IT နဲ့ သိကျွမ်းဝင်သူ တော်တော်များများကတော့ ဒီစကားလုံးလေးကို သိကြမည်ဖြစ်ပါသည်။
မသိသေးသူများလည်းရှိနိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တဖက်ကမ်းခတ်သိနေသူတော့မဟုတ်။သို့သော် မသိသေးသူများအတွက် အနည်းငယ်ဘဲသိရသိရ၊ သိသလောက်လေးကို ဗဟုသုတအနေနဲ့ပြန်ရေးပါသည်။
Database ဆိုတဲ့အတိုင်း Data စုဝေးထားရာနေရာတစ်ခုလို့ဆိုနိုင်သလို အဲလိုဘဲ သိကောင်းသိကြပေမည်။Database မှာက data store လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းမရှိပါဘူး။သူမှာက အခြေခံအားဖြင့် querying /creating/modifying နဲ့ deleting datas စတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။
Database နဲ့ ပတ်သက်ပြီး SQL (Structured Query Language) ဆိုတဲ့ language ကို မသိမဖြစ် မပြောမဖြစ်ပြောရမှာဘဲဖြစ်ပါတယ်။ SQL ဟာ SQL server,DB2,My SQL,Oracle စတဲ့ database တွေမှာ Structured Query Language(SQL)က support ပေးထားတာဘဲဖြစ်ပါတယ်။ဆိုချင်တာက SQL ကောင်းကောင်းနားလည်တတ်ကျွမ်းရင် ဘယ် database ကိုမဆို ကောင်းကောင်းနားလည်သဘောပေါက်ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်မှာဘဲဖြစ်ပါတယ်။ဒါကြောင့် SQL ကို ကောင်းကောင်းသိနားလည်ထားရပါမယ်။
ကဲ...ကျွန်တော်တို့ ဆက်ပြီး Database system ကိုဆက်ပြောပါမယ်။ကျွန်တော်တို့ သိရမှာက database systems တစ်ခုမှာက အဓိကအားဖြင့် အပိုင်းလေးခုပါဝင်ပါတယ်။
၁။ users (အသုံးပြုသူများ)
၂။ Database applications(Mobile app /websites များ)
၃။ Database Management System(DBMS)(database ထိန်းချုပ်ကွပ်ကဲမှုစနစ်)
၄။ Database
တို့ဘဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ အရင်ဆုံး users တစ်ယောက် ရှိတယ်ဆိုပါစို့။သူဟာdatabase နဲ့ ချိတ်ဆက်ထားတဲ့ website တခုကို သုံးနေတယ်ပေါ့ဗျာ။ဒီနေရာမှာ အဲ့ website ကြီးကို database applications တစ်ခုအဖြစ် တွေးကြမယ်ဗျာ။အဲ့ဒီ database application ကနေတဆင့် Database Management System (DBMS) ကိုချိတ်ဆက်ပါတယ်။ DBMS ဟာ ကျွန်တော်တို့ ဂိတ်စောင့်တစ်ယောက်လိုဘဲ Database ထဲကို ဝင်လာတဲ့(သို့) database က ထွက်သွားမယ့် အားလုံးသော data အချက်အလက်တွေကို ထိန်းချုပ်ဆောင်ရွက်ပေးပါတယ်။DBMS ဟာ database ထဲက datas တွေ အဆင်ပြေပြေချောချောမွေ့မွေ့ ဖြစ်စေဖို့အတွက် အရေးကြီးတဲ့ လုပ်ငန်းတာဝန်တစ်ခုကို ထမ်းဆောင်တယ်ဆိုလည်းမမှားပါဘူး။ သိထားရမှာတစ်ခုက users တွေ(သို့) database applications တွေက database က datasတွေကို တိုက်ရိုက်ချိတ်ဆက်အသုံးမပြုနိုင်ပါဘူး။ DBMS ကို ဖြတ်ကိုဖြတ်ရပါတယ်။ Datas တွေကို access လုပ်ဖို့. Database applications တွေဟာ DBMS ကို ဖြတ်ရတယ် ဆိုတာသိထားရပါမယ်။
Database ကတော့ datas တွေကို စုစည်း သိမ်းပေးထားတဲ့နေရာပေါ့။
ဆက်ရရင်...
၁။ users
users ကတော့Database ကို သုံးစွဲသူတွေ ကျွန်တော်တို့ပေါ့ဗျာ။
၂။ Database applications
Database applications ဆိုတာကတော့ တစ်ခု (သို့) တစ်ခုထက်ပိုတဲ့ ကွန်ပျူ တာ ပရိုဂရမ်တွေ၊ websites တွေ၊ mobile application တွေ ဘဲဖြစ်ပြီးdatabase က data တွေကို ရယူသုံးစွဲနိုင်ဖို့ သုံးစွဲသူနဲ့ DBMS ကြားမှာ ကြားခံတစ်ခုအဖြစ် ဆောင်ရွက်ပေးတဲ့အရာတွေဘဲဖြစ်ပါတယ်။သူတို့ဟာ Javaတွေ၊ C#စတာတွေနဲ့ရေးထားတဲ့ mobile app ဖြစ်ချင်ဖြစ်မယ်၊ ASP.NET (သို့) PHP စတာတွေနဲ့ရေးထားတဲ့ websites တွေ ဖြစ်ရင်ဖြစ်မယ်၊ productivity software တွေ ဖြစ်ရင်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ တစ်ခုရှိတာက စောစောက ပြောခဲ့သလိုဘဲ အဲ့ဒီ applications တွေဟာ database ကိုတိုက်ရိုက် ချိတ်ဆက် အသုံးပြုလို့တော့ မရပါဘူး။ Datas သုံးခွင့်ရဖို့ DBMS တော့ ဖြတ်သွားရမှာဘဲ ဖြစ်ပါတယ်။
၃။ DBMS (Database Management System)
DBMS ဆိုတာ အပေါ်မှာ ပြောပြခဲ့သလိုဘဲ database နဲ့ database applications တွေကြားမှာ ကြားခံဂိတ်စောင့်တစ်ခုလို ဆောင်ရွက်ပေးတဲ့အရာပါ။ database ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်ဖို့စီမံကွပ်ကဲဖို့ ထားတဲ့ software program တစ်ခုပါ။Database တွေ create လုပ်ဖို့...administrator အဖြစ်ဆောင်ရွက်ဖို့ သုံးတာပါ။ DBMS ဟာ database နဲ့ ချိတ်ဆက်ဆောင်ရွက်ပေမဲ့ သူ့ကိုယ်တိုင်က Database မဟုတ်ပါဘူး။DBMS ဟာ အများကြီး ဆောင်ရွက်နိုင်ပါတယ်။
#databaseအသစ်တွေ ဖန်တီးနိုင်တယ်။
#DBMSသုံးပြီးDatas အချက်အလက်တွေကို (read / write & store) ဖတ်နိုင်ရေးနိုင် သိမ်းထားပေးနိုင်ပါတယ်။
#(Editing and updating) အချိန်မရွေး လိုအပ်သလို ပြင်ဆင် update လုပ်နိုင်ပါတယ်။
#(deleting datas) datas အချက်အလက်တွေကို ဖျက်ပစ်နိုင်ပါတယ်။
# Data intergrity (Referential integrity Contriants )ဆိုတဲ့ မှန်ကန်တဲ့ Datasတွေကိုဘဲ စိစစ်လက်ခံခြင်းဆိုတာကိုလည်း ဆောင်ရွက်နိုင်ပါတယ်။
# (provide security) စနစ်တကျ လုံခြုံမှုရှိအောင်သိမ်းထားနိုင်ပါတယ်။
#(perform data backup and recovery)
datas တွေ backup နဲ့ recovery လုပ်ပေးနိုင်ပါတယ်။
၄။Database
Database ဆိုတဲ့ အပိုင်းမှာကတော့ Datas အချက်အလက်တွေ ရှိတာပေါ့။database မှာ ကျွန်တော်တို့ ထည့်သွင်းထားတဲ့ datas တွေတင် ရှိတာ မဟုတ်ပါဘူး။ သူမှာ တခြားအရာတွေဖြစ်တဲ့ metadata, indexes နဲ့ တခြား overhead datas တွေ၊ application metadatas တွေပါဝင်ပါသေးတယ်။
စာက ရှည်နေပေမဲ့ ရေးလက်စနဲ့ တဆက်တည်း Database systems types တွေ အကြောင်းအကျဉ်းပြောပါမယ်။ပုံမှန်အားဖြင့်
1. Personal database systems နဲ့
2. Enterprise-level database system
ဆိုပြီး ခွဲခြားပြောနိုင်ပါတယ်။
#1. Personal database systems
သူကတော့ သေးငယ်တဲ့database တွေဘဲဖြစ်ပြီး ပုံမှန်အားဖြင့် single user အဖြစ်ဘဲ သုံးကြပါတယ်။design တည်ဆောက်ပုံရိုးရှင်းပြီး သိပ်ရှုပ်ထွေးမှု မရှိပါဘူး။အလွန်သေးတဲ့ small businesses တွေမှာ သုံးနိုင်ပါတယ်။Personal database system ကို ဥပမာပြပါဆိုရင် Microsoft Access ကို ပြရပါမယ်။ သူဟာ အသုံးပြုရ လွယ်ကူအဆင်ပြေပါတယ်။
2. Enterprise-level Database Systems
သူကတော့ Enterprise-level ဆိုတဲ့အတိုင်း များစွာသော users တွေကို တချိန်တည်းမှာ အသုံးပြုနိုင်၊ support ပေးနိုင်ဖို့ design ဆွဲထားတာဘဲ ဖြစ်ပါတယ်။ Enterprise level ဖြစ်လို့design တည်ဆောက်မှုဟာ ရှုပ်ထွေးပါတယ်။ထောင်နဲ့ချီတဲ့ users တွေ တချိန်တည်း သုံးနိုင်၊support လုပ်ပေးနိုင်ပါတယ်။ELDB ဟာ တစ်ခုထက်ပိုတဲ့ applications တွေကို ဆောင်ရွက်ပေးနိုင်ပါတယ်။များသောအားဖြင့်လည်း များပြားလှစွာသော computers တွေလိုအပ်ပါတယ်။ထို့အတူ ELDB မှာ များပြားလှစွာသော databases တွေလည်း ပါဝင်မှာဘဲဖြစ်ပါတယ်။ database ဟာ များစွာသော physical servers တွေပေါ်မှာ run နိုင်ပါတယ်။
ဒီလောက်ဆို database အကြောင်း အခြေခံအားဖြင့် သိလောက်ပြီထင်ပါတယ်
Comments
Post a Comment