Skip to main content

နည်းပညာ လေ့လာနည်း


 လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။

အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။

ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိုလည်း ဒီဥပမာကို ပြောပြခဲ့ဖူးပါတယ်။

ကျွန်တော်တို့ ရန်ကုန်ကနေ မန္တလေးကို ရထားနဲ့ သွားမယ်ဆိုပါစို့။ ကျွန်တော်တို့က နည်းနည်းနောက်ကျပြီးမှ ဘူတာကို ရောက်တယ်။ ကျွန်တော် လက်မှတ်ဝယ်ထားတာက ဒုတိယတွဲမှာ။ ကျွန်တော်တို့ ရောက်နေတဲ့အချိန် ရထားက တစ်လိမ့်လိမ့်ထွက်နေတယ်။ ကျွန်တော်တို့ပြေးတာထက် ရထားခုတ်တာက ပိုမြန်နေလို့ ဒုတိယတွဲကို ပြေးလိုက်ဖို့ မမီတော့ဘူး။ ဒီအခြေအနေမှာ အားလုံး ကိုယ့်စိတ်ကူးနဲ့ကိုယ် အတွဲ (၂) ကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာ နည်းနည်းစဉ်းစားကြည့်ပါ။ ပြီးမှ ကျွန်တော် ပြောတာကို ဆက်ကြည့်ပါ။ ကျွန်တော့်ရဲ့ စဉ်းစားပုံက နောက်တစ်ပိုဒ်မှာ ရှိပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက၊ မီတဲ့အတွဲကို အရင်ခိုတက်ရပါမယ်။ အဲဒီလို တက်လိုက်ပြီဆိုရင် ကျွန်တော်တို့ ရောက်ချင်တဲ့ အတွဲ (၂) ကို ရထားတွဲတစ်ခုကနေ တစ်ခုကို ပုံမှန်အတိုင်း လမ်းလျှောက်ပြီး သွားရင်တောင် ခဏနေရင် ရောက်ပါတယ်။ ဒီလိုပါပဲ အိုင်တီ နည်းပညာ ဟာလည်း အခုအချိန်မှာ တော်တော်ကြီး တိုးတက်နေပြီး ဖြစ်ပါတယ်။ ပုံမှန်အတိုင်းသာ ပြေးလိုက်ရင်တော့ လိုက်လေ ဝေးလေဖြစ်ပြီး နောင်တစ်ချိန်မှာ အိုင်တီပညာကို လုံးဝစိတ်ကုန်သွားမှာ သေချာပါတယ်။ ဒါကြောင့် အခုဘယ်လောက် တိုးတက် တိုးတက်၊ မိမိနားမှာ ရှိတဲ့၊ မိမိနဲ့ နီးစပ်တဲ့ နည်းပညာမှန်သမျှကို လေ့လာပါ။ တစ်ချို့လူတွေရှိတယ် ဘာပဲ လုပ်လုပ် အခြေခံ ကျကျလုပ်လေ့ရှိတယ်။ အဲလိုလုပ်တာ နေရာတိုင်းတော့မကောင်းဘူးပေါ့။ ဟာသအနေနဲ့ ပြောရရင် ရေတွင်းတူးရင် အခြေခံကျကျဆိုပြီး အောက်ဆုံးကနေ တူးလို့မှ မဖြစ်တာ။ အဲဒီလိုလူတွေက သင်တန်းကို အရမ်းအားကိုးတယ်၊ သင်တန်းတက်မှ အခြေခံကျကျတတ်မယ်လို့ ခံယူထားတယ်။ အဲဒီ ခံယူချက်ကြောင့်ပဲ ကိုယ်တိုင် အားစိုက်ဖို့ မေ့နေတတ်ကြတယ်။ သင်တန်းမတက်ဖို့ ပြောနေတာ မဟုတ်ပါဘူး။ တစ်ကယ့်လက်တွေ့မှာ ဘယ်သင်တန်း ဘယ်လောက်ကောင်းကောင်း ကိုယ်တိုင် အားမစိုက်ရင် မတတ်ပါဘူး။ Computer နည်းပညာ မှာ အဲလိုခံယူချက်တွေရှိနေရင် တိုးတက်ဖို့ ခဲယဉ်းပါတယ်။ အိုင်တီ နည်းပညာေ တွအားလုံးက ကိုယ်ပိုင် စိတ်ကူးတွေနဲ့ ဖန်တီးရတဲ့ နည်းပညာ တွေပါပဲ။

တစ်ချို့တွေရှိတယ် design ဆွဲတဲ့ သင်တန်း တစ်ခုခု သွားတက်လိုက်တယ်။ သင်တန်းပြီးလို့ certificate ရပြီဆို သူတို့ကိုယ်သူတို့ designer တစ်ယောက်လို့ သတ်မှတ်လိုက်တယ်။ Programming language တစ်ခုခုကို သင်တန်းမှာ သွားတက်လိုက်တယ်။ သင်တန်းဆင်းလို့ လက်မှတ်ရပြီဆို သူတို့ကိုယ်သူတို့ programmer လို့ သတ်မှတ်လိုက်တယ်။ ကိုယ်ပိုင် စိတ်ကူးမကောင်းသရွေ့ ဘယ်တော့မှ designer, programmer ဖြစ်ဖို့ မလွယ်ကူပါဘူး။

အခုခေတ်မှာ လူငယ်တွေသိတဲ့ အိုင်တီ သမား ဆိုတာ software တွေတင်၊ crack တွေရှာတင်ပေး။ ဒီလောက်ဆိုရင် လူတော်တော်များများက IT သမားလို့ ထင်နေကြပါတယ်။ သူတစ်ပါးကို ပုတ်ခတ်တာ မဟုတ်ပါဘူး။ IT နည်းပညာ ဆိုတာ ကျယ်ပြန်ကြောင်း သိစေချင်တာပါ။ ဒီလောက်နဲ့ ကျေနပ်နေကြမယ်ဆိုရင် နောက်ပိုင်းမှာ နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ software crack ရှာတတ်၊ software တွေ သုံးတတ်ရုံနဲ့ IT မဖြစ်ပါဘူး။ IT ဆိုတာ အရမ်းကျယ်ပြန့်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ နည်းပညာပိုင်းမှာ နောက်ကျမကျန်ခဲ့အောင် ဘယ်လိုလေ့လာရမယ်ဆိုတာ ပြောမှာဖြစ်ပါတယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။

အားလုံးကို အသေးစိတ် ရှင်းပြပါမယ်။

၁။ ကိုယ့် professional လမ်းကြောင်း ရွေးပါ။
အပေါ်မှာ ပြောခဲ့သလိုပဲ IT ဆိုတာ အရမ်း ကျယ်ပြန့်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်းနဲ့တော့ အားလုံး တတ်ချင်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့်မို့လို့ ကိုယ့်ကိုယ်ကို ဘာစိတ်ဝင်စားလဲဆိုတာ ပြန်မေးပါ။ design (graphic design, architect design, web design), programming or development (desktop development, mobile development, web development), Hardware and Network, … စသဖြင့် ရှိတဲ့အထဲမှာ ကိုယ်တစ်ကယ် စိတ်ဝင်စားတဲ့ အပိုင်းကို ရွေးချယ်ပါ။ စိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ ကိုယ်စိတ်ဝင်စားမှု အတိုင်းအတာက ပိုက်ဆံဘယ်လောက်ရလဲဆိုတာအပေါ် မမူတည်ရပါဘူး။ ကိုယ်တိုင်တစ်ကယ် စိတ်ဝင်စားရင် အာရုံစိုက်ပြီး လုပ်နိုင်တဲ့အတွက် product ကောင်းကောင်းတွေ ဖန်တီးနိုင်ပါတယ်။ ကိုယ်ဖန်တီးတဲ့ products တွေသာ ကောင်းနေမယ်ဆိုရင် ပိုက်ဆံက အလိုလို ရလာပါလိမ့်မယ်။ ဒါကြောင့် တစ်ကယ်စိတ်ဝင်စားတာကို ရွေးပါ။ products တိုင်းကို ကောင်းအောင်လုပ်ပါ။

၂။ ပတ်သတ်ရာ သင်တန်း တစ်ခုခုတက်ပါ။
ကျွန်တော် အပေါ်မှာလည်း သင်တန်းတွေကို အရမ်းအားမကိုးဖို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းမတက်ခိုင်းတာတော့ မဟုတ်ပါဘူး။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးပြီးပြီဆို ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန်ဆန်ဆန် ရောက်အောင် သင်တန်းကိုတော့ အကူအညီအဖြစ်နဲ့ ယူရပါမယ်။ သင်တန်းတက်နေတဲ့အချိန်မှာလဲ သင်တန်းက သင်တာထက်ကို ကိုယ်တိုင်က များများတွေးခေါ်ပြီး သင်တန်းဆရာနဲ့ အမြဲတမ်း ဆွေးနွေးနေရပါမယ်။ ဒါမှသာ သင်တန်းတက်ပြီးရင် ကိုယ်ပိုင်အတွေးအခေါ်တွေ အများကြီး ရင့်ကျက်လာမှာ ဖြစ်ပါတယ်။

၃။ ကိုယ်ရွေးထားတဲ့ လမ်းကြောင်းနဲ့ အလုပ်ဝင်လုပ်ပါ။
သင်တန်းပြီးသွားပြီဆိုရင်တော့ “တတ်ပြီးပညာ မလေ့လာ၊ မကြာမရှည် ပျောက်တတ်သည်” ဆိုတာမျိုး မဖြစ်ရအောင်လို့၊ တက်ထားတဲ့ သင်တန်းတဲ့ လိုက်ဖက်မယ့် အလုပ်ကို ရှာလုပ်ပါ။ အခုမှ သင်တန်းတက်ပြီး အလုပ်ရှာနေတာမို့လို့ လစာကို ချေး(ဂျီး)မများပါနဲ့၊ ဒါပေမယ့် company ကိုတော့ ရွေးပါ။ company တွေက အလုပ်သမား ရွေးသလိုမျိုး ကိုယ်တိုင်ကလည်း company ရွေးချယ်ခွင့် ရှိပါတယ်။ တစ်ချို့ company တွေက အစမှာ လစာမကောင်းပေမယ့် ကိုယ့်အရည်အချင်းကို သိပြီးတဲ့နောက်မှာ လစာကောင်းကောင်း ပေးတတ်ပါတယ်။ တစ်ချို့ကလည်း အစပိုင်းမှာ ကောင်းသယောင်ယောင်ရှိပေမယ့် နောက်ပိုင်းမှာ လစာက မတိုးတော့တာမျိုး ရှိတတ်ပါတယ်။ ဒါက လစာကို ဥပမာအနေနဲ့ ပြောပြတာပါ။ company ရွေးတဲ့အခါမှာ အခြား စဉ်းစားရမယ့်အချက်တွေ အများကြီး ရှိပါတယ်။ အလားအလာရှိပြီး ရေရှည်မှာ ကိုယ့်အတွက်ကောင်းမယ့် company ကိုရွေးပါ။

၄။ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပါ။
ကိုယ်တစ်ယောက်တည်းဆိုရင် ကိုယ့် idea တစ်ခုတည်းပဲ ထွက်ပါမယ်။ အဲဒီအခါကျရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့် idea က ပုံသေဖြစ်လာမယ်ဆိုရင် အကောင်းဆုံးလုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်နဲ့ နယ်ပယ်တူ သူငယ်ချင်းများနဲ့ မိတ်ဖွဲ့ပြီး သူတို့နဲ့ အမြဲတမ်း ဆွေးနွေးနေပါ။ သူငယ်ချင်းလို့ပြောတဲ့ထဲမှာ လူမှ မဟုတ်ပါဘူး ဆွေးနွေးနိုင်မယ့် ဘယ်အရာမဆို အကြုံးဝင်ပါတယ် (ဥပမာ၊ ၊ online forum)။ မိတ်ဖွဲ့ခိုင်းရတဲ့ အဓိက ရည်ရွယ်ချက်က မိမိ idea တွေ အမြဲတမ်း ဆန်းသစ်နေဖို့ပါ။ ဒါကြောင့် တစ်ခြား လေ့လာမှုတွေလည်း ပါရပါမယ်။

၅။ ကိုယ်ပိုင်များများတွေးပါ၊ သူများတွေရဲ့ အတွေးကို လေ့လာပါ။
ဒီနေရာမှာ လူတိုင်းမှားတတ်ကြတာက ကိုယ်တိုင်များများမတွေးဘဲ။ သူများဆီက ကူးချတာက များနေပါတယ်။ သူများဆီက idea ကူးချနေရုံနဲ့တော့ ဘယ်တော့မှ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာမဟုတ်ပါဘူး။ အစပိုင်းမှာ ပိုက်ဆံများများရမယ့် လမ်းကြောင်း ရွေးထားတယ်၊ အလွယ်လိုက်ပြီး သူများ idea တွေကိုပဲ အသုံးပြုပြီး အလုပ်လုပ်နေမယ်ဆိုရင် အချိန်ဘယ်လောက်ကြာကြာ ကိုယ့်ရဲ့ဝင်ငွေက တိုးဖို့ မရှိတော့ပါဘူး၊ တိုးလည်း နည်းနည်းပါပဲ။ ကိုယ်ပိုင် idea ကို အသုံးပြုပြီး အလုပ်လုပ်မယ်ဆိုရင်တော့ ဘယ်လောက် လစာ မကောင်းတဲ့ company မှာ ဝင်လုပ်နေပါစေ။ ကိုယ့်ရဲ့ လက်ရာတွေက ပိုက်ဆံများများပေးမယ့် company တွေကို ဖိတ်ခေါ်နေပါလိမ့်မယ်။ ဆိုလိုတာက ကိုယ့်ရဲ့ လက်ရာတွေသာ ကောင်းနေမယ်ဆိုရင် ဘယ် company မှာ သွားလျှောက်လျှောက် အလုပ်ရဖို့ ရာခိုင်နှုန်း များပါတယ်၊ တစ်ဆင့်ထက် တစ်ဆင့် မြင့်တဲ့ အခွင့်အလမ်းတွေ ပေါ်လာမှာပါ။ ဒါပေမယ့် ကိုယ့် idea တစ်ခုတည်းနဲ့လည်း မဖြစ်ပါဘူး။ သူများ idea တွေကိုလည်း လေ့လာပါ။ ဒါပေမယ့် ကိုယ်ပိုင် idea သုံးတဲ့ ရာခိုင်နှုန်းက ပိုများရပါမယ်။ ကိုယ်ပိုင် အတွေးအခေါ်က ၈၀%၊ တစ်ခြား အတွေးအခေါ်က ၂၀% လောက်ဖြစ်နေရပါမယ်။ အဲဒီ ၂၀% တောင် တစ်ခြား လူ ၁၀ ယောက်လောက်ဆီက ယူရမှာဖြစ်ပါတယ်။ ဒါမှ ကိုယ့် လက်ရာ (products) တွေမှာ သူများရဲ့ အတွေးအခေါ်တွေ လွှမ်းမိုးမနေမှာ ဖြစ်ပါတယ်။ ကိုယ့်ဦးနှောက်ကို သုံးရတာ အစပိုင်းမှာ တော်တော်ခက်သလို၊ products ကောင်းကောင်းတွေလည်း ထွက်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် လွယ်လွယ် အညံ့ခံပြီးတော့ ကူးချဖို့ပဲ စိတ်မစောနေပါနဲ့။ အခုအချိန်မှာ အချိန်ပေးထားလိုက်ရင် နောင်တစ်ချိန်မှာ products ကောင်းကောင်းတွေ ရရှိလားမှာပါ။ စု၊ တု၊ ပြု ပဲရှိပါတယ်။ စု၊ ကူး၊ ပြု ဆိုတာ မရှိပါဘူး။ အားလုံးပဲ ခေတ်ရေစီးကြောင်းနဲ့ အမီ လိုက်နိုင်ကြပါစေ။

Comments

Popular posts from this blog

1. What Is an Information System?

သတင်းအချက်အလက်စနစ်သည်  နည်းပညာ၊ လူများနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ် ထားသော  ပေါင်းစပ်မှုဖြစ်ပြီး၊ ဤပေါင်းစပ်မှုသည် အသုံးဝင်သော အချက်အလက်များကို စုဆောင်း၊ ဖန်တီး၊ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်း ဖြစ်သည်။  စိတ်ဝင်စားစရာမှာ သတင်းအချက်အလက်စနစ်တစ်ခုကို သတ်မှတ်ရန် သို့မဟုတ် ဖော်ပြရန် တောင်းဆိုသောအခါတွင် လူအများစုသည် နေရာအနှံ့ရှိ “ကွန်ပျူတာများ” သို့မဟုတ် “ဒေတာဘေ့စ်များ” ဖြင့် စတင်ကြမည်ဖြစ်သည်။  သို့သော်၊ ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာစစ်ဆေးခြင်းသည် သတင်းအချက်အလက်စနစ်တစ်ခုသည် သတင်းအချက်အလက်စနစ်တစ်ခုဖွဲ့စည်းသည့် အစိတ်အပိုင်းများနှင့် အဖွဲ့အစည်းတစ်ခုအတွင်း ယင်းအစိတ်အပိုင်းများပါဝင်သည့် အခန်းကဏ္ဍနှစ်ခုလုံးကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်။

25 Age

 1999 မွေးသူဆိုရင် 23 ပြည့်ပြီး  1998 မွေးသူဆိုရင် 24 ပြည့်ပြီး 1997 ဆိုရင်ဒီနှစ်ထဲမှာ 25 နှစ်ပြည့်ပြီး  ၉၇ အောက်မွေးသူတွေကတော့ 26 ကျော်သွားပါပြီ။ ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။  ၁ - တည်ငြိမ်ရင်ကျက်ဖို့လိုလာပြီး ကိုယ့်ဘဝ ကိုယ့်ခြေကို ရပ်တည်နိုင်ဖို့ လိုလာပြီး သူများအားကိုးနဲ့ မျော်ကိုးစိတ်နဲ့ မျော်လင့်တာတွေ ရပ်တန့်သင့်ပြီး ၊ အလုပ်ကိုင်တခု ဒါမှမဟုတ် ဘဝအခြေခံရပ်တည်နိုင်မယ့် အတက်ပညာတခုခု တက်ကျွမ်းထားဖို့ လိုပါတယ် အပျော်ပါးတွေနဲ့ အချိန်ကို မဖြုန်းသင့်တော့ပါဘူး ၂ - စျေးပေါပေါအင်္ကျီတွေမ၀ယ်နဲ့တော့။  ဒီအရွယ်မှာ အများအားဖြင့် ၀င်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို စျေးနည်းနည်းနဲ့ အထည်များများ ၀ယ်တာမျိုး မလုပ်သင့်တော့ပါဘူး။ သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက္ဖက်ညီတဲ့ အ၀တ်အစားမျိုးကို ရွေးချယ်၀တ်ဆင်သင့်သလို ခပ်ပေါပေါ အ၀တ်အစားမျိုးထက် စျေးနှုန်းသင့်တင့်ပြီး ၀တ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမ...

Window Key

 💠 Windows 10 Pro : BV8N7-V3VC2-8XPYW-JXFVB-7MH26 BV8VH-C2NC8-22VKB-RPQB2-76DGT BV9QH-NPM67-KTV6B-7MPP7-B7V26 BVB9G-HVNPC-JR3MR-2MQBC-9QBP6 BVBFC-DDNT8-984W2-HRQRD-BG9TT BVCNV-Q4PW4-6KP67-6DD3V-3J3GT ♻️ Windows 7 Family Premium 32/64 bits : BMVCC-X6JRF-CJCTW-GXMQ7-BXC6R BMVF6-BD832-VWPH2-QP24T-6PVD9 BMWY3-799P4-8VTYR-BCWV4-J6CR7 BMXQM-BC2FP-HM7TV-8Q8KH-4QX4Y BP234-QHM6C-847XR-JY4HX-HQWHB BP837-Y3YXX-RQBYJ-JW8GB-JRTJB 📡 Windows Server 2012 R2 RDS - 1 Device CAL : N6PFK-3J2H6-DY2QJ-D2P89-DYFKK NBTXP-FK8D7-2Q7DQ-VRHFD-YBFKK NXRY9-6MBBP-2F3PK-M67TQ-4F929 PNF3W-39GG2-MB76F-FG283-H2W6X 🖥 Office 2019 Pro : PW3CY-JN3K6-7FCKD-DV4PM-PR6TG Q38N8-9DXFD-9KWVR-4CJHB-HVB86 Q4CRY-F2NMR-HQ8XY-YF7B8-33YCY Q6PMN-9GK6X-WPG4M-7C7VQ-DV8J6 Q7NHJ-JMDPY-VCRKJ-RQJ8Q-WQM86 🖥 Office 2016 ProPlus : 3F9RX-NTDB6-XHFXC-DYT7G-6F6TG 3G6BJ-9HNYH-TW4MG-8F6P9-BKM3P 3J2GN-83FJX-8TGTD-RJMMB-BBH7H 3KNWJ-B36PK-TP32P-TGRMH-FJTTG 3MN9H-RH2G4-HD3PQ-VYMH6-3V7HC Access 2013 :  7DDH3-N3JVK-9M94P-23BPP-GQ4M9 7GGJN-B7JQV...