စတော့ investment လိုပြောရင်မြန်မာပြည်မှာအများစုကရှုံးမဲ့အလုပ်၊ဒါမှမဟုတ်လောင်းကစားလို့ထင်ကြတယ်။ ဒီအထင်တွေကိုစီစစ်ကြည့်လိုက်တဲ့အခါ
၁) ပထမတခုက stock investment နဲ့ trading ကိုမကွဲတဲ့နေရာကစပါတယ်။တကယ်တန်းက stock investment နဲ့ gold trading, forex trading စသည်တို့ကိုလုံးထွေးမြင်တာကနေစပါတယ်။ ၊Trading အလုပ်ဟာ investment မဟုတ်ပါဘူး။အလုပ်အပိုတခုအနေနဲ့ပူးတွဲလုပ်လို့မရပါဘူး။ အချိန်ပြည့်အာရုံအပြည့်စိုက်လုပ်ရတဲ့ active income job ဖြစ်ပါတယ်။
၂) ဒုတိယတခုက investment ဆိုတာ trading လုပ်တာနဲ့လုံးဝမတူတဲ့ဘာသာရပ်ဖြစ်သလိုမြန်မာနိူင်ငံမှာ stock trading ကိုလုံးဝသိသူမရှိသလောက်တွေ့ရပါတယ်၊ထိုနည်းတူပါဘဲ။stock investment ကိုလည်းနားလည်မှုအကြီးအကျယ်လွဲကြပါတယ်။ တကယ်တန်းက stock investment ဟာပြီးခဲ့တဲ့၁၀ စုနှသ်၂ခုအတွင်းမှာလုံးဝပြောင်းလွဲခဲ့တာမြတ်မာနိူင်ငံကလူအများစုသတိမထားမိခဲ့ကြပါဘူး။ ထိုက်သင့်တဲ့အခြေခံဗဟုသုတသာရှိရင်သူဌေးမဖြစ်ပေမဲ့လုံးဝရှုံးနိူင်ခြေမရှိတော့ပါဘူး။ ဒါပေမဲ့ ထိုက်သင့်တဲ့ပမာဏနဲ့investment လုပ်ထားရင်ပင်စင်ယူပြီးနှစ် ၂၀ နဲ့၃၀လောက်နေလိုရပါတယ်။
၃) နောက်တခုကမြန်မာကကမ္ဘာနဲ့အမြဲပြောင်းပြန်တွေးပါတယ်။ investment လုပ်ရင်မွဲသွားမယ်၊ဆင်းရဲသွားမယ်ထင်နေချိန်မှာတကယ့်ကမ္ဘာကျော်နာမည်ကြီးတွေ investment သေချာမလုပ်လိုစိတ်ဆင်းရဲနေကြတာပါ။နာမည်ကြီးမင်းသားနီကိုလ်ကေ့ တို့ boxing champion ဖြစ်ခဲ့တဲ့ Mike Tyson တို့ဆိုရင်ငွေတွေဝင်စဉ်အခါက investment မလုပ်ခဲ့လို့နောင်တရနေကြပါတယ်။
၄)အခုခတ်မှာရင်းနှီးမြုတ်နှံမှုမလုပ်ခင် software တခုနဲ့ကိုယ်ဝယ်မဲ့စတောတခုရဲ့အမြတ်လမ်းကြောင်းကိုတခြားစတော့တွေနဲ့နှိုင်းယှဉ်လိုရတဲ့ backtesting ရယ်၊ဝယ်လိုက်ရင်အနာဂတ်မှာဘယ်လောက်မြတ်နိူင်ခြေရှုံးနိူင်ခြေရှိတာတွေကိုတွက်ထုပ်လို့ရပါတယ်၊ရာနှုန်းပြည့်မမှန်ပေမဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့အများကြီးအထောက်အကူဖြစ်ပါတယ်။ပြုပါတယ်။ လွန်ခဲ့တဲ့အနှစ်၂၀လောက်ကတလဒေါ်လာ၅၀၀၀ လောက်ပေးရတဲ့စတော့ရွေးတဲ့software ကအမေရိကန်နိူင်ငံမှာသာရခဲ့ပေမဲ့အခုအခါအဲဒါထပ်ကောင်းတဲ့ software ကိုဒေါ်လာ ၃၀လောက်နဲ့တကမ္ဘာလုံးကနေဝယ်လို့ရနေပါပြီ။
၅) စင်ကာပူကစလို့အမရေိကန်နိူင်ငံနေပြည်သူများအနေနဲ့က stock investment ဟာသူတို့အနေနဲ့အသက်ကြီးလာချိန်မှာသက်တောင့်သက်သာဝင်ငွေမပျက်နေဖို့အတွက်အားကိုးရာဖြစ်ပါတယ်။၊သူတို့အစိုးရတွေကိုယ်တိုင်ကလည်းအားပေးပါတယ်။သူတို့ကိုယ်တိုင်လည်းကြိုးစားလေ့လာကြပါတယ်။ဒါကြောင့်အနောက်နိူင်ငံရောက်မြန်မာပြည်သားတွေကျွန်တော်သင်တန်းကိုတခဲနက်တက်ကြပါတယ်။ မြန်မာနိူင်ငံမှာတော့အများစုက stock investment ဆိုရင်ဘာမှန်းမသိ၊ကြောက်စရာကောင်းတဲ့လောင်းကစားလိုထင်ပြီး၊လုပ်တိုင်းရှုံးတဲ့အလုပ်တခုလို့ထင်နေရင်းတစ်ကမ္ဘာလုံးနောက်မှဝမ်းနည်းစွာကျန်ခဲ့ကြမှာဖြစ်ပါတယ်။
-အမှားနဲ့အမှန်၊အဓိကနဲ့သာမညခွဲခြားနိူင်တဲ့အသိဉာဏ်ရကြပါစေ-
Comments
Post a Comment