သမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးတွေရှိနေသင့်လဲဆိုတာသိဖို့လိုပါတယ်။ မိမိအသက်မွေးဝမ်းကြောင်းပြုလုပ်လိုသော IT Type ပေါ်မူတည်ပြီး မည်သို့သော IT Speciality မျိုးကိုလေ့လာသင့်လဲ၊ ဘယ်လို Skill မျိုးရှိသင့်သလဲဆိုတာ သိသင့်ပါတယ်။ လူသားတစ်ယောက်အတွက် ပျော်ရွှင်မှုတစ်ခုဆိုတာ မိမိဝါသနာပါသောအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ခြင်းလဲပါဝင်နေပြန်တယ်။ အဲ့ဒါကြောင့် သင်ဟာ IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် ဘယ်လို IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုလဲစဉ်းစားပါ။
အခြေခံအားဖြင့် IT ခေါင်းစဉ်အောက်တွင် ကောင်းမွန်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သော လမ်းကြောင်းများကို ဖော်ပြထားပါတယ်။
(1) ပထမဆုံးအခြေခံအားဖြင့် Speciality ကို စဉ်းစားစေချင်ပါတယ် ဥပမာ –
Software (Developing/Implementation) အပိုင်းကိုသွားမလား? Network
(System/Security/Switching & Routing) အပိုင်းကိုသွားမလား?
ဘယ်လိုအပိုင်းမျိုးကိို ပိုစိတ်ဝင်စားသလဲဆိုတာ သေချာစဉ်းစားပါ။
ဒီအပို်ုင်း ၂ ပိုင်းနဲ့ ပက်သက်ပြီး ဘယ်လိုမျိုး အခွဲတွေထပ်ရှိနေအုန်းမလည်းဆိုတာ ဖော်ပြပေးပါမယ်။
Software Implementation ပိုင်းမှာ Developing ကိုတိုင် ၀င်လုပ်တဲ့
Developer ရယ် Development ပိုင်းကို Management လုပ်ရတဲ့ Project Manager
ရယ်ဆိုပြီးရှိပါတယ်။
Developer တွေအတွက်ကတော့ ပုံမှန်အားဖြင့် IOS Developer, Android
Developer, Web Application Developer, Database Developer
ဆိုပြီးရှိပါတယ်။ အကုန်လုံးကတော့ Java ကနေခွဲထွက်သွားပြီး ကိုယ် Develop
လုပ်ချင်တဲ့ software အမျိုးအစားပေါ်မူတည်ပြီး သက်ဆိုင်ရာ language
တွေဖြစ်တဲ့ C++, C#, Node, J2EE, JQuery, javascripts, PHP, CSSS, HTML
အစရှိသဖြင့် လေံလာနိုင်ပြီး Database ပိုင်းဆိုလျှင်တော့ MySql, Oracle
အစရှိသဖြင့် လေ့လာနိုင်ပါတယ်။
Project Management ပိုင်းဆိုလျှင်တော့ သင်ဟာ Project management ပိုင်းမှာ
အရေးပါတဲ့ development methods တွေကိုလေ့လာဖို့လိုပါလိမ့်မယ်။
Requirements Analyzing, SSADM, DSDM, Timeboxing, Risk Management, Legal
Ethical and Social Issues, Evaluation, User Training အစရှိသည်တို့ကို
ကျွမ်းကျင်စွာသိထားဖို့လိုပါတယ်။
Project Management ပိုင်းအတွက် အောက်ပါအချက်များကို စနစ်တကျဖြတ်သန်ူနိုင်ရန်အတွက် အထက်ပါ အရာများကို လေ့လာသင့်ခြင်းဖြစ်သည်။
Requirements Analyzing – Software တစ်ခု တည်ဆောက်တော့မည်ဆိုလျှင်
ထိုအရာအတွက် မည့်သည့် အရာများလိုအပ်သနည်း။ ၄င်းအရာများထဲမှ မည်သည့် အရာက
အရေးကြီးဆုံးဖြစ်သနည်း စသည်ဖြင့်ခွဲထုတ်ခြင်းပါ။ ဥပမာ – online shopping
website တစ်ခုတည်ဆောက်မည်ဆိုလျှင် website အတွက်
အကြမ်းဖြင်းလိုအပ်သည်များမှာ “Items upload, Price, Total Price, Login,
Logout,Order, Purchase, Item Categories” အစရှိသဖြင့်ဖြစ်ပါတယ်။
၄င်းအရာများထဲမှ အရေးအကြီးဆုံးမှာ Item Categories, Item Upload နှင့်
Order ဖြစ်ပါတယ်။ ၄င်း ၃ ခုမရှိဘဲနှင့် Online shopping website
လုပ်လို့မရဘူးဖြစ်ပါတယ်။ ဒါဆိုလျှင် Price, Purchases တို့မှာလည်း
မရှိမဖြစ်မလိုဘူးလားဟု မေးစရာရှိလာပါတယ်။ အပိုင်းက လိုချင်တဲ့ item
ပေါ်မူတည်ပြီး ဖုန်းဆက်မေးလည်းရနိုင်တဲ့ အခြေအနေမှာရှိပါတယ်။
SSADM and DSDM – ဒါကတော့ Development menthods တွေပါ။ Structure Systems
Analysis and Design Method နှင့် Dynamic System Development Method
တို့ပဲဖြစ်ပါတယ်။ Project အတွက် အကုန်အကျခံနိုင်တဲ့ Budget ပေါ်မူတည်ပြီး
ရွေးချယ်ရခြင်းဖြစ်ပါတယ်။
Timeboxing – ဒါကတော့ Project အတွက် deadline ချပေးတာပါ။ ဘယ်နေ့မှာ
ဘယ်အပိုင်းကိူလုပ်မယ် ပြီးလျှင် developing ပိုင်းကို
ဘယ်နှစ်ရက်အတွင်းအပြီးရေးမယ် အစရှိသဖြင့်ဖြစ်ပါတယ်။
Legal , Ethical and Social Issues & Risk Management – Develop
လုပ်မည့် Project နှင့် ပက်သက်ပြီး မည်ကဲ့သို့သော issues များရှိသနည်း ထို
Issues များမဖြစ်အောင် မည်ကဲ့သို့ လုပ်သင့်သနည်း အစရျိသဖြင့်
ကြိုတင်ကာကွယ်ခြင်း၊ Developing လုပ်နေစဉ် ဖြသစ်လာလျှင်လည်း
၀င်ရောက်ဖြေရှင်းခြင်းအစရှိသဖြင့် ဖြစ်ပါတယ်။
Evaluation – ဒါကတော့ Testing သဘောမျိုးပါ။ Development ပြီးလျှင် user
ဘက်သို့ တန်းမချပြဘဲ Project developing ကာလအတွင်းပါ၀င်သူများနှင့် အပြင်လူ
၂ ယောက်လောက် ဖြင့် ထို software ကိုအသုံးပြုခြင်းပါ။ ထိုအခါ Errors
များကျလာလျှင် သိနိုင်ခြင်း၊ Design နှင့် ပက်သက်ပြီး
အဆင်မပြေတာများရှိလျှင်ပြင်ဆင်နိုင်ဖြင်းအစရှိသဖြင့်ဖြစ်ပါတယ်။
နောက်တစ်ပို်င်းကတော့ သင်ဟာ developing language တွေကို
ကျွမ်းကျင်နေဖို့မလိုပါဘူး၊ မည်သည့်် software develop လုပ်လိုလျှင် မည်
သည့် language နှင့် မည်သည့် database ပိုင်းကို သုံးသင့်သည် စသည့်
အကြမး်ဖြင်းလောက်သိလျှင် လုံလောက်ပြီဖြစ်ပါသည်။
Network သမားများအတွက် Telecom networking, banking networking, User
Support Networking, Security Networking အစရှိသဖြင့်
အမျိုးမျိုခွဲခြားနိုင်ပါသည်။ အားလုံးက infrastructure
ပိုင်းတွင်၀င်လုပ်ရသည်ဆိုသော်လည်း မိမိ စိတ်၀င်စားသော industry
ပေါ်မူတည်ပြီး Professional အနေနဲ့ပြန်သွားရတာမျိုးပါ။
(2) သင်ရွေးချယ်တဲ့ Speciality မှာ ရူးသွပ်နေဖို့လည်း လိုအပ်ပါတယ်။ ရူးသွပ်ဖို့လိုတယ်ဆိုလို့ တစ်မျိုးတော့မထင်လိုက်ပါနဲ့… သင်ရွေးချယ်တဲ့အပိုင်းမှာ အာရုံပိုစိုက်ပြီးပြင်းပြင်းထန်ထန်ကြိုးစားစေချင်တာပါ။ ဆိုလိုသည်မှာ မိမိသည် ဒီအရာကိုရူးသွပ်လျှင် ထိုအရာကိုပဲ စွဲစွဲမြဲဲမြဲတပ်တပ်မက်မက် လုပ်ဆောင်ခြင်းမျိုးပါ။ ထိုမှသာလည်း မိမိ သည်လုပ်ငန်းခွင်မှာ ပျော်ရွှင်နိုင်မည်ဖြစ်သည်။
(3) သင်ရွေးချယ်တဲ့အပိုင်းမှာ Specialist တစ်ယောက်ဖြစ်ပြီဆိုရင်
နောက်ထပ်သေချာစဉ်စားဖို့လိုလာတာက သင်ဟာ Technical အပိုင်းသီးသန့်သွားရတာကို
စိတ်ဝင်စားသူလား ဒါမှမဟုတ် Technical (50%) Management (50%)
အပိုင်းဘက်ကို ပိုစိတ်ဝင်စားသူလား (ဒါမှမဟုတ်) Management အပိုင်းကိုပဲ
စိတ်ဝင်စားတဲ့သူလား ဆိုတာသေချာစဉ်းစားစေချင်ပါတယ်။ တကယ်လို့ Management
ပိုင်းကိုစိတ်၀င်သူတစ်ယောက်ဆိုလျှင် သင်ဟာ အထက်တွင် ဖော်ပြခဲ့သော
ပညာများကို လေ့လာသင်ယုရန်လိုအပ်ပါသည်။
ဒါတွေသိပြီဆိုရင် သင်ဘယ်လို IT သမားကောင်းတစ်ယောက် ဖြစ်လာနိုင်မလဲ
ဆိုတာသိလာမှာပါ။ IT သမားတော်တော်များများအတွက် ဘွဲ့တွေ Diploma တွေ
Certificate တွေထက် မိမိမှာရှိတဲ့ IT Skills ကပိုပြီးအရေးကြီးတဲ့
တစ်ပိုင်းတစ်နေရာကနေ ပါဝင်နေတာကို တခါတလေ ကြုံတွေ့ရမှာပါ။ ဒါကြောင့်
တစ်ခုခုကိုလေ့လာတဲ့အခါမှာ ခရေစိတွင်းကျအသေးစိတ်သိအောင်
ဂရုစိုက်သင်ယူစေချင်ပါတယ်။
– ဘယ်လိုလေ့လာသင်ယူမလဲ?
အမြန်ဆုံးရေကူးတက်ချင်ရင် ရေကူးကန်ထဲကိုခုန်ချခြင်းဟာ
အကောင်းဆုံးနည်းလမ်းပါပဲ။ အလားတူပဲ နည်းပညာတစ်ခုကိုလေ့လာမယ်ဆိုလျှင်လည်း
အဆက်ခဲဆုံးအပိုင်းကို စမ်းပြီးလေ့လာစေချင်ပါတယ် ကိုယ့်ထက် Senior ကျပြီး
သက်ဆိုင်ရာ Speciality တွေမှာ အားသာတဲ့သူတွေကို Follow လုပ်သင့်ပါတယ်။
– နည်းပညာကိုမျှဝေပါ။
သူမသိသော နည်းပညာနှင့် ကိုယ်မသိသော နည်းပညာတွေကိုမျှဝေခြင်းဖြင့် ဗဟုသုတတိုးပွားနိုင်ပါတယ်။
– မနိုင်ဝန်ထမ်းပါ။
ဥပမာ – ကိုယ်အရည်အချင်းမမှီတဲ့ အလုပ်ကိုလျှောက်ပါ။ အလုပ်မရနိုင်ပေမယ့်လည်း
ဘယ်လိုအရာတွေကို လေ့လာသင့်သလဲဆိုတာ Interview မှာ သင်သိနိုင်မှာပါ။
စာအုပ်ဖတ်လိုက်တဲ့အခါ တွေ့ရတဲ့အချက်များကို အလွတ်မမှတ်ဘဲ လက်တွေ့လုပ်ပါ။
တွေးခေါ်ပါ။ သင်ဟာဒီအခြေအနေတစ်ခုတည်းမှာရပ်တန့်နေလို့မရပါဘူး။
ဘယ်လိုအိုင်ဒီယာ အသစ်အဆန်းမျိုး ပြုလုပ်လိုလဲဆိုတာစဉ်းစားဖို့လိုပါတယ်။
ဥပမာ Software ပိုင်းမှာ Coding ဟာ ဒုတိယဦးစားပေးအဆင့်ပါ။
ပထမဦးစားပေးအဆင့်ဟာ ဘယ်လိုပုံစံမျိုးကို တီထွင်ချင်လဲဆိုတဲ့
အတွေးအခေါ်မျိုးပေါ်တွင်သာမူတည်ပါတယ်။ ဒါကြောင့်
သင့်အိုင်ဒီယာဟာကောင်းမွန်ပြီး လူကြိုက်များလျှင်
အောင်မြင်တဲ့နယ်ပယ်တစ်ခုကိုရောက်နိုင်ပါတယ်။
ဒီလိုအချက်လေးတွေကို သတိထားပြီး လေ့လာမယ်ဆိုရင် ကျွမ်းကျင်တဲ့ IT ပညာရှင်တစ်ယောက်ဖြစ်လာဖို့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။
Comments
Post a Comment