Covid ကြီးနဲ့ လိုက်ရောညီထွေပြန်ဖြစ်လာ ပီးတဲ့ချိန် စင်ကာပူမှာ IT Engineer ပိုင်းနဲ့ အလုပ်လာရှာဖို့ ရည်မှန်းထားသူများအတွက်။ ( ယခု အချိန်ကတော့ အဆင်မပြေနိုင်သေးပါ )
၁။ မြန်မာပြည်ကနေ ၃နာရီလောက် လေယာဥ်စီးရင် စလုံးကိုရောက်ပီ နောက်ပီး စလုံးမှာ မြန်မာနိုင်ငံသား အလွှာအသီးသီးက အလုပ်လာလုပ်ကြတဲ့လူတွေ ကျောင်းလာတက်ကြတဲ့လူတွေ ခန့်မှန်းချေ ၃သိန်း နီးပါးရှိတယ်။
၂။ လုံခြုံမှု့ပါ။ ည ၁၂ နာရီ ၁နာရီလောက်ထိလည်း မိန်းကလေးတွေ သွားလာလည်း လုံခြုံပါတယ်။
၃။ ဘာသာစကားက English ကိုရုံးသုံးအနေနဲ့သုံးတဲ့အတွက် ပိုအဆင်ပြေမှာပါ။
၄။ နောက်တခုက တော့ Exchange Rate ပါ Covid မဖြစ်ခင် 1 Sin $ = 1080 ~ 1100 ၀န်းကျင်ပါ။ ခုတော့ 990 1000 MMK နားမှာတန်းနေပါတယ်။
📌စလုံးမှာ စုစုပေါင်း Work Pass သုံးမျိုးရှိပါတယ်။
===============================
👇👇👇👇👇👇👇👇👇👇👇👇👇👇
Work Permit (WP) အခြေခံလုပ်သားများ
SKill Pass (SP) အနည်းဆုံးဘွဲ့ရပီး ကျွမ်းကျင်လုပ်သား
Empolyment Pass (EP) Dr/ Manager...
📌IT သမားတွေ ဘာလို့ စလုံးလာသင့်လည်းဆိုတော့
==============================
👇👇👇👇👇👇👇👇👇👇👇👇👇👇
Local ပုံမှန် IT သမားတယောက်လစာဟာ 3 ~ 5 Lakhs ၀န်းကျင်ပဲရှိပါမယ်။ဒီထဲမှာမှ Telecom / Bank / NGO မှာ လုပ်တဲ့လူတွေကတော့ အထိုက်အလျောက် လစာ ကောင်းတတ်ပါတယ်။ စလုံး ပုံမှန် IT သမား Spass တယောက်လစာဟာ အနည်းဆုံး Sin$ 2300 ၀န်းကျင်ကနေ စရပါတယ်။ မြန်မာငွေ 23 သိန်း၀န်းကျင်ခန့် ရပါတယ်။ မိမိ Skill ပေါ်မူတည်ပီး $3000 to 5000 ၀န်းကျင်ရတဲ့လူတွေလည်းရှိပါတယ်။ ခု 2300 ~ 2700 ကတော့ ပုံမှန်ရတဲ့ နှုန်းထားတခုပါ။ နောက်ပီး မြန်မာ IT Field နဲ့ လုံး၀ မတူတဲ့ High Skills တွေ Exp တွေ အများကြီးရမှာပါ။ စလုံးမှာ 2 or 3 yrs လောက် လုပ် Skill ဖြည့်ပီး မြန်မာပြည်ပြန်ရင်လည်း လစာတွေက အယ်နေမှာပါ။ အသိ စလုံးပြန်တွေဆိုရင် Bank တွေ ISP တွေမှာ သိန်း ၂၀ အထက် မနည်း ရနေပါတယ်။
📌မလာခင် ပထမဆုံး ပြင်ဆင်ရမယ့် Education Background
===============================
👇👇👇👇👇👇👇👇
IT ပိုင်းနဲ့အလုပ် လာရှာမယ့် သူများဟာ Computer Science or သက်ဆိုင်ရာ နည်းပညာဆိုင်ရာ ဘွဲ့တခုခု ရှိလျှင်ပိုမိုအဆင်ပြေနိုင်ပီး အကယ်လို့ မိမိဘွဲ့ဟာ ပုံမှန်ဘွဲ့တခုဆိုရင်တော့ အစိုးရ or နိုင်ငံတကာ အသိမှတ်ပြု Diploma လေးတခုတော့ အနည်းဆုံးလိုအပ်ပါတယ်။ IT Diploma နဲ့လည်း အနည်းဆုံး SPass တခု ရနိုင်ပါတယ်။
အစိုးရ အသိမှတ်ပြု Diploma ကို Winner နဲ့ University Of Yangon နဲ့ပေါင်းဖွင့်ပီး Dip ပေးတဲ့ 1 year သင်တန်းတွေလည်း ရှိပါတယ်။ နောက်တခုက KMD နဲ့ ရန်ကုန် အဝေးသင် ကပေးတဲ့ Diploma တန်းတွေလည်းရှိပါတယ်။
မိမိ မြန်မာပြည်က တက်ထားတဲ့ University တွေကို စလုံးဘက်က အသိမှတ်ပြုမပြုကို အောက်ပါလင့်မှာ ဝင်စစ်လို့ရပါတယ်။
ကျောင်းနာမည်လေး ထည့်ပီး ရှာဖို့ပါပဲ။
https://www.mom.gov.sg/eservices/services/employment-s-pass-self-assessment-tool
📌ဘာသာ စကား အရည်အချင်း
==================
👇👇👇👇👇👇👇👇
စလုံးဟာ English ကို ရုံးသုံးဘာသာအဖြစ်သက်မှတ်ပီး တရုတ် ဘာသာကိုလည်း ဒုတိယအနေဖြင့် တွင်ကျယ်စွာသုံးပါတယ်။ စလုံးမှာတော့ English စကားကို Singaporean တွေသုံးတဲ့ လေယူလေသိမ်းတွေနဲ့ပေါင်းပီး Singalish ဆိုပီး သုံးကြပါတယ်။ အနည်းဆုံး English 4 Skills ရအောင်လုပ်ခဲ့ရပါမည်။ တရုတ်စကား တတ်ရင်တော့ +++ပါ။
📌IT Skills
======
👇👇👇
မိမိ အသက်မွေး၀မ်းကြောင်း Software/ System / Network အလိုက် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ၃နှစ်ခန့် ရှိလျင် ပိုအဆင်ပြေမည်ဖြစ်ပီး International Exams တွေပါ Certified ဖြစ်လာရပါမယ်။ Example CCNA CCNP AWS Azure Mikotik F5 Fortigate ........ စသည်တို့ Certified ဖြစ်ရန် လိုအပ်ပါတယ်။ နမူနာ Cisco တခုပဲကိုင်ပီးလာရှာတာထက် တခြား Product လေးတွေနဲ့ တွဲပီး ရှာတာက ပိုပီး အလုပ်အကိုင်ရရှိရန်အခွင့်အရေးများမှာပါ။ နောက်ပိုင်းတွေ Cloud ပိုင်းတွေ အရမ်းသုံးလာလို့ Cloud ပိုင်းတွေ Certified ဖြစ်လာရင် ပို အဆင်ပြေမှာပါ။ စလုံး IT အလုပ်ခေါ်စာတွေက်ုလေ့လာပီး မိမိ လိုတဲ့ Skill လေးတွေ ထပ်ဖြည့်ပါ။
ထိုအရည်အချင်းတွေပြည့်ပီ ဆိုရင်တော့ စိတ်ကူးအကောင်အထည်ဖော်လို့ရပါပီ။
📌ဘယ်ချိန် အလုပ်လာရှာရတာအဆင်ပြေလည်း
============================
Covid မဖြစ်ခင်ထိတော့ ( တရုတ် နှစ်ကူး ကနေ Jan Feb March April May June ) လတွေ အလုပ်ခေါ်စာအများဆုံးပါ။ Chinese New Year မှာ Bonus ရ ပီး လစာပိုတိုးအောင် တော်တော်များများက အလုပ်ပြောင်းကြလို့ပါပဲ။ Dec Jan Feb လာရှာမည့်လူတွေကတော့ လက်ရှိ စလုံးမှာလုပ်နေတဲ့ Local နဲ့ Foreign Skilled IT တွေနဲ့အပြိုင်လျောက်ရမှာဖြစ်တဲ့အတွက် March to June က ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ မိမိအတွက် အခွင့်အရေး ပိုရမှာပါ။
အလုပ်လာရှာတော့မယ်ဆိုရင်
📌လက်ထဲ ငွေဘယ်လောက် ကိုင်လာရမလဲ
=======================
၂လ နေဖို့ အတွက် လက်ထဲ Sin $ 2200 လောက်ပါလာရပါမည်။
📌လေယာဥ်လက်မှတ်ခ
=============
$ 250 to 320 လေကြောင်းအမျိုးစားပေါ်မူတည်ပီး စျေးအမျိုးမျိုးရှိတတ်ပါတယ်။ Budget Airline တွေထက် Sin Airline / Myanmar National Airline တွေဆို ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။
📌အစားအသောက်
==========
အစားအသောက်ကတော့ ပုံမှန်ပဲစားမယ်ဆိုရင်တော့ တနေ့ အတွက် $10 ဆို လောက်ငှပါတယ်။ ထိုထက်အကုန်အကျချွေတာမယ်ဆိုရင်တော့ မနက်စာ Coffee နဲ့ ပါမုန့် စားမယ်ဆိုရင်တော့ တနေ့ကို $8 လောက်ဆို လောက်ငှပါတယ်။
၁လ အတွက် $ 280 to $300 ၀န်းကျင်ရှိပါမယ်။
📌အိမ်ခန်း
=====
စလုံးမှာ အလုပ်ရှာနေချိန်မှာတော့ မြန်မာတွေ နေတဲ့အိမ်တွေက ပိုအဆင်ပြေမှာပါ။ အိမ်ကတော့ အနိမ့်ဆုံး $350 ကနေ $400 $450 လောက်ထိရှိနိုင်ပါမယ်။ နောက်ထပ် တင်းကျက်တာ တခုကတော့ HDB အိမ်ယာအလိုက် ၃ခန်းပါ HDB ကို လူ ၆ယောက်အများဆုံးပဲနေခွင့်ရှိပါတယ်။ အလုပ်လာရှာမယ့်လူရဲ့နာမည် နဲ့ အိမ်မှာ Register လုပ်ထားပေးမှ အလုပ်ရခဲ့လို့ Pass တင်တဲ့အခါ Approve ဖြစ်မှာပါ။ လာခါနီး တလအကြာ ကြိုရှာရပါမယ်။
အိမ်ရှာရန် Link
👇👇👇👇👇👇
https://www.shwerooms.com/for_rent_ads.php
📌Transporation ခ
============
စလုံးမှာတော့ MRT နဲ့ Bus ကို အဓိကအသုံးပြုပါတယ်။ လေဆိပ်ကနေ MRT ဘူတာသွားတဲ့နေရာမှာ MRT Card ရောင်းပေးပါတယ်။ ကတ်အပြင် $7 ပါ စီးခွင့် အတွက် $12 ပါပီးသားပါ။ နောက်ကုန်သွားရင် ဘူတာတိုင်းမှာ အနည်းဆုံး $10 ငွေဖြည့်ပီးပြန်သုံးရမှာပါ။ ပုံမှန်အလုပ်လာရှာမယ့်လူကတော့ သူသွားတဲ့ပေါ်မူတည်ပီး ၁လ $40~50 ၀န်းကျင်ခန့်ကုန်မှာပါ။ အနည်းဆုံး ရထား ၁ဘူတာစီးရင် 0.80cents ပါ။ ၁၀ဘူတာ ၁၂ဘူတာစီးရင်တော့ $1.80 လောက် အသွား အပြန် $3.60 ၀န်းကျင်ကုန်ကျမှာပါ။
စာရင်းပြန်ချုပ်ရင်
အစားအသောက် ၁လ ( $400 )
အိမ်ခန်းက ၁လ ( $400 )
MRT ခ ၁လ ( $50 )
===============
၁လ ကုန်ကျစားရိတ် =$850
$1700 ပါ ၂လစာ (အစားအသောက် + အခန်း + MRT ရထားခ / Bus ကားခ)
📌Bank Accounts
============
နောက်တခုက မြန်မာပြည်ကနေ Online Banking Account တွေ ဖွင့်လာခဲ့ရပါမယ်။ မလာခင် ၁လကြိုပီး ဖွင့်ထားပါ။ Hardware OTP Token Device က ရဖို့ ကြာတတ်ပါတယ်။ အလုပ်ရပီး ငွေလွှဲတဲ့အခါအဆင်ပြေအောင်ပါ။အသုံးများတာကတော့ AYA KBZ CB Yoma Banks များ။ SMS OTP နှင့် လုပ်ခဲ့ပါက Myanmar SIM Card ကို ပါ Roaming လုပ်ခဲ့ရပါမယ်။
📌Roaming လုပ်ပုံလုပ်နည်း
👇👇👇👇👇👇👇👇👇
https://m.facebook.com/story.php?story_fbid=1806746586092746&id=567975259969891
📌CV Form နဲ့ အလုပ် ဘလိုရှာမလဲ
======================
စလုံးမလာခင် အနည်းဆုံး ၁လ လောက်ကြိုပီး အလုပ်ရှာ website ထဲမှာ အလုပ်တွေ ရှာလာရပါမယ်။
နာမည်ကြီး Website တွေထဲ မိမိ Data နဲ့ Online CV Create လုပ်ပီး Manual လုပ်ထားတဲ့ Soft Copy CV Form ပါAttach တွဲပေးထားပါ။ ( * CV ထဲ ကိုဘယ်နေ့လာမယ် ဆိုတာက အစ details ထည့်ထားပါ။ Mya Phone ကို +959xxxxxxx Format နဲ့ပါ ထည့်ထားပါ။ တခါတခါ Boss က CV ကြည့်ပီး သဘောကျရင် Online ကနေ Inter View ရင် အဆင်ပြေအောင်ပါ ) SG Ph no ကိုပါ sg သူငယ်ချင်း အသိ နံပါတ်တောင်းပီး Update လုပ်ပါ။ စလုံး Immigration ဖြတ်ပီးပါက မိမိ PP စာအုပ်နဲ့ $30 SIM Card ဖိုးပေးပီး သင့်တော်တဲ့ Plan နဲ့ SIM Card ၀ယ်ခဲ့ပါ။ CV Form မှာ မိမိ ဖုန်းနံပါတ်နဲ့ ပြန် Update လုပ်ပါ။ မြန်မာပြည်လို၀ယ်ချင်သလို ၀ယ်မရပါ။ လူ၁ဦးကို ၂ကတ်သာ ကိုင်ခွင့်ရှိသည်။
Linkin AC လည်း ဖွင့်ခဲ့ပါ Linkin မှာလည်း အလုပ်တွေ ခေါ်ပါတယ် အဲ့ကနေလည်း ရှာပါ။ နာမည်ကြီးအလုပ်ခေါ်ရှာတဲ့ Website တွေကတော့
👇👇👇👇👇👇👇👇👇
www.jobstreet.com.sg/
www.indeed.com
www.monster.com
www.jobcentral.com.sg/
Email ဖွင့်တဲ့နေရာမှာ မိမိနာမည်နဲ့ အနီးကပ်ဆုံး ဆင်တူ email ဖွင့်ပါ။ နောက်တခုက အလုပ်လျောက်ရာတွင် Email 3 ခုလောက် ဖွင့်ပီး Register လုပ်လျောက်ပါ။ တခါတခါ Company mail တွေက Security Issue လုပ်ထားရင် မိမိ gmail ကို google က sparm mail ထင်ပီး Disable လုပ်တတ်တာကို သတိရှိရပါမယ်။ တချို့ အသိတွေ ၁လလောက်နေပီး email ပို့တာတွေများလို့ AC ပျက်သွားတာတွေ ရှိပါတယ်။
📌လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဘယ်လိုသယ်ရမလဲ
=============================
စလုံးမသွားခင် စာရွက်စာတမ်း ဘွဲ့လက်မှတ် လိုအပ်တာတွေကိုတော့ နိတြီပြန်ရပါမယ်။ ဘွဲ့လက်မှတ်တွေက English လိုဆိုရင်တော့ ပြန်စရာမလိုပါဘူး။ မြန်မာလိုပါနေရင်တော့ နိုတြီပြန်လာရပါမယ်။ နိုတြီပြန်ရင် ၁စောင် 5000 to 8000 MMK ၀န်းကျင်ရှိပါမယ်။ပီးရင်တော့ စလုံးမှာရှိတဲ့ သူငယ်ချင်းကို ကြိုပီးပေးထားစေချင်ပါတယ်။ မိတ္တူတွေ CV Form တွေအားလုံးမလာခင်ကြိုပို့ထားစေချင်ပါတယ်။
မိမိဖုန်းထဲ အလုပ်ရှာထားတဲ့ Website တွေ သူငယ်ချင်းနဲ့
အလုပ်ရှာဖို့ပြောထားတာတွေ အလုပ်ရှာတဲ့ emailတွေအကုန် Delete လုပ်ခဲ့ပါ။
လေယာဥ်လက်မှတ်ဖြတ်တဲ့အခါ အများဆုံး ၂ပတ်လောက်ပဲ ဖြတ်စေချင်ပါတယ်။ ၂ပတ်ထက်များရင် ရစ်ဖို့ 70% ရှိနေပါတယ်။ ဒါကြောင့် လေယာဥ်လက်မှတ်ကို Date ပြန်ချိန်းလို့ရတဲ့ အမျိုးအစားလုပ်ခဲ့ပါ။
📌စလုံး Immigration ဘယ်လို ဖြတ်မလဲ
=========================
မြန်မာပြည်ကနေ လေယာဥ် ၃နာရီခန့်စီးပီး စလုံး Immigration ၀င်တဲ့အခါမှာတော့ White Card ဖြည့်ရပါမယ်။ WC ဆိုတာကတော့ မိမိရဲ့ Name / Passport No /မိမိရဲ့ စလုံးမှာနေမယ့် လိပ်စာ / နေမယ့်ရက် စတာတွေကို အသေးစိတ်ပြန်ရေးထားပေးရပါတယ်။ 2020 နောက်ပိုင်း Online Arrival Form နဲ့ Paper Less လုပ်လို့ရနေပါပီ။
📌WC ဖြည့်ပုံကို ဒီမှာ ကြည့်ပါ။
👇👇👇👇👇👇👇👇👇
https://m.facebook.com/SaloneCollection/photos/a.1485030011785876/1929413190680887/?type=3
Immigration ဖြတ်တဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု့ရှိနေပါ။ အထုတ်အပိုးတွေ နဲ့ စျေးသည်တယောက်လို ဗရမ်းပတာပုံစံဖြစ်မနေအောင်ကြိုတင်ဂရုစိုက်ပါ။ ကောင်တာမှာ တခါတရံ လေယာဥ်လက်မှတ် ပြဖို့ပြောတတ်ပါတယ်။ ကံမကောင်းလို့ Officer ရုံးခန်းထဲခေါ်ပီး အရစ်ခံရပါက ကြိုတင်တိုင်ပင်ထားတဲ့ စလုံးမှာ လက်ရှိလုပ်နေတဲ့ သူငယ်ချင်း ဖုန်းနံပါတ်ကို ပေးပါ။ Officer က သူငယ်ချင်းဆီ ဖုန်းဆက် Confirm လုပ်ပါတယ်။ အလုပ်လာရှာတယ်လို့ ပြောလို့မရပါဘူး။ Visit Pass နဲ့ တရား၀င် အလုပ်ရှာခွင့်မရှိပါ။ Immigration မှာ အဆင်ပြေပီဆိုရင်တော့ PP စာအုပ်မှာ ၁လတုံးထုပေးပါပီ။
📌ဘယ်ချိန် အလုပ် Interview စရတတ်လဲ
=========================
စလုံးလာပီး ၁၀ရက် or ၂ပတ် လောက်ကြာတဲ့အခါ Phone Call လေးတွေ ၀င်ပီ Email လေးတွေ ရပါပီ။ အလုပ် Interview ခေါ်ပါပီ။ Interview သွားရင် အနောက်တိုင်းဝတ်စုံတွေဘာတွေ ၀တ်ဖို့တော့ မလိုပါဘူး ပုံမှန် ရှပ်အကျီလက်ရှည် နဲ့ စတိုင်ပန် သပ်သပ်ရပ်ရပ် နဲ့ဆို ရပါပီ။ Believe in your self ပါ ☺️ Interview Questions တွေကတော့ youtube မှာ ရှာပါ။ အမေးများတာကတော့ မိမိကိုယ်ကို မိတ်ဆက်ရမယ် IT Knowledge တွေမေးမယ် တချို့တွေက Practical တွေပါ စမ်းခိုင်းပါတယ်။
📌IT Salary Ranges များ ကို ဒီမှာ ကြည့်ပါ။
👇👇👇👇👇👇👇👇👇👇👇👇👇
📌Stay ၁ လ ပြည့်ခါနီး နောက်ထပ် Extension ၁ လ ရအောင် အင်ဒိုနီးရှား ဘာတန်ဘက် ဘလို Stay ရှောင်မလဲ
====================================
မိမိ နေထိုင်ခွင့်သက်တမ်း မကုန်မှီ ၃ရက် လောက်အလို Online ကနေ သက်တမ်းတိုးလို့ရပါတယ်။ နေထိုင်ခွင့်ထပ်တိုးမပေးဖို့ 90% သေချာပါတယ် အဲ့တော့ နောက်တစ်နည်း ဘာတန် ( စလုံး အင်ဒို နယ်စပ် မြို့ ) ကို City Hall မြန်မာဆိုင်ကနေ Online လက်မှတ် ဖြတ် or လူကိုတိုင်သွား၀ယ်လည်းရပါတယ်။ 65$ ပါ ( ရှပ်ပြေးလှေခ အစားအသောက် ကားခ Tour ခ ) အကုန်ပါပီးသားပါ။ ) မိမိ Passport နဲ့ လက်မှတ် ရရှိပီဆိုရင်တော့ စက်လှေ မထွက်ခင် Habour Front ( လှေဆိပ် ) ကိုသွားပီး လက်မှတ်ပြန်ချိန်းရပါတယ် On Boad အတွက်။ ချိန်းပီးရင်တော့ ရှပ်ပြေး ထွက်ခါနီး မိနစ် ၂၀အလိုလောက် ကို စလုံး Immigration ဖြတ်ရပါမယ်။ ဘာမှ စိုးရိမ်စရာမရှိပါ။ လက်ဗွေနှိပ်မယ် လှေဆိပ်လက်မှတ် ပြမယ် ဒါပါပဲ ) အောက်ထပ် လှေဆိပ်ရောက်ရင်တော့ Counter 1 2 3 4 ( မိမိ ရှပ်ပြေး နံမည်အလိုက် ပြထားပါတယ်။ ) မိမိအလှည့် ရောက်ပီဆိုရင်တော့ လက်မှတ်ပြပီးလှေပေါ်တက်လို့ရပါပီ။ ၄၅ မိနစ်လောက် ရှပ်ပြေးစပီးရင်တော့ အင်ဒို ဘက်ရောက်ပါပီ။ လူ များများနဲ့တန်းမစီချင်ရင် ရှေ့ဆုံးကနေ သွက်သွက် indo immigration ကောင်တာကိုသွားပါ။ Counter ရောက်ရင်တော့ ကိုတွေ PP အနီလေးတွေ့တာနဲ့ Immigration ထဲ ကို ခေါ်ပါပီ။ တရား၀င်ကို $ 50 က စတောင်းပါပီ။ ကိုတွေ အလုပ်လာရှာ Stay ရှောင်တာသိလို့ပါ။ စလုံးက အ၀င်လက်မခံရင် သူတို့ဆီကို ပြန်၀င်လို့ရတယ်ဆိုပီး ပြောပါတယ်။ မပေးရင် ပေးမ၀င်ပါဘူး။ 50$ ပေးရပါတယ်။ ပီးရင်တော့ Immigration ထွက်ပီး အင်ဒို Tour Car နဲ့လာခေါ်ရင် လိုက်သွားဖို့ပါပဲ။ နေရာ စုံ ၅ နေရာလောက်ပို့ပေးပါတယ်။ ကော်ဖီစက်ရုံ အင်ဒိုပါတိတ်ဆိုင် ဘုံကျောင်း ဘာတန်ကိတ်မုန့်ဆိုင် စျေး ပီးရင်တော့ နေ့လည်စာ Sea Foods နဲ့ ကျွေးပါတယ်။ ပီးရင်တော့ လျောက်လည်ပီးရင် လှေဆိပ်ပြန်ပို့ပေး လက်မှတ်ပြန်ဖြတ်ပေးပါတယ်။ အဲ့မှာ White Card ပြန်ဖြည့်ရပါတယ်။ အင်ဒိုကနေ စလုံးသွားမယ့် ရှပ်ပြေးပေါ်ရောက်ပီး ၄၅ မိနစ် စီးပီး ရင်တော့ စလုံးရောက်ပါပီ Immigration တန်းစီရပါပီ။ မိမိနဲ့ကျတဲ့ Officer က လေယာဥ် အပြန်လက်မှတ်တောင်းကြည့်ပါတယ်။ ပီးရင်တော့ တုံးထုပေးပါပီ။ ၁လ Stay နေခွင့်ရရှိပါပီ။
📌ဘာသာရေး
=======
အလုပ်အဆင်ပြေအောင် တိုပါးရိုး မြန်မာဘုန်းကြီးကျောင်းသွားပီး ဆုတောင်းပါ။ ဘုန်းဘုန်းဆီမှ အဆောင်လက်ပတ်လေးအလှူခံပါ။ နောက်ပီး Bugis မှာရှိတဲ့ ကွမ်ရင်မယ်တော်ကျောင်းသွားပီး နည်းလမ်းမှန်မှန်နဲ့ စာချပါ။ ( ကံ ကောင်း သ်င့ ညံ့ ) ခွဲပြထားပါတယ်။ တချို့ဘာသာရေးတွေက မယုံလို့မရပါဘူး။ တခြားဘာသာတွေလည်း မိမိဘာသာအလျောက် ယုံကြည်ကြပါ။
📌နောက်ပီး စင်ကာပူရောက် IT ပညာရှင်များ Group ကိုလည်း Joinပေးစေချင်တယ် ။ CV Form ရေးနည်းကစလို့ စလုံးမှာ လုပ်သက်ကြာတဲ့ Sr IT အကို အစ်မ တွေရဲ့ အတွေ့အကြုံတွေ ရေးထားတာတွေလည်းရှိတယ်။
👇👇👇👇👇👇👇👇
https://m.facebook.com/groups/185577862117110?view=permalink&id=389255301749364
အားလုံးပဲ အလုပ်အကိုင်တွေ ကံကောင်းကြပါစေလို့။
* လိုအပ်တာတွေကို Update ပြန်လုပ်ပေးပါမည်။ အချိန်အားတဲ့ချိန် ပြန် edit လုပ်ပေးပါမည်။
Comments
Post a Comment