Skip to main content

Posts

Showing posts from 2021

ခေတ်သစ် အွန်လိုင်းသင်ယူမှုအတွက် မိဘများသိထားသင့်သည့် နည်းပညာများအကြောင်း

နည်းပညာနဲ့ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်တဲ့မိဘတွေရှိသလို ၊ မကျွမ်းဝင်တဲ့မိဘတွေလည်း ရှိပါတယ်။ ခေတ်သစ်အွန်လိုင်းသင်ယူမှုနဲ့ပတ်သက်ပြီးတော့လည်း မိဘတွေအနေနဲ့ အနည်းနဲ့အများ စိန်ခေါ်မှုတွေ၊ အငြင်းပွားဖွယ်ရာ တွေရှိတာ တွေ့ရပါတယ် ။ ဒါပေမယ့် အချိန်ကြာလာတဲ့အခါမှာ ကိုယ့်ကလေးပညာရေးနောက် မကျရအောင်၊ လိုက်လျောညီထွေနေနိုင်အောင် ခေတ်သစ်အွန်လွန်းသင်ယူမှုနဲ့ပတ်သက်ပြီး မိဘတွေအနေနဲ့ နည်းပညာဆိုင်ရာ ဗဟုသုတများ လေ့လာထားသင့်ပါတယ်။ ဒါကြောင့် အခုဆောင်းပါးလေးမှာ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် မိဘများသိထား သင့်သည့် နည်းပညာများအကြောင်းကို ဝေမျှပေးလိုက်ပါရစေ။ ၁ ) သင်ယူနိုင်မယ့် မီဒီယာများ မိဘများအနေနဲ့ ခေတ်သစ်အွန်လိုင်းသင်ယူမှုအတွက် သင်ကြားမှုကို အထောက်အကူပြုပေးနိုင်သည့် မီဒီယာများ ကို ဦးစွာ လေ့လာသိရှိထားဖို့လိုပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုသင်ကြားနေတဲ့မီဒီယာများမှာ ကွန်ပျူ တာ ၊ Laptop ၊ ဖုန်း ၊ Tablet စတဲ့ အီလက်ထရောနစ် Device များကိုအသုံးပြုပြီး zoom, google meet, Facebook messenger, viber group ဖွဲ့ပြီး သင်ကြားလျက်ရှိပါတယ် ။ အခုဖော်ပြပေးလိုက်တဲ့ မီဒီယာများဟာ သင်တန်းကျောင်းအများစု အသုံးပြုသင်ကြားနေတဲ့ မ...

နည်းပညာ လေ့လာနည်း

 လေ့လာတဲ့အခါမှာ လမ်းလွဲ လမ်းမှားတွေ ရောက်တတ်ကြသလို၊ အချိန်ကုန်သွားပြီး ဘာမှမရလိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီ နည်းပညာ လေ့လာနည်း က IT နည်းပညာ ကို အချိန်တိုအတွင်း အကျိုးရှိရှိ အသုံးချနိုင်အောင် ဘယ်လိုလေ့လာရမယ်ဆိုတာကို ပြောပြပေးမှာ ဖြစ်တဲ့အတွက်ကြောင့် computer နည်းပညာ လေ့လာမယ့် လူငယ်လူရွယ်တိုင်း ဂရုတစိုက် ဖတ်ရှုမှတ်သား သင့်ပါတယ်။ အားလုံးသိတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ တိုးတက်နေပါပြီ။ အဲဒီလို အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်မှာ မီအောင်မလိုက်နိုင်လို့ နောက်ကျ ကျန်ခဲ့ရင် နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို တော်တော်ကြီးကို ခက်ခဲသွားမှာပါ။ ကျွန်တော်ကတော့ နည်းပညာ သမားဆိုတော့ နည်းပညာ နဲ့ ပတ်သတ်တာကိုပဲ ပြောမှာပါ။ တိုင်းပြည်ကြီးက တိုးတက်လာတဲ့ အတွက်ကြောင့်မို့လို့ IT နည်းပညာ တွေလည်း အဖက်ဖက်က တိုးတက်နေပါတယ်။ ဒီအကြောင်းကို ကျွန်တော် ဥပမာ တစ်ခုနဲ့ ပြောပြချင်ပါတယ်။ ဒီဥပမာကို အရင်တုန်းက ကျွန်တော် သင်တန်းဆရာ လုပ်တုန်းကလည်း သင်တန်းသားတွေကို ပြောပြဖူးပါတယ်။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော် သင်ပေးနေတဲ့ တစ်ချို့တစ်ယောက်ကိ...

​Avengers Organization မျိုး တကယ်ရှိနိုင်သလား။

  ထက်မြက်တဲ့ လူတော်တွေနဲ့ချည်း ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင်မျိုးမှာ မလုပ်ချင်တဲ့သူ ရှိမယ်မထင်ပါဘူး။ ဒါ့အပြင် အကျိုးဆက်အနေနဲ့ သူတို့လုပ်အားကြောင့် လုပ်ငန်းကြီးထွားအောင်မြင်လာတဲ့အခါ ဝန်ထမ်းအတွက် ခံစားခွင့်တွေကလည်း ပိုပြီးမြင့်တက်လာမှာ သေချာပါတယ်။ ဒီလို Organization မျိုးကို ဝန်ထမ်းတွေသာမက လုပ်ငန်းရှင်တွေကပါ အိမ်မက်မက်ကြပါတယ်။ အဲဒီလိုအနေအထားကို ရောက်ဖို့အတွက် ဖြတ်ကျော်ရမယ့် အတားအဆီးလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။ ​ Foundation ကုမ္ပဏီကို စတင်ဖွဲ့စည်းတဲ့ဖို့ကြိုးစားတဲ့အခါ Basic steps တိုင်းက အရေးပါပါတယ်။ နောက်မှ ကြည့်လုပ်လိုက်တာပေါ့ ဆိုတဲ့ mindset ဟာ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ မချထားတဲ့ အဆောက်အဦးတစ်ခုလို ဖြစ်နေပြီး အချိန်မရွေး ပြိုကျပျက်စီးနိုင်ပါတယ်။ Company registration က စလို့ Human resources management တွေအထိ အဆင့်တိုင်းဟာ သေချာမှန်ကန်တဲ့ လမ်းကြောင်းပေါ် ရောက်နေဖို့ လိုအပ်ပါတယ်။ အလောတကြီး လုပ်ခြင်းက တခါတရံ အမှားလုပ်မိစေတတ်ပါတယ်။ ​ Compliance အပေါ်မှာ ဆိုခဲ့တဲ့အတိုင်း Labour law နဲ့ Tax law စတာတွေမှာ ဥပဒေနဲ့အညီ ဆောင်ရွက်သင့်ပါတယ်။ ဝန်ထမ်းတွေအတွက် ညီညွှတ်မျှတတဲ...

IT သမားကောင်းတစ်ယောက် ဘာတွေသိသင့်ဖို့လိုအပ်လဲ

  သမားကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းမျိုးတွေရှိနေသင့်လဲဆိုတာသိဖို့လိုပါတယ်။ မိမိအသက်မွေးဝမ်းကြောင်းပြုလုပ်လိုသော IT Type ပေါ်မူတည်ပြီး မည်သို့သော IT Speciality မျိုးကိုလေ့လာသင့်လဲ၊ ဘယ်လို Skill မျိုးရှိသင့်သလဲဆိုတာ သိသင့်ပါတယ်။ လူသားတစ်ယောက်အတွက် ပျော်ရွှင်မှုတစ်ခုဆိုတာ မိမိဝါသနာပါသောအလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ခြင်းလဲပါဝင်နေပြန်တယ်။ အဲ့ဒါကြောင့် သင်ဟာ IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်မယ်ဆိုရင် ဘယ်လို IT လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုလဲစဉ်းစားပါ။ အခြေခံအားဖြင့် IT ခေါင်းစဉ်အောက်တွင် ကောင်းမွန်စွာအသက်မွေးဝမ်းကြောင်းပြုနိုင်သော လမ်းကြောင်းများကို ဖော်ပြထားပါတယ်။ (1) ပထမဆုံးအခြေခံအားဖြင့် Speciality ကို စဉ်းစားစေချင်ပါတယ် ဥပမာ – Software (Developing/Implementation) အပိုင်းကိုသွားမလား? Network (System/Security/Switching & Routing) အပိုင်းကိုသွားမလား? ဘယ်လိုအပိုင်းမျိုးကိို ပိုစိတ်ဝင်စားသလဲဆိုတာ သေချာစဉ်းစားပါ။ ဒီအပို်ုင်း ၂ ပိုင်းနဲ့ ပက်သက်ပြီး ဘယ်လိုမျိုး အခွဲတွေထပ်ရှိနေအုန်းမလည်းဆိုတာ ဖော်ပြပေးပါမယ်။ Software Implementati...

Professional တွေကိုစျေးမဆစ်ပါနဲ့...

ကောင်းမွန်တဲ့ service လိုချင်ရင် အရည်အသွေးမှီတဲ့ product ကိုလိုချင်ရင် တန်ရာတန်ကြေးပေးပါ။ #Professional တွေကိုအချောင်မနှိုက်ပါနှင့်... လိုချင်တာကကျွမ်းကျင်မှု ရချင်တာက အကောင်းစား standard  ပေးတာက သူခိုးစျေးဆိုရင် မျှတပါ့မလား? Professional တွေကိုအညွန့်မချိုးပါနှင့် သင်မတန်ဘူးလို့ယူဆရင် မပက်သက်ပါနှင့် မဝယ်ပါနှင့် မခေါ်ပါနှင့် တတ်နိုင်သောသူ  လုပ်အားကိုယုံကြည်သောသူကဝယ်ပါလိမ့်မည် တန်ဖိုးတစ်ခုကို သတ်မှတ်သူမှာ ထိုတန်ဖိုးကိုအမှန်တကယ်နားလည်သူသာဖြစ်သည် Professional တွေကို လူကြားထဲ လူပုံအလယ် အရှက်ခွဲတာ ပြောဆိုကျိန်းမောင်းတာမျိုးတွေ မလုပ်ပါနဲ့  သူတို့ဟာ သက်ဆိုင်ရာနယ်ပယ်မှာ တတ်ကျွမ်းကြသူတွေမို့ ပညာရှိအမျက်အပြင်မထွက်ပေမယ့် ခံစားရခက်တယ်ဆိုတာတော့ သိထားသင့်တယ်  သက်ဆိုင်ရာနယ်ပယ်မှာရှိတဲ့ပညာရှင်တွေ ကိုယ့်လုပ်အားကိုယ်ပြန်မရကြတဲ့အခါ... ကိုယ့်ပညာကို စျေးနှိမ်ခံရပါများတဲ့အခါ... လုပ်အားတန်ဖိုးကို နားမလည်သူတွေများလာတဲ့အခါ... Professional သမားတွေရဲ့မာနတွေ  ကြိမ်ဖန်များစွာထိပါးခံလာရတဲ့အခါ.... ဘာတွေဖြစ်လာကြသလဲ? ဟုတ်ကဲ့ ●ပေါချောင်ကောင်းတွေများလာပါတယ် ●တနှပ်စားသမားတွေများလာတယ် ●အကြံအဖန်သမားတ...

Computer Shortcut keys

 Computer Shortcut keys CTRL+A. . . . . . . . . . . . . . . . . Select All CTRL+C. . . . . . . . . . . . . . . . . Copy CTRL+X. . . . . . . . . . . . . . . . . Cut CTRL+V. . . . . . . . . . . . . . . . . Paste CTRL+Z. . . . . . . . . . . . . . . . . Undo CTRL+B. . . . . . . . . . . . . . . . . Bold CTRL+U. . . . . . . . . . . . . . . . . Underline CTRL+I . . . . . . . . . . . . . . . . . Italic F1 . . . . . . . . . . . . . . . . . . . . . . Help F2 . . . . . . . . . . . . . . . . . . . . . Rename selected object F3 . . . . . . . . . . . . . . . . . . . . . Find all files F4 . . . . . . . . . . . . . . . . . . . . . Opens file list drop-down in dialogs F5 . . . . . . . . . . . . . . . . . . . . . Refresh current window F6 . . . . . . . . . . . . . . . . . . . . . Shifts focus in Windows Explorer F10 . . . . . . . . . . . . . . . . . . . . Activates menu bar options ALT+TAB . . . . . . . . . . . . . . . . Cycles between open applications ALT+F4 . . . . . . . . . . . . . . . . . Quit ...

Ping ( Packet Internet Grouper )

 ကျွန်တော်တို့တတွေ network ချိတ်ကြတဲ့အခါမှာ မသုံးမဖြစ်သုံးကြရတဲ့ networking tool တစ္ခုကေတာ့ Ping ပါပဲ။ ping ဆိုတာ network ချိတ်ဆက်မှုထဲမှာ ပြသနာရှိမရှိကို ရှာဖွေပေးတဲ့ utility tool လေးတစ်ခုပါ။ network တစ်ခုချိတ်ဆက်ပြီးတဲ့နောက် အဲဒီ network ထဲမွာရွိတဲ့ host တွေတစ်လုံးနဲ့ တစ်လုံး ကောင်းမွန်စွာချိတ်ဆက်မိရဲ့လားဆိုတာကို စစ်ဆေးဖို့အတွက်သုံးတာပေါ့။ ဒီတော့ ဘယ်လိုစစ်ဆေးမလဲ၊ လွယ်ပါတယ်။ network ချိတ်ဆက်ပြီဆိုမှတော့ IP ပေးကြရတယ်လေ၊ ဒီတော့ IP ပေးထားတဲ့ host တစ်လုံးကနေ နောက် IP ပေးထားတဲ့ host တစ်လုံးကို ping ကြည့် reply ပြန်ရင် network က ကောင်းကောင်းအလုပ်လုပ်တယ်ပေါ့ဗျာ။ ဒါကေတာ့ layer 3 test လုပ်ကြည့်တယ်လို့ပြောရမှာပေါ့။ network engineer တစ်ယောက်အနေနဲ့ အခြေခံအကျဆုံးနဲက အရေးအကြီးဆုံး testing တစ်ခုလို့ပြောလို့ရတယ်။ ဒီတော့ ping ဆိုတာကို ကျွန်တော်တို့တွေ မသိမဖြစ်သိနေရမှာပေါ့။ ပြီးတော့ ping သည် ICMP လို့ခေါ်တဲ့ Internetwork Control Message Protocol ကိုအသုံးပြုပြီး connection ပြသနာကိုရှာဖွေပေးတာဖြစ်ပါတယ်။ အောက်က topology ကိုကြည်ပါ၊ အဲဒီမွာ PC 0 နဲ့ PC 1 ကို switch တစ်လုံးကြားခံပြီးတော့ ချိတ်ဆက်ထားမယ်...

Software Developer တစ်ယောက်ဖြစ်ချင်ရင်

ဘယ်လိုအခြေခံကစရမလဲ          Software Developer ဆိုတဲ့လုပ်ငန်းမှာ လုပ်ငန်းအဆင့် နဲ့ လုပ်ငန်းခွဲအများအပြားရှိပါတယ်။ Computer Scientist  ၊ Software Engineer ၊ Programmer  စသဖြင့် Software  ရေးသားခြင်းလုပ်ငန်းကို အဓိကလုပ်ရတဲ့ လုပ် ငန်း တွေရှိသလို၊Web Design ၊ Engineer  ၊ Programmer  စသဖြင့်တဲ့ Software  ရေးသားခြင်းလုပ်ငန်းကို အဓိက လုပ်ရတဲ့ လုပ်ငန်းတွေရှိသလို၊ Web Design  ၊ Database ၊ Architect  ၊ System Administrator  ၊Software Project Manager  စတဲ့ Software  ရေးသားခြင်းလုပ်ငန်းနဲ့ ဆက် စပ်နေတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။        ဘယ်ကဏ္ဍကို သွားချင်သလဲဆိုတဲ့ပေါ်မူတည် ပြီး သွားသင့်တဲ့လမ်းကြောင်းကလည်း ကွဲပြားသွားနိုင်ပါ တယ်။ ယေဘုယျအားဖြင့် စသင့်တဲ့အခြေခံတော့ ကွန် ပျူတာတက္ကသိုလ်မှာ တက်ရောက်လေ့လာခြင်း၊ နည်း ပညာတက္ကသိုလ်မှာ IT ဘာသာရပ်နဲ့ တက်ရောက်လေ့ လာခြင်း၊ ဒါမှမဟုတ် ဘွဲ့ဒီဂရီတစ်ခုရတဲ့အထိ တက် ရောက်လို့ရတဲ့ ပြင်ပပုဂ္ဂလိက ကွန်ပျူတာသင်တန်းကျောင်း တစ်ခုမှာ တက်ရောက်ခြင်းအားဖြင့် စသင့်ပါတယ်။    ...

အလုပ်အ တွေ့အ​ကြုံ

  Level မတူလို့ Staff/ Admin/ Executive/Manager/ Director ကွဲထွက်နေတာ။ Staff Level တွေကို Executive/ Manager Level ကိုမှန်းပြီး Train ပေးရင် Train ခံရတဲ့သူတွေ မခံနိုင်ဘူး။ ဒါမျိုးတွေ ကိုယ်လည်း တစ်ချိန်က ရူးပြီး Train ပေးခဲ့ဖူးတယ်။ သူတို့ရှိတဲ့ Level မှာပဲ နေချင်ကြတာများတယ်။ တစ်ချို့တလေလောက်သာ Level မြင့်ကိုလာချင်တဲ့သူတွေရှိတာတွေ့ရတယ်။ ဒီလိုလူမျိုးတွေက သိသာတယ်။ အဲ့လိုလူမျိုးကိုပဲ ရွေးပြီး Train ပေးဖို့သင့်တော်တယ်။ အခုက လူတိုင်းကို အမြင့်တစ်နေရာရောက်ဖို့ Train ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့ကိုယ်တိုင်ကမှ မမြင့်ချင်တာ train ပေးတော့ သူတို့လည်း စိတ်ညစ်တယ်။ ဒါကြောင့်လည်း လုပ်ငန်းခွင်မှာ Level တွေကွဲနေတာပါ။ လွန်ခဲ့တဲ့နှစ်တွေကအထိ ကိုယ်တွေလည်းရူးခဲ့ဖူးတယ်။ လုပ်ငန်းခွင်မှာ လူတိုင်းကို level up လုပ်ပေးချင်တာ။ သို့သော် ဒါတွေက ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ အခုလက်ခံသွားတယ်။

Database လေ့လာနေသူများ အတွက်

  IT နဲ့ သိကျွမ်းဝင်သူ တော်တော်များများကတော့ ဒီစကားလုံးလေးကို သိကြမည်ဖြစ်ပါသည်။ မသိသေးသူများလည်းရှိနိုင်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တဖက်ကမ်းခတ်သိနေသူတော့မဟုတ်။သို့သော် မသိသေးသူများအတွက် အနည်းငယ်ဘဲသိရသိရ၊ သိသလောက်လေးကို ဗဟုသုတအနေနဲ့ပြန်ရေးပါသည်။ Database ဆိုတဲ့အတိုင်း Data စုဝေးထားရာနေရာတစ်ခုလို့ဆိုနိုင်သလို အဲလိုဘဲ သိကောင်းသိကြပေမည်။Database မှာက data store လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းမရှိပါဘူး။သူမှာက အခြေခံအားဖြင့် querying /creating/modifying နဲ့ deleting datas စတဲ့ လုပ်ငန်းစဉ်ကို လုပ်ဆောင်ပါတယ်။ Database နဲ့ ပတ်သက်ပြီး SQL (Structured Query Language) ဆိုတဲ့ language ကို မသိမဖြစ် မပြောမဖြစ်ပြောရမှာဘဲဖြစ်ပါတယ်။ SQL ဟာ SQL server,DB2,My SQL,Oracle စတဲ့ database တွေမှာ Structured Query Language(SQL)က support ပေးထားတာဘဲဖြစ်ပါတယ်။ဆိုချင်တာက SQL ကောင်းကောင်းနားလည်တတ်ကျွမ်းရင် ဘယ် database ကိုမဆို ကောင်းကောင်းနားလည်သဘောပေါက်ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်မှာဘဲဖြစ်ပါတယ်။ဒါကြောင့် SQL ကို ကောင်းကောင်းသိနားလည်ထားရပါမယ်။ ကဲ...ကျွန်တော်တို့ ဆက်ပြီး Database s...

👉Hacker ဖြစ်ချင်သူတွေလေ့လာသင့်တဲ့ Programming Language အကြောင်း👈

 👉Hacker ဖြစ်ချင်သူတွေလေ့လာသင့်တဲ့ Programming Language အကြောင်း👈  သည်အပိုင်းမှာတော့ နယ်ပယ်အကျယ်ကြီးပြောမနေတော့ပဲ Hacking ပိုင်းလိုက်မယ်ဆုံးဖြတ်ထားသူတိုင်းလေ့လာသင့်တဲ့ Programming Language & Scripting Language တွေအကြောင်း ကိုယ်သိသလောက်ထဲကပေါ့ ... လိုတာလည်းရှိမှာပဲ ...။ အရေးအကြီးဆုံးမေးခွန်းတစ်ခုရှိတယ် .... Hacking မှာ Language တွေက ဘာလို့အရေးကြီးသလဲ? ဆိုကြပါစို့ ... ကျနော်တို့ခဗျားတို့သုံးနေတဲ့ ကွန်ပျူတာကြီးပဲဖြစ်ဖြစ် ဖုန်းပဲဖြစ်ဖြစ် ၊ ယုတ်စွအဆုံး TV remote controll မှာပဲဖြစ်ဖြစ် ပုံမှန်အလုပ်တွေကိုလုပ်ဆောင်နိုင်ဖို့အတွက် Language တွေအမျိုးမျိုးသုံးပြီးကြိုရေးထားရတယ်...။ ကွန်ပျူတာတစ်လုံးကိုဖောက်၀င်ဖို့ကြိုးစားတယ် ၊ ဖုန်းတစ်လုံးကိုဖောက်၀င်ဖို့ကြိုးစားတယ် ... သူ့မှာ Security System အတွက် code တွေနဲ့ Program တွေကြိုရေးထားတယ် ...။ သည် Code တွေကို Break လုပ် ချိုးဖျက်၀င်ရောက်ပြီး Access ရအောင်ယူတာမျိုးကို Hacking လို့ခေါ်တာ...။ သည်လိုလုံခြုံရေးဆိုင်ရာ Program တွေကိုချိုးဖောက်ဖို့အတွက်ဆို ခင်ဗျားမှာလည်း ဒီပရိုဂရမ်တွေအလုပ်လုပ်ပုံကို သေချာနားလည်တဲ့ပညာရှိနေမှဖြစ်မှာပေါ့ ...။ " တကယ...