Skip to main content

Posts

Showing posts from December, 2021

ခေတ်သစ် အွန်လိုင်းသင်ယူမှုအတွက် မိဘများသိထားသင့်သည့် နည်းပညာများအကြောင်း

နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်တဲ့မိဘတွေရှိသလို ၊ မကျွမ်းဝင်တဲ့မိဘတွေလည်း ရှိပါတယ်။ ခေတ်သစ်အွန်လိုင်းသင်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း မိဘတွေအနေနဲ့ အနည်းနဲ့အများ စိန်ခေါ်မှုတွေ၊ အငြင်းပွားဖွယ်ရာ တွေရှိတာ တွေ့ရပါတယ် ။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာ ကိုယ့်ကလေးပညာရေးနောက် မကျရအောင်၊ လိုက်လျောညီထွေနေနိုင်အောင် ခေတ်သစ်အွန်လွန်းသင်ယူမှုနဲ့ပတ်သက်ပြီး မိဘတွေအနေနဲ့ နည်းပညာဆိုင်ရာ ဗဟုသုတများ လေ့လာထားသင့်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် မိဘများသိထား သင့်သည့် နည်းပညာများအကြောင်းကို ဝေမျှပေးလိုက်ပါရစေ။ ၁ ) သင်ယူနိုင်မယ့် မီဒီယာများ မိဘများအနေနဲ့ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် သင်ကြားမှုကို အထောက်အကူပြုပေးနိုင်သည့် မီဒီယာများ ကို ဦးစွာ လေ့လာသိရှိထားဖို့လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုသင်ကြားနေတဲ့မီဒီယာများမှာ ကွန်ပျူ တာ ၊ Laptop ၊ ဖုန်း ၊ Tablet စတဲ့ အီလက်ထရောနစ် Device များကိုအသုံးပြုပြီး zoom, google meet, Facebook messenger, viber group ဖွဲ့ပြီး သင်ကြားလျက်ရှိပါတယ် ။ အခုဖော်ပြပေးလိုက်တဲ့ မီဒီယာများဟာ သင်တန်းကျောင်းအများစု အသုံးပြုသင်ကြားနေတဲ့ မ...

နည်းပညာ လေ့လာနည်း

 လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။ ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိ...

​Avengers Organization မျိုး တကယ်ရှိနိုင်သလား။

  ထက်မြက်တဲ့ လူတော်တွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်မျိုးမှာ မလုပ်ချင်တဲ့သူ ရှိမယ်မထင်ပါဘူး။ ဒါ့အပြင် အကျိုးဆက်အနေနဲ့ သူတို့လုပ်အားကြောင့် လုပ်ငန်းကြီးထွားအောင်မြင်လာတဲ့အခါ ဝန်ထမ်းအတွက် ခံစားခွင့်တွေကလည်း ပိုပြီးမြင့်တက်လာမှာ သေချာပါတယ်။ ဒီလို Organization မျိုးကို ဝန်ထမ်းတွေသာမက လုပ်ငန်းရှင်တွေကပါ အိမ်မက်မက်ကြပါတယ်။ အဲဒီလိုအနေအထားကို ရောက်ဖို့အတွက် ဖြတ်ကျော်ရမယ့် အတားအဆီးလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။ ​ Foundation ကုမ္ပဏီကို စတင်ဖွဲ့စည်းတဲ့ဖို့ကြိုးစားတဲ့အခါ Basic steps တိုင်းက အရေးပါပါတယ်။ နောက်မှ ကြည့်လုပ်လိုက်တာပေါ့ ဆိုတဲ့ mindset ဟာ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ မချထားတဲ့ အဆောက်အဦးတစ်ခုလို ဖြစ်နေပြီး အချိန်မရွေး ပြိုကျပျက်စီးနိုင်ပါတယ်။ Company registration က စလို့ Human resources management တွေအထိ အဆင့်တိုင်းဟာ သေချာမှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေဖို့ လိုအပ်ပါတယ်။ အလောတကြီး လုပ်ခြင်းက တခါတရံ အမှားလုပ်မိစေတတ်ပါတယ်။ ​ Compliance အပေါ်မှာ ဆိုခဲ့တဲ့အတိုင်း Labour law နဲ့ Tax law စတာတွေမှာ ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် ညီညွှတ်မျှတတဲ...

IT သမားကောင်းတစ်ယောက် ဘာတွေသိသင့်ဖို့လိုအပ်လဲ

  သမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးတွေရှိနေသင့်လဲဆိုတာသိဖို့လိုပါတယ်။ မိမိအသက်မွေးဝမ်းကြောင်းပြုလုပ်လိုသော IT Type ပေါ်မူတည်ပြီး မည်သို့သော IT Speciality မျိုးကိုလေ့လာသင့်လဲ၊ ဘယ်လို Skill မျိုးရှိသင့်သလဲဆိုတာ သိသင့်ပါတယ်။ လူသားတစ်ယောက်အတွက် ပျော်ရွှင်မှုတစ်ခုဆိုတာ မိမိဝါသနာပါသောအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ခြင်းလဲပါဝင်နေပြန်တယ်။ အဲ့ဒါကြောင့် သင်ဟာ IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် ဘယ်လို IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုလဲစဉ်းစားပါ။ အခြေခံအားဖြင့် IT ခေါင်းစဉ်အောက်တွင် ကောင်းမွန်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သော လမ်းကြောင်းများကို ဖော်ပြထားပါတယ်။ (1) ပထမဆုံးအခြေခံအားဖြင့် Speciality ကို စဉ်းစားစေချင်ပါတယ် ဥပမာ – Software (Developing/Implementation) အပိုင်းကိုသွားမလား? Network (System/Security/Switching & Routing) အပိုင်းကိုသွားမလား? ဘယ်လိုအပိုင်းမျိုးကိို ပိုစိတ်ဝင်စားသလဲဆိုတာ သေချာစဉ်းစားပါ။ ဒီအပို်ုင်း ၂ ပိုင်းနဲ့ ပက်သက်ပြီး ဘယ်လိုမျိုး အခွဲတွေထပ်ရှိနေအုန်းမလည်းဆိုတာ ဖော်ပြပေးပါမယ်။ Software Implementati...