SG ကို အလုပ်သွားလုပ်ဖို့ ကြိုးစားနေသူတွေထဲလွှဲနေတဲ့ အချက်တစ်ချက်ရှိတယ် ။အဲ့ဒါက CITI နဲ့ ပတ်သက်ပြီး နားလည်မှု လွဲနေတာပါ ။ CITI က General Wokers and other skilled workers in Construction Sector only ပါ ။
Construction Sector ကလွဲရင် ဘယ်နယ်ပယ်မှာပဲ ဖြစ်ဖြစ် CITI လက်မှတ် မလိုပါဘူး ။Spass နဲ့သွားမယ့်လူ ဖြစ်ဖြစ် ၊ Work Permit နဲ့ သွားမယ့်သူ ဖြစ်ဖြစ် Construction ပိုင်း မဟုတ်ရင် CITI မလိုပါဘူး ။ Construction ပိုင်းနဲ့ သွားမယ်ဆိုရင်လည်း အများစုက CITI လက်မှတ် လိုကို လိုပါတယ် ။
တစ်ချို့က Engr ဘွဲ့ကြီး ကိုင်ထားပြီး CITI လိုလား မေးသူတွေရှိတယ် ။ Construction Sector/ Worker နဲ့ သွားမယ်ဆိုပြီး CITI မပါရင် ရလားလို့ မေးတဲ့သူလည်း ရှိတယ် ။
ကိုယ်က Construction Sector နဲ့
SG မှာ အလုပ်သွားလုပ်တော့မယ်ဆို CITI တက်ထားဖို့ ၊ လက်မှတ်ရထားဖို့ လိုအပ်ပါတယ် ။ Construction Sector for General workers and others skilled workers ကို CITI မပါပဲ အလုပ်ခေါ်နေပြီဆို သတိထားကြပါ ။ဒီရက်ပိုင်း အလိမ်ခံရတဲ့သူတွေ အောတိုက်နေတာ မြင်ကြ ကြားကြမှာပေါ့ ။
Comments
Post a Comment