နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်တဲ့မိဘတွေရှိသလို ၊ မကျွမ်းဝင်တဲ့မိဘတွေလည်း ရှိပါတယ်။ ခေတ်သစ်အွန်လိုင်းသင်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း မိဘတွေအနေနဲ့ အနည်းနဲ့အများ စိန်ခေါ်မှုတွေ၊ အငြင်းပွားဖွယ်ရာ တွေရှိတာ တွေ့ရပါတယ် ။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာ ကိုယ့်ကလေးပညာရေးနောက် မကျရအောင်၊ လိုက်လျောညီထွေနေနိုင်အောင် ခေတ်သစ်အွန်လွန်းသင်ယူမှုနဲ့ပတ်သက်ပြီး မိဘတွေအနေနဲ့ နည်းပညာဆိုင်ရာ ဗဟုသုတများ လေ့လာထားသင့်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် မိဘများသိထား သင့်သည့် နည်းပညာများအကြောင်းကို ဝေမျှပေးလိုက်ပါရစေ။
၁ ) သင်ယူနိုင်မယ့် မီဒီယာများ
မိဘများအနေနဲ့ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် သင်ကြားမှုကို အထောက်အကူပြုပေးနိုင်သည့် မီဒီယာများ ကို ဦးစွာ လေ့လာသိရှိထားဖို့လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုသင်ကြားနေတဲ့မီဒီယာများမှာ ကွန်ပျူ တာ ၊ Laptop ၊ ဖုန်း ၊ Tablet စတဲ့ အီလက်ထရောနစ် Device များကိုအသုံးပြုပြီး zoom, google meet, Facebook messenger, viber group ဖွဲ့ပြီး သင်ကြားလျက်ရှိပါတယ် ။ အခုဖော်ပြပေးလိုက်တဲ့ မီဒီယာများဟာ သင်တန်းကျောင်းအများစု အသုံးပြုသင်ကြားနေတဲ့ မီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အခု မီဒီယာများရဲ့အသုံးပြုပုံကို အဓိကထားလေ့လာဖို့ အကြံပေးလိုက်ပါရစေ။
၂ ) Scheduling screen time ( Screen Time အချိန်သတ်မှတ်ခြင်း )
ခေတ်သစ်အွန်လိုင်းသင်ယူမှုမှာ ကျောင်းသားတွေကို စည်းကမ်းသတ်မှတ်ဖို့နဲ့ ထိန်းသိမ်းဖို့ ဘယ်လောက်ခက်ခဲ မလဲဆိုတာ နားလည်ပါတယ်။ ( ဥပမာ - စာသင်နေတယ်လို့ပြောပေမယ့် ဂိမ်းကစားနေတာမျိုးကို ဆိုလိုခြင်းဖြစ် ပါတယ်။ ) ဒါ့အပြင် အားလပ်ချိန်တွေမှာ ဖုန်းအလွန်အကျွံသုံးတာ၊ ဂိမ်းဆော့တာမျိုးတွေ လုပ်နိုင်ပါတယ်။ ဒါပေ မယ့် ဘာမှမစိုးရိမ်ပါနဲ့။ Scheduling screen time ပြုလုပ်ပေးခြင်းဖြင့် သတ်မှတ်ထားတဲ့ အချိန်ကာလတစ်ခုမှာ သာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ ကိုယ့်သားသမီး မိုဘိုင်း ဖုန်း ၊ ကွန်ပျူတာအလွန်အကျွံသုံးစွဲခြင်းမှ ကာကွယ် နိုင်မှာပါ။ ဒီနည်းပညာဟာ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် သိထားသင့်တဲ့ နည်းပညာပဲ ဖြစ်ပါတယ်။
၃ ) Restricting access to apps ( App ထဲဝင်ရောက်မှုကို ကန့်သတ်ခြင်း )
ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် နောက်ထပ်သိထားသင့်တဲ့ နည်းပညာက “ App များထဲဝင်ရောက်ခြင်း ကန့် သတ်ခြင်း ” နည်းပညာပဲ ဖြစ်ပါတယ်။ ကျောင်းသားတွေဆိုတာ သိတဲ့အတိုင်း စာသင်နေတယ်သာပြောတာ လူမှု မီဒီယာသုံးတာတို့ ၊ ဂိမ်းဆော့တာတို့တွေ လုပ်နေနိုင်ပါတယ်။ ဒီတော့ မိဘများအနေနဲ့ နည်းပညာကို အသုံးချပြီး ပညာရေး App တွေ ၊ အသုံးဝင်တဲ့ App များထဲကိုသာ ဝင်ရောက်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။ အခုလိုပြု လုပ်ခြင်းဖြင့် ကလေးတွေရဲ့ ပညာရေး တိုးတက်လာအောင် အထောက်အကူပြုပေးနိုင်မှာပဲ ဖြစ်ပါတယ်။
၄ ) Limiting app usage ( App အသုံးပြုမှုကို ကန့်သတ်ခြင်း )
မိဘတွေအနေနဲ့ ကိုယ့်ကလေးဟာ တစ်နေ့ကို YouTube (သို့) ဂိမ်းတွင် အချိန်ဘယ်လောက်သုံးစွဲနေလဲ သိပါ သလား? မိဘရှေ့မှာ သုံးတဲ့အချိန်ရှိသလို ၊ မိဘမသိအောင်သုံးတဲ့အချိန်တွေလည်းရှိမှာပါ။ ဒါကြောင့် သူတို့ကို ဆူပူခြိမ်းခြောက်ပြီး ထိန်းချုပ်ဖို့က ခက်ခဲမှာပါ။ ဒါကြောင့် မိဘတွေအနေနဲ့ App-limit function ကို အသုံးပြုပြီး device တွေထဲက app အသုံးပြုမှုကို ထိန်းချုပ်နိုင်အောင် နဲ့ ခွဲခြားစိတ်ဖြာမှုများ ပြုလုပ်နိုင်ပါတယ်။ အခုလိုပြု လုပ်ခြင်းက ကလေးတွေ အိမ်စာလုပ်တာ အချိန်ဘယ်
လောက်သုံးလဲ ၊ ဂိမ်းဆော့တာ အချိန်ဘယ်လောက်သုံးလဲ ဆိုတာနှိုင်းယှဉ်ကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။
၅ ) Monitoring device activities ( Device activities များကို စောင့်ကြည့်ခြင်း )
ကွန်ပျူတာတို့ ၊ မိုဘိုင်းဖုန်းတို့မှာ ဒီဇိုင်းလေ့လာခြင်း၊ စာဖတ်ခြင်း၊ အိမ်စာများ လေ့ကျင့်ခြင်း ၊ ဝါသနာပါရာ လေ့ လာခြင်း ၊ ဂိမ်းဆော့ခြင်း စတဲ့ မတူညီတဲ့ activities များစွာကို ပြုလုပ်နိုင်ပါတယ်။ ကလေးတွေအတွက် ပညာ ရေးမှာ အထောက်အကူပြုနိုင်တဲ့ ဝက်ဘ်ဆိုက်တွေ၊ အက်ပလီကေးရှင်းတွေ အများကြီးရှိသလို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ ဝက်ဘ်ဆိုက်တွေ၊ အက်ပလီကေးရှင်းတွေလည်း များစွာရှိပါတယ်။ ဒါကြောင့် Device activities များကို Monitoring လုပ်ပေးတဲ့ App များကို အသုံးပြုဖို့ အကြံပေးလိုက်ပါတယ်။
၆ ) Multiple device controls ( Device မျိုးစုံကို ထိန်းချုပ်ခြင်း )
ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် ဒီနည်းပညာကလည်း သိထားသင့်တဲ့နည်းပညာပဲ ဖြစ်ပါတယ်။ ကိုယ် မသိတဲ့အချိန်မှာ ကျောင်းစာမလုပ်ဘဲ အချိန်ဖြန်းမှာ ၊ ထိန်းချုပ်မှုအောက်ကလွတ်သွားမှာကို ကာကွယ်ဖို့ပဲ ဖြစ်ပါတယ်။ Device ထိန်းချုပ်မှုအကောင့်ကို မိသားစုဝင်များကို ဝေမျှထားလိုက်ပါ။ အခုလို ဝေမျှထားခြင်းဖြင့် အုပ်ထိန်းသူများ၊ မိဘများအားလုံးပါဝင်ပြီး ကွန်ပျူတာ ၊ မိုဘိုင်ဖုန်း သုံးစွဲမှုကို ထိန်းချုပ်စီမံနိုင်မှာပဲ ဖြစ်ပါတယ်။
#အခုဆို မိဘတွေလည်း ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် သိထားသင့်တဲ့ နည်းပညာများအကြောင်း ဗဟုသုတ ရရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
သတင်းအချက်အလက်စနစ်သည် နည်းပညာ၊ လူများနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ် ထားသော ပေါင်းစပ်မှုဖြစ်ပြီး၊ ဤပေါင်းစပ်မှုသည် အသုံးဝင်သော အချက်အလက်များကို စုဆောင်း၊ ဖန်တီး၊ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်း ဖြစ်သည်။ စိတ်ဝင်စားစရာမှာ သတင်းအချက်အလက်စနစ်တစ်ခုကို သတ်မှတ်ရန် သို့မဟုတ် ဖော်ပြရန် တောင်းဆိုသောအခါတွင် လူအများစုသည် နေရာအနှံ့ရှိ “ကွန်ပျူတာများ” သို့မဟုတ် “ဒေတာဘေ့စ်များ” ဖြင့် စတင်ကြမည်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာစစ်ဆေးခြင်းသည် သတင်းအချက်အလက်စနစ်တစ်ခုသည် သတင်းအချက်အလက်စနစ်တစ်ခုဖွဲ့စည်းသည့် အစိတ်အပိုင်းများနှင့် အဖွဲ့အစည်းတစ်ခုအတွင်း ယင်းအစိတ်အပိုင်းများပါဝင်သည့် အခန်းကဏ္ဍနှစ်ခုလုံးကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်။
Comments
Post a Comment