AdMob မှမဟုတ်ပါဘူး။ ဘာ Ad Network သုံးသုံး publisher ဖြစ်ဖြစ် advertiser ဖြစ်ဖြစ် သိထားသင့်တဲ့ Unit တွေပါ။
Requests
ကိုယ့် App ကိုသုံးတဲ့အချိန်မှာ Ad ကိုလှမ်းတောင်းတဲ့အရေအတွက်ပါ။ လူတစ်ယောက်က တစ်ခါထက်မကတောင်းနိုင်ပါတယ်။ စုစုပေါင်း ဘယ်နှစ်ကြိမ် Ad ကိုလှမ်းတောင်းလဲလိုတာကြည့်နိုင်ပါတယ်။
Impressions
Ad ကိုလှမ်းတောင်းပြီးတာနဲ့ကြော်ငြာပြပါတယ်။ ဒါပေမဲ့ user တိုင်းမှာ ကြော်ငြာပြမှာမဟုတ်ပါဘူး။ တစ်ချို့ user တွေအတွက်ကြော်ငြာမရှိတာ။ Ad request လုပ်ပြီး user က app ကိုပိတ်လိုက်တာ အစရှိတာတွေကြောင့် ကြော်ငြာ request တိုင်းအတွက် impression မရှိပါဘူး။ အဲ့တော့ ကြော်ငြာပေါ်တဲ့ အကြိမ်အရေအတွက်ကို impression လို့ခေါ်ပါတယ်။
Match Rate (Fill Rate)
အပေါ်က ပြောခဲ့သလိုပါပဲ ကြော်ငြာကို request ၁၀၀ လုပ်တယ်ဆိုပါစို့ ဒါပေမဲ့ impression ၈၀ ပဲရှိမယ် ဆိုရင် Match Rate က 80% ပဲရှိမှာပါ။ Match Rate များတာဟာ ကြော်ငြာများများပြတာကို ဆိုလိုပြီး Match Rate နည်းနေရင်တော့ တစ်ခြား Ad Network တစ်ခုပြောင်းသုံးတာ ဒါမှမဟုတ် default ads ထည့်တာမျိုးလုပ်သင့်ပါတယ်။
CTR
request လဲလုပ်တယ် impression လဲပြတယ်။ အဲ့ထဲကမှ ကြော်ငြာကို နှိပ်လိုက်တဲ့ percent ပါ။ ဥပမာ request ၁၀၀ ရှိတယ် impression ၈၀ ရှိတယ် ဒါပေမဲ့ နှိပ်တာ ၂၀ ရှိတယ်ဆိုရင် ၈၀ မှာ ၂၀ ရှိတဲ့အတွက် CTR က ၂၅% ရှိတယ်ပြောနိုင်မှာပါ။ CTR က ပုံမှန်ဆို 10% အောက်ပဲရှိပါတယ်။ ဒါတောင်မြန်မာနိုင်ငံကလူတွေက ကြော်ငြာနှိပ်တာဝါသနာပါတဲ့အတွက် မြန်မာနိုင်ငံမှာ CTR မြင့်တတ်ပါတယ်။
eCPM
AdMob က impression ရှိတာနဲ့ပိုက်ဆံရပါတယ်။ ကြော်ငြာကို နှိပ်မှရတာမဟုတ်ပါဘူး။ ဒါပေမဲ့ ကြော်ငြာကိုနှိပ်ရင်ပိုရပါတယ်။ ဘယ်လော်ကပိုရလဲဆိုတာတော့ အတိအကျမပြောပါဘူး။ ဒါကလဲ user ပေါ်မူတည်တာကြောင့်ပါ။ အဲ့တော့ eCPM ဆိုတဲ့ unit နဲ့တိုင်းပါတယ်။ ဒါက impression 1000 မှာ ဝင်ငွေဘယ်လောက်ရလဲဆိုတာကို အကြမ်းဖျဉ်းတွက်ပေးတာပဲဖြစ်ပါတယ်။ eCPM $3 ရှိတယ်ဆိုရင် ကိုယ့် app ကို user 1000 တစ်ခါသုံးတာနဲ့ $3 ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ Match Rate က 100% မရှိနိုင်တာကြောင့် user အရေအတွက်နဲ့ တိုက်ရိုက်တွက်လို့မရပဲ impression နဲ့ပဲပြန်တွက်ရမှာဖြစ်ပါတယ်။
အရေးအကြီးဆုံးကတော့ user များဖို့ပါပဲ။ user များလေ Match Rate မြင့်လေ impression များလေ ပိုက်ဆံရလေပါပဲ။
Comments
Post a Comment