Skip to main content

ကွန်ပျူတာမှာ အင်တာနက်မရခြင်း ပြဿနာဖြေရှင်းနည်းများ

 

•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••


  🙅WiFi အဖွင့်၊ အပိတ်လုပ်မရခြင်းပြဿနာဖြေရှင်းနည်း

  🙅Limited Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း

  🙅No Internet Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း

  🙅အနီရောင်ကြက်ခြေခတ် {Red Cross} ပြဿနာဖြေရှင်းနည်း

 WiFi အဖွင့်၊အပိတ်လုပ်မရခြင်းပြဿနာဖြေရှင်းနည်း


  °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကွန်ပျူတာ Taskbar ပေါ်က WiFi ပုံ Icon လေးကို နှိပ်လိုက်ရင် ဘယ် WiFi နဲ့ချိတ်ချင်သလဲ ရွေးလို့ရတဲ့ လွင့်ထားတဲ့ WiFi တွေကို မြင်ရပါမယ်။ အဲ့ဒီ WiFi တစ်ခုကိုချိတ်ဆက်ဖို့ အရင်ဆုံး အောက်က WiFi Icon ပုံလေးကို တစ်ချက်နှိပ်ပြီး ON လုပ်ပေးရပါမယ်။ On လုပ်လိုက်မှသာလျှင် ချိတ်ဆက်နိုင်မယ့် WiFi တွေကိုမြင်ရပြီး ကိုယ်ချိတ်ဆက်တဲ့တစ်ခုကိုရွေးချိတ်နိုင်ပါတယ်။


တစ်ချို့သူတွေ WiFi က အဖွင့်၊ အပိတ်လုပ်လို့ မရဘူးဖြစ်နေတယ်လို့ မေးထားကြတာ တွေ့ပါတယ်။ တကယ်တော့ WiFi Icon ကို OFF လုပ်ထားလို့ပါ။


( တစ်ချို့ဖြေထားကြတာကိုလည်း တွေ့ပါတယ်။ Airplane Mode ကို ON ထားရမယ်တဲ့။ အဲ့ဒါကတော့ မဟုတ်ပါဘူး။ Airplane Mode ကို On တယ်ဆိုတာက ဘယ် Network မှ ဝင်မလာအောင် ပိတ်လိုက်တဲ့ သဘောပါ။ Airplane Mode ကို OFF လုပ်ထားရမယ်။ အဲ့ဒီ Airplane Mode ကို On လုပ်လိုက်ရင် အကုန်လုံးကို ပိတ်လိုက်တာဖြစ်လို့ မည်သည့် Network မှ ပေါ်လာမှာ မဟုတ်ပါဘူး )

အဲ့ဒါကြောင့် Airplane Mode ကို OFF လုပ်ထားပြီး WiFi ကို ON လုပ်လိုက်မှသာလျှင် ချိတ်ဆက်နိုင်သော WiFi တွေကို မြင်ရမှာဖြစ်ပါတလ်။ အဲ့ဒီမှာ ချိတ်ဆက်ချင်တဲ့ WiFi ကို Click တစ်ချက်နှိပ်ပြီး Connect ကို နှိပ်လိုက်ရင် ချိတ်ဆက်လို့ရပါပြီ။


  Limited Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

  မိမိသုံးနေတဲ့ ကွန်ပျူတာမှာ Network တော့ချိတ်လို့ရပြီး သုံးမရပဲ အချိန်အကြာကြီး Limited Access ဖြစ်နေတဲ့ ပြဿနာဖြေရှင်းနည်းတစ်ခု ပြောပြချင်ပါတယ်  

ကွန်ပျူတာကို စဖွင့်ဖွင့်ချင်း အင်တာနက်တော့ တက်လာတယ်။ Network နဲ့လည်း Connected ဖြစ်နေတယ်။ ဒါပေမယ့် အင်တာနက် icon ပေါ်မှာ အဝါရောင် exclamation mark ပြနေပြီး အင်တာနက် သုံးလို့မရ၊ Limited access or no internet connection လို့ဖြစ်နေတတ်ပါတယ်။


အချိန်အတော်ကြာစောင့်လို့မှ အင်တာနက် မရသေးဘူး၊ Network Connections ထဲသွားပြီး Network ကို disable, enable လုပ်လည်းမရ၊ Wireless device or Router ကို ဖြုတ်ပြီး ပြန်တပ်လည်းမရ၊ Network ကို Forget, Remove လုပ်ပြီး ပြန်တပ်ကြည့်လည်းမရ၊ Device manager ထဲဝင်ပြီး network or wireless driver တွေကို uninstall လုပ်ပြီး ပြန် install လုပ်လည်းမရ၊ IP ခေါ် /release, /renew လုပ်ကြည့်လည်းမရ၊ စက်ကို ခဏခဏ restart ချလည်းမရဘူးဆိုရင် ဒီ ပြဿနာကို Windows ရဲ့ Network Diagnostics tool ကို သုံးပြီး ဖြေရှင်းရပါတော့မယ်။


ကွန်ပျူတာရဲ့ Status bar ပေါ်က Network or Wi-Fi icon အဝါရောင် exclamation mark ကို click တစ်ချက်နှိပ်လိုက်ရင် Troubleshoot problems နဲ့ Open Network and Sharing Center ဆိုပြီး ပေါ်လာပါလိမ့်မယ်။


အဲ့ဒီမှာ Troubleshoot Problems ကို နှိပ်လိုက်ပါ။ Troubleshoot problems ကို နှိပ်လိုက်လို့ Problems found- The Diagnostics Policy Service Is Not Running လို့ error message တက်လာရင်တော့ Run လုပ်ရတော့မယ်ပေါ့။ Running လုပ်ဖို့အတွက် အရင်ဦးဆုံး Command prompt ကို administrator နဲ့ဖွင့်ပါ။ ဖွင့်ပြီးရင် net localgroup Administrators /add networkservice (Space ခြားထားတာတွေကို မမေ့ပါနဲ့) လို့သေချာရိုက်ထည့်ပြီး Enter နှိပ်ပါ။


The command completed successfully လို့ပေါ်လာရင် နောက်တစ်ကြောင်းမှာ net localgroup Administrators /add localservice လို့သေချာရိုက်ထည့်ပြီး Enter နှိပ်ပါ။ The command completed successfully လို့ပေါ်လာရင် cmd ကို ပိတ်လိုက်ပါ။


Diagnostic Policy Service ကို Run လုပ်ဖို့ Run box မှာ services.msc ရိုက်ထည့်ပါ။ အဲ့ဒီမှာ services name တွေပေါ်လာရင် Diagnostic Policy Service ကို တွေ့အောင်ရှာကြည့်ပါ။


( Services မှာ တစ်ခုခုကို click တစ်ချက်နှိပ်ပြီး Diagnostic ရဲ့အစစာလုံး D လို့ရိုက်ရှာကြည့်ရင် Diagnostic Policy Service ကို တွေ့ရမယ် ) Diagnostic Policy Service ကို click တစ်ချက်ထောက်၊ Properties ထဲဝင်၊ ဒါမှ မဟုတ် Diagnostic Policy Service ကို click နှစ်ချက်နှိပ် ဝင်ပြီး၊ Startup type နေရာမှာ Automatic ကိုရွေးပြီး အောက်နားက service status မှာ Start ကို နှိပ်လိုက်ပါ။ ပြီးရင် Apply, Ok နှိပ်၊ Tab တွေပိတ်၊ စက်ကို Restart ချပြီး ပြန်ဖွင့်ကြည့်ပါ။ Network or Wi-Fi icon ပေါ်မှာ အဝါရောင် exclamation mark မရှိတော့ပဲ ပုံမှန်အတိုင်း အင်တာနက် သုံးလို့ရပါပြီ။


  No Internet Access ဖြစ်နေခြင်းပြဿနာဖြေရှင်းနည်း

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အင်တာနက်ချိတ်လိုက်တဲ့အချိန်မှာ No Internet Access ပြဿနာဖြေရှင်းနည်းကလည်း အပေါ်က နံပါတ်နှစ်အတိုင်းလုပ်ကြည့်ပြီး ဖြေရှင်းနိုင်သလို အောက်ပါအချက်များဖြင့်လည်းဖြေရှင်းနိုင်ပါတယ်။

 အရင်ဦးဆုံး ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာကို စဉ်းစားရပါမယ်။


WiFi လွှင့်ထားတာကို သူများစက်ကျတော့ ချိတ်လို့ရနေပြီး ကိုယ့်စက်ကျမှ ချိတ်လို့မရ၊ ချိတ်လိုက်တိုင်း No Internet Access ဆိုတာကြီးဖြစ်နေတတ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကွန်ပျူတာက IP လိပ်စာ အသေပေးထား၊ မပေးထား အရင်စစ်ကြည့်ရပါမယ်။


Windows Logo + R ကို တစ်ပြိုင်တည်းတွဲနှိပ်ပြီး Run Box မှာ ncpa.cpl ကိုရိုက်ထည့်ပါ။ (သို့မဟုတ်) ကွန်ပျူတာ Task Bar ပေါ်က Network, WiFi အပေါ်ကို Right Click နှိပ်ပြီး Open Network & Internet Settings ->Change Adapter Options ထဲကိုဝင်သွားလိုက်ပါ။ (Control Panel ->All Control Panel Items ->Network Connections အတိုင်းသွားရင်လည်းရပါတယ်) အခု မိမိစက်မှာဖြစ်နေတာက Network Cable နဲ့လား၊ WiFi နဲ့လား တစ်ခုကိုရွေးပြီး Right Click နှိပ်၊ အောက်ဆုံးက Properties ကို နှိပ်ဝင်လိုက်ပြီး (TCP/IPv4) ကို Click နှိပ်ချက်နှိပ်ဝင်လိုက်ပါ။ 


Use The Following IP အောက်မှာ IP တွေပေးထားတယ်ဆိုရင် အပေါ်က Obtain an IP ကို အမှန်ခြစ်ပေးပြီး OK နှိပ်ပေးလိုက်ပါ။ DHCP Server ကပေးတဲ့ IP ကို ယူသုံးဖို့တော့ပြင်ဆင်ပြီးသွားပြီ။ အဲ့ဒီ IP ကိုယ့်စက်ထဲကို မရောက်နိုင်တာ၊ မမှန်နိုင်တာတွေလည်းဖြစ်တတ်ပါတယ်။ 


အဲ့ဒါကြောင့် Cmd လို့ Windows Search box မှာ ရိုက်ရှာပါ။ အမဲရောင် Command Promtp ဆိုတာကိုတွေ့ရင် Right Click နှိပ်ပြီး Run as Admin ကို နှိပ်ပြီး အောက်ပါ Command တွေကို တစ်ခုပြီး တစ်ခုရိုက်ထည့် ကြည့်ပါ။


netsh winsock reset

netsh int ip reset

ipconfig /release

ipconfig /renew

ipconfig /flushdns


Windows All Settings\Network & Internet ထဲကိုဝင်သွားပြီး အောက်ဆုံးက Network Reset ဆိုတာကို နှိပ်ဝင်ပြီး Reset Now ကို နှိပ်လိုက်ရင်လည်းရပါတယ်။ အကုန်လုံးပြီးသွားရင် ပြန်ချိတ်ကြည့်ပါ။


 အနီရောင်ကြက်ခြေခတ် (Red Cross) ပြဿနာဖြေရှင်းနည်း

°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အနီရောင်ကြက်ခြေခတ် (Red Cross) ပြဿနာဖြစ်နေခြင်း၊ မည်သည့် Network မပေါ်လာခြင်းကတော့ Network Cable ကြိုးနဲ့ Wi-Fi ကို အလည့်ကျ အသုံးပြုတဲ့သူတွေ အဖြစ်များပါတယ်။

  ကြိုးနဲ့သုံးတဲ့အချိန် Wi-Fi ကို OFF, Disable လုပ်ထားမိလို့ Wi-Fi နဲ့ပြန်သုံးတဲ့ အချိန် အနီရောင်ကြက်ခြေခတ်ဖြစ်နေနိုင်သလို Wi-Fi နဲ့သုံးတဲ့အချိန် ကြိုး Network Cable ကို Disable လုပ်ထားမိလို့ Cable Network ကို ပြန်ချိတ်တဲ့အချိန် အနီရောင်ကြက်ခြေခတ် ဖြစ်နေတတ်ပါတယ်။


Control Panel ->All Control Panel Items ->Network Connections ထဲကို ဝင်သွားပြီး အခုချိတ်ဆက်ချင်တဲ့ Wi-Fi, Network Cable တွေမှာ တစ်ခုခုက မိန်မိန်အရောင်လေးနဲ့ Disable ဖြစ်နေတယ်ဆိုရင် အဲ့ဒီ Disable ဖြစ်နေတာတစ်ခုကို Right Click နှိပ်ပြီး Enable ကိုနှိပ်ပါ။ Enable လုပ်တာတောင်မရသေးဘူးဆိုရင် Wi-Fi, Network Driver ကို Uninstall လုပ်ပြီး ကိုယ့်စက်မော်ဒယ်နဲ့လိုက်ရှာဒေါင်းပြီး ပြန်ထည့်ပါ။


Network ပြဿနာအားလုံးနီးပါးကို Network Driver ဖြုတ်၊ပြန်တပ်၊ Update ဖြစ်တာ Install ပြန်လုပ်ခြင်းအားဖြင့် 100 % ကောင်းနိုင်ပါတယ်။ ကြိုးနဲ့သုံးတယ်ဆိုရင် ကွန်ပျူတာမှာထိုးထားတာမိ၊မမိစစ်ကြည့်ရမယ်။ ( ဒါပေမယ့် Administrator က Registry Editor, Group Policy ကနေ ပိတ်ထားရင်တော့ အင်တာနက်သုံးခွင့်ရရှိမှာမဟုတ်ပါဘူး။ မိမိစက် Domain နဲ့အသုံးပြုနေသူတွေအနေဖြင့် Server ကနေ ပိတ်ထားရင်လည်း အင်တာနက်အသုံးခွင့်မရနိုင်ပါဘူး )


Comments

Popular posts from this blog

1. What Is an Information System?

သတင်းအချက်အလက်စနစ်သည်  နည်းပညာ၊ လူများနှင့် လုပ်ငန်းစဉ်များ ပေါင်းစပ် ထားသော  ပေါင်းစပ်မှုဖြစ်ပြီး၊ ဤပေါင်းစပ်မှုသည် အသုံးဝင်သော အချက်အလက်များကို စုဆောင်း၊ ဖန်တီး၊ ဖြန့်ဝေခြင်းနှင့် အသုံးချခြင်း ဖြစ်သည်။  စိတ်ဝင်စားစရာမှာ သတင်းအချက်အလက်စနစ်တစ်ခုကို သတ်မှတ်ရန် သို့မဟုတ် ဖော်ပြရန် တောင်းဆိုသောအခါတွင် လူအများစုသည် နေရာအနှံ့ရှိ “ကွန်ပျူတာများ” သို့မဟုတ် “ဒေတာဘေ့စ်များ” ဖြင့် စတင်ကြမည်ဖြစ်သည်။  သို့သော်၊ ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သေချာစစ်ဆေးခြင်းသည် သတင်းအချက်အလက်စနစ်တစ်ခုသည် သတင်းအချက်အလက်စနစ်တစ်ခုဖွဲ့စည်းသည့် အစိတ်အပိုင်းများနှင့် အဖွဲ့အစည်းတစ်ခုအတွင်း ယင်းအစိတ်အပိုင်းများပါဝင်သည့် အခန်းကဏ္ဍနှစ်ခုလုံးကို ရည်ညွှန်းကြောင်း ဆိုလိုပါသည်။

25 Age

 1999 မွေးသူဆိုရင် 23 ပြည့်ပြီး  1998 မွေးသူဆိုရင် 24 ပြည့်ပြီး 1997 ဆိုရင်ဒီနှစ်ထဲမှာ 25 နှစ်ပြည့်ပြီး  ၉၇ အောက်မွေးသူတွေကတော့ 26 ကျော်သွားပါပြီ။ ဒီအရွယ်ဟာ လူငယ်လည်းမဟုတ်တော့သလို၊ လူကြီးလည်းမဟုတ်ပေမယ့် လူလတ်ပိုင်းအရွယ်အစ ဖြစ်တာမို့ နေထိုင်မှုပုံစံမှာ ပြုပြင်ပြောင်းလဲမှုလေး အနည်းငယ် လိုအပ်လာပါပြီ။  ၁ - တည်ငြိမ်ရင်ကျက်ဖို့လိုလာပြီး ကိုယ့်ဘဝ ကိုယ့်ခြေကို ရပ်တည်နိုင်ဖို့ လိုလာပြီး သူများအားကိုးနဲ့ မျော်ကိုးစိတ်နဲ့ မျော်လင့်တာတွေ ရပ်တန့်သင့်ပြီး ၊ အလုပ်ကိုင်တခု ဒါမှမဟုတ် ဘဝအခြေခံရပ်တည်နိုင်မယ့် အတက်ပညာတခုခု တက်ကျွမ်းထားဖို့ လိုပါတယ် အပျော်ပါးတွေနဲ့ အချိန်ကို မဖြုန်းသင့်တော့ပါဘူး ၂ - စျေးပေါပေါအင်္ကျီတွေမ၀ယ်နဲ့တော့။  ဒီအရွယ်မှာ အများအားဖြင့် ၀င်ငွေရှာနိုင်တဲ့ အရွယ်အပိုင်းအခြား ဖြစ်နေပြီဖြစ်သလို ငယ်ငယ်တုန်းကလို စျေးနည်းနည်းနဲ့ အထည်များများ ၀ယ်တာမျိုး မလုပ်သင့်တော့ပါဘူး။ သင့်ရဲ့အလုပ်အကိုင်၊ အသက်အရွယ်၊ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက္ဖက်ညီတဲ့ အ၀တ်အစားမျိုးကို ရွေးချယ်၀တ်ဆင်သင့်သလို ခပ်ပေါပေါ အ၀တ်အစားမျိုးထက် စျေးနှုန်းသင့်တင့်ပြီး ၀တ်လိုက်တာနဲ့ အဆင့်အတန်းတစ်ခုရှိတဲ့ ပုံစံမ...

Window Key

 💠 Windows 10 Pro : BV8N7-V3VC2-8XPYW-JXFVB-7MH26 BV8VH-C2NC8-22VKB-RPQB2-76DGT BV9QH-NPM67-KTV6B-7MPP7-B7V26 BVB9G-HVNPC-JR3MR-2MQBC-9QBP6 BVBFC-DDNT8-984W2-HRQRD-BG9TT BVCNV-Q4PW4-6KP67-6DD3V-3J3GT ♻️ Windows 7 Family Premium 32/64 bits : BMVCC-X6JRF-CJCTW-GXMQ7-BXC6R BMVF6-BD832-VWPH2-QP24T-6PVD9 BMWY3-799P4-8VTYR-BCWV4-J6CR7 BMXQM-BC2FP-HM7TV-8Q8KH-4QX4Y BP234-QHM6C-847XR-JY4HX-HQWHB BP837-Y3YXX-RQBYJ-JW8GB-JRTJB 📡 Windows Server 2012 R2 RDS - 1 Device CAL : N6PFK-3J2H6-DY2QJ-D2P89-DYFKK NBTXP-FK8D7-2Q7DQ-VRHFD-YBFKK NXRY9-6MBBP-2F3PK-M67TQ-4F929 PNF3W-39GG2-MB76F-FG283-H2W6X 🖥 Office 2019 Pro : PW3CY-JN3K6-7FCKD-DV4PM-PR6TG Q38N8-9DXFD-9KWVR-4CJHB-HVB86 Q4CRY-F2NMR-HQ8XY-YF7B8-33YCY Q6PMN-9GK6X-WPG4M-7C7VQ-DV8J6 Q7NHJ-JMDPY-VCRKJ-RQJ8Q-WQM86 🖥 Office 2016 ProPlus : 3F9RX-NTDB6-XHFXC-DYT7G-6F6TG 3G6BJ-9HNYH-TW4MG-8F6P9-BKM3P 3J2GN-83FJX-8TGTD-RJMMB-BBH7H 3KNWJ-B36PK-TP32P-TGRMH-FJTTG 3MN9H-RH2G4-HD3PQ-VYMH6-3V7HC Access 2013 :  7DDH3-N3JVK-9M94P-23BPP-GQ4M9 7GGJN-B7JQV...