ်။ အခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ လက်တွေ့တကယ်လုပ်နိုင်သူ အတွက်သာ အလုပ်အခွင့်အလမ်းက ကောင်းမှာဖြစ်ပါ တယ်။ သင်တန်းဆင်းလက်မှတ်တွေ Certificate  တွေဟာ  First Impression  ဖြစ်တဲ့အတွက် လိုတော့လိုအပ်ပါတယ်။ ဒါပေမဲ့ အလုပ်ရဖို့ အာမခံချက်တော့ မဟုတ်ပါဘူး။ လက် တွေ့လုပ်နိုင်ဖို့အတွက်ဆိုရင် အလုပ်သင်နည်းလမ်းက အထိရောက်ဆုံးဖြစ်ပါတယ်။ ဒါကြောင့် ထိုက်သင့်တဲ့ သင် တန်းဆင်းလက်မှတ်တွေလည်း ရယူပြီး အလုပ်သင်လည်း ကာလတစ်ခု လုပ်ဖူးထားမယ်ဆိုရင် လုပ်ငန်းခွင် ၀င်နိုင်ဖို့ အဆင်ပြေသွားမှာပါ။


ဆောင်ရန်အချက်တွေ 

           နည်းပညာဆိုတာ အဆက်မပြတ်တိုးတက်ပြောင်းလဲ နေတဲ့အတွက် အဆက်မပြတ် လေ့လာသယ်ယူတတ်တဲ့ အလေ့အထကို မေးမြူထားဖို့ လိုပါတယ်။ စူးစမ်းလိုစိတ် ရှိပြီး အဆက်မပြတ်လေ့လာသင်ယူလိုစိတ် ပြင်းပြသူမှသာ အောင်မြင်တဲ့ Software Developer  ဖြစ်လာကြလေ့ရှိပါ တယ်။


 

ရှောင်ရန်အချက်တွေ

          လေ့လာရာမှာ ထိရောက်တဲ့လေ့လာနည်းဆိုတာ ရှိပေ မယ့်ဖြတ်လမ်းကိုတော့ မလိုက်ဖို့ လိုပါတယ်။ အဆင့် အလိုက် စနစ်တကျလေ့လာခြင်းနဲ့ မြန်မြန်အလုပ်ဖြစ်စေ တဲ့ဖြတ်လမ်းနည်းယှဉ်လာတဲ့အခါ မြန်မြန်အလုပ်ဖြစ်စေ တဲ့နည်းကိုရွေးခဲ့မိလို့ နောက်ပိုင်းအဆင့်တစ်ခု ရောက်တဲ့ အခါ ရှေ့မဆက်နိုင်ဘဲ တစ်ကနေ ပြန်စလေ့လာကြရတဲ့ အဖြစ်တွေ မကြာမကြာ တွေ့ရပါတယ်။ ဥပမာ-  jQuery  နဲ့ JavaScript ဆိုတဲ့ နည်းပညာနှစ်ခုမှာ စနစ်ကျတဲ့လေ့ လာနည်းက ဲJavaScript ကို အရင်လေ့လာပြီးမှ  jQuery ကိုလေ့လာရတဲ့သဘောဖြစ်ပါတယ်။ ဒါကို မြန်မြန်အလုပ် ဖြစ်စေဖို့ JavaScript ကိုကျော်ပြီး  jQuery ကို တမ်းလေ့ လာရင် ခဏအလုပ်ဖြစ်ပြီး မြန်မြန်တက်သွားတယ်လို့ ထင်ရပေမဲ့ နောက်ပိုင်းမှာ ရှေ့ဆက်မရတော့လို့ ဲJavaScrip ကို ပြန်လေ့လာရတဲ့အတွက် အချိန်ပိုကြာသွားမှာ ပဲ ဖြစ်ပါတယ်။


သိမှတ်စေချင်သော အချက်များ

        ကနေ့အချိန်ဟာ ကွန်ပျူတာခေတ်ဖြစ်တဲ့အားလျော်စွာ Softwar Developer  များအတွက် ပြည်တွင်း၊ ပြည်ပ အလုပ်အခွင့်အလမ်းနဲ့ အနာဂတ်အလားအလာတွေဟာ အတော့်ကို ကောင်းမွန်ပါတယ်။ ပြီးတော့ ဒီနည်းပညာ ဟာ လေ့လာအားကောင်းမယ်ဆိုရင် သင်ယူလေ့လာစရာ Resource  တွေ အလွယ်တကူ ရှိနေတဲ့အတွက် သင်ယူ လွယ်ကူတဲ့ ပညာရပ်လို့လည်း ဆိုနိုင်ပါတယ်။ ဘာသာရပ် ကို လွယ်ကူတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သင်ယူစရာ ပေါများလို့ သင်ရလွယ်တယ်လို့ ပြောတာပါ။ တတ်မြောက် ဖို့အတွက်ကတော့ ကြိုးစားနိုင်မှရမှာပါ။ လုပ်ငန်းသဘော သဘာ၀အရလည်း ဖန်တီးတီထွင်ရခြင်းဖြစ်လို့ ပျော်ဖုိ့ ကောင်းတဲ့၊ စိတ်၀င်စားဖို့ကောင်းတဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ မိမိတို့ရဲ့အနာဂတ်ကို Soft-ware Developer တစ်ယောက်အနေနဲ့ တည်ဆောက်သင့် ကြောင်းကို အားပေးအကြံပြုလိုပါတယ်။

Comments

Popular posts from this blog

1. What Is an Information System?

သတင်းအချက်အလက်စနစ်သည်  နည်းပညာ၊ လူများနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ် ထားသော  ပေါင်းစပ်မှုဖြစ်ပြီး၊ ဤပေါင်းစပ်မှုသည် အသုံးဝင်သော အချက်အလက်များကို စုဆောင်း၊ ဖန်တီး၊ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်း ဖြစ်သည်။  စိတ်ဝင်စားစရာမှာ သတင်းအချက်အလက်စနစ်တစ်ခုကို သတ်မှတ်ရန် သို့မဟုတ် ဖော်ပြရန် တောင်းဆိုသောအခါတွင် လူအများစုသည် နေရာအနှံ့ရှိ “ကွန်ပျူတာများ” သို့မဟုတ် “ဒေတာဘေ့စ်များ” ဖြင့် စတင်ကြမည်ဖြစ်သည်။  သို့သော်၊ ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာစစ်ဆေးခြင်းသည် သတင်းအချက်အလက်စနစ်တစ်ခုသည် သတင်းအချက်အလက်စနစ်တစ်ခုဖွဲ့စည်းသည့် အစိတ်အပိုင်းများနှင့် အဖွဲ့အစည်းတစ်ခုအတွင်း ယင်းအစိတ်အပိုင်းများပါဝင်သည့် အခန်းကဏ္ဍနှစ်ခုလုံးကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်။

25 Age

 1999 မွေးသူဆိုရင် 23 ပြည့်ပြီး  1998 မွေးသူဆိုရင် 24 ပြည့်ပြီး 1997 ဆိုရင်ဒီနှစ်ထဲမှာ 25 နှစ်ပြည့်ပြီး  ၉၇ အောက်မွေးသူတွေကတော့ 26 ကျော်သွားပါပြီ။ ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။  ၁ - တည်ငြိမ်ရင်ကျက်ဖို့လိုလာပြီး ကိုယ့်ဘဝ ကိုယ့်ခြေကို ရပ်တည်နိုင်ဖို့ လိုလာပြီး သူများအားကိုးနဲ့ မျော်ကိုးစိတ်နဲ့ မျော်လင့်တာတွေ ရပ်တန့်သင့်ပြီး ၊ အလုပ်ကိုင်တခု ဒါမှမဟုတ် ဘဝအခြေခံရပ်တည်နိုင်မယ့် အတက်ပညာတခုခု တက်ကျွမ်းထားဖို့ လိုပါတယ် အပျော်ပါးတွေနဲ့ အချိန်ကို မဖြုန်းသင့်တော့ပါဘူး ၂ - စျေးပေါပေါအင်္ကျီတွေမ၀ယ်နဲ့တော့။  ဒီအရွယ်မှာ အများအားဖြင့် ၀င်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို စျေးနည်းနည်းနဲ့ အထည်များများ ၀ယ်တာမျိုး မလုပ်သင့်တော့ပါဘူး။ သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက္ဖက်ညီတဲ့ အ၀တ်အစားမျိုးကို ရွေးချယ်၀တ်ဆင်သင့်သလို ခပ်ပေါပေါ အ၀တ်အစားမျိုးထက် စျေးနှုန်းသင့်တင့်ပြီး ၀တ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမ...

Window Key

 💠 Windows 10 Pro : BV8N7-V3VC2-8XPYW-JXFVB-7MH26 BV8VH-C2NC8-22VKB-RPQB2-76DGT BV9QH-NPM67-KTV6B-7MPP7-B7V26 BVB9G-HVNPC-JR3MR-2MQBC-9QBP6 BVBFC-DDNT8-984W2-HRQRD-BG9TT BVCNV-Q4PW4-6KP67-6DD3V-3J3GT ♻️ Windows 7 Family Premium 32/64 bits : BMVCC-X6JRF-CJCTW-GXMQ7-BXC6R BMVF6-BD832-VWPH2-QP24T-6PVD9 BMWY3-799P4-8VTYR-BCWV4-J6CR7 BMXQM-BC2FP-HM7TV-8Q8KH-4QX4Y BP234-QHM6C-847XR-JY4HX-HQWHB BP837-Y3YXX-RQBYJ-JW8GB-JRTJB 📡 Windows Server 2012 R2 RDS - 1 Device CAL : N6PFK-3J2H6-DY2QJ-D2P89-DYFKK NBTXP-FK8D7-2Q7DQ-VRHFD-YBFKK NXRY9-6MBBP-2F3PK-M67TQ-4F929 PNF3W-39GG2-MB76F-FG283-H2W6X 🖥 Office 2019 Pro : PW3CY-JN3K6-7FCKD-DV4PM-PR6TG Q38N8-9DXFD-9KWVR-4CJHB-HVB86 Q4CRY-F2NMR-HQ8XY-YF7B8-33YCY Q6PMN-9GK6X-WPG4M-7C7VQ-DV8J6 Q7NHJ-JMDPY-VCRKJ-RQJ8Q-WQM86 🖥 Office 2016 ProPlus : 3F9RX-NTDB6-XHFXC-DYT7G-6F6TG 3G6BJ-9HNYH-TW4MG-8F6P9-BKM3P 3J2GN-83FJX-8TGTD-RJMMB-BBH7H 3KNWJ-B36PK-TP32P-TGRMH-FJTTG 3MN9H-RH2G4-HD3PQ-VYMH6-3V7HC Access 2013 :  7DDH3-N3JVK-9M94P-23BPP-GQ4M9 7GGJN-B7JQV...